သဒ္ဓါ၊ သဒ္ဓါတရား၊ ယုံကြည်-ကြည်ညို-ခြင်း၊ ယုံကြည်ကြောင်း-ယုံကြည်တတ်သော-ယုံကြည်ခြင်းမျှ ဖြစ်သော-တရား၊ သဒ္ဓါစစ်၊ သဒ္ဓါစေတသိက်။
ဘာသာစကားဗေဒအရ အရပ်သုံး ဘာသာစကားတခုခု၏ သဒ္ဒါ (grammar) ဆိုသည်မှာ - လိုရာအဓိပ္ပါယ်ရောက်အောင် ထိုဘာသာစကား၏ ဝေါဟာရထု (စကားလုံးများ) ကို မည်သို့ မည်ပုံ မည်သည့်အစီအစဉ်ဖြင့် စီစဉ်၍ ပြောနည်း ရေးနည်း သတ်မှတ်ချက်များကို ခြုံငုံညွှန်းဆိုခြင်း ဖြစ်သည်။ “မည်သို့ရေးရမည်။ အရေးအသား၊ အထားအသို၊ ဝါကျတည်ဆောက်ပုံ၊ ဘယ်စကားလုံးကို ဘယ်နေရာမှာ သုံးစွဲရမည်” စသည်တို့ကို ကာလရှည်ကြာ သုံးစွဲညှိနှိုင်းကြရင်း သဒ္ဒါဟူသော စကားလုံးချင်း စီဆက်နည်း စည်းမျဉ်းစုတို့ ဖြစ်ပေါ်ခဲ့သည်။ ဘာသာစကားတခုစီတွင် အဓိကပါဝင်သည့် အပိုင်းကြီး၂ခုမှာ ဝေါဟာရထု (စကားလုံးများ ကိုယ်တိုင်)နှင့် ဤ သဒ္ဒါ(စကားလုံးစပ်နည်း စည်းမျဉ်းများ) ဖြစ်ပေသည်။
စကားလုံးများကို သဒ္ဒါဟူသော နည်းစနည်များဖြင့် ပေါင်းစပ်၍ ပုဒ်၊ ဝါကျပိုင်း စသည်တို့ ဖြစ်ပေါ်ကာ ဝါကျတို့ ထွက်ပေါ်လာကြခြင်းပင်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment