ငါးပိကြော်။
တန်ဆောင်မုန်းလရာသီမှာ တခြားနေရာဒေသတွေမှာတော့ မယ်ဇလီဖူးသုပ်သာ အလေ့ရှိကြတယ်။
မန္တလေးမှာက ဆီးဖြူသီးဆားရည်စိမ်နဲ့ ငါးပိကြော်လုပ်ပြီး စားကြတယ်။ ဝေငှကြတယ်။
ကျွန်တော်တောသားလည်း ၆ တန်းစာမေးပွဲဖြေပြီး နွေရာသီမှာ မန္တလေးကို ပဌမဆုံးရောက်ဖူးမှသာ သိတယ်။
ဆီးဖြူသီးဆားရည်စိမ်နဲ့ ငါးပိကြော်စားရသူတွေ၊ ပေးဝေကြသူတွေ နေကောင်းပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment