မမောင်းတတ် မောင်းတတ်နဲ့ ကားမောင်းနေတာ စိုးရိမ်စရာကောင်းသည်။
အမှန်းမသိ အလိုက်မသိတာ ဆိုးဝါးသည်။ ဆိုးသည်။
စာကို မှန်အောင်မရေးတတ်တာ စိုးရိမ်စရာ။
အလိုက်ကန်းဆိုး မသိသူတွေလည်း ရှိပါသည်။
စိုးရိမ်ရေမှတ် မကျော်သေးပါ။
စိုးပါနဲ့မေရယ် မိုးကြယ်မို့လား။ သည်တောင်ကို မောင်ဖြိုပါ့မယ် မြင့်မိုရ်မို့လား။
ဆိုးပါနဲ့မေရယ် မိုးကြယ်မို့လား။ သည်တောင်ကို မောင်ဖြိုပါ့မယ် မြင့်မိုရ်မို့လား (မြန်မာ့ရိုးရာနတ် ကိုကြီးကျော်) စိုး နဲ့ ဆိုး မှားနေတာ ဆိုးသည်။
စိုး
ကြီးစိုးသည်
စိုးစံသည်
စိုးစဉ်းမျှမသိ
စိုးစဉ်းမျှမသိ
စိုးပိုင်သည်
စိုးမိုးသည်
စိုးရွံ့
စိုးရိမ်ကြောင့်ကြနေကြရသည်
စိုးရိမ်စိတ်
စိုးအုပ်
ညီမလေးရယ် စိုးရိမ်မိတယ်
ရောဂါဆိုးမှာ စိုးရိမ်သည်
အစိုးရ
အုပ်စိုးသူ
ဆိုး
စိတ်ဆိုးနေသည်
ဆိုးခနဲဆတ်ခနဲ
ဆိုးဆိုးဆတ်ဆတ်
ဆိုးဆိုးသွမ်းသော
ဆိုးတူကောင်းဖက်
ဆိုးတူကောင်းဖက် လက်တွဲနေထိုင်ပါ
ဆိုးမျိုးခံ
ဆိုးမျိုးခံခဲရတာ နှစ်ငါးဆယ်ရှိပြီ
ဆိုးယုတ်သော အာဏာရှင်စနစ်ကလွတ်မြောက်ပါစေ
ဆိုးရည် (သင်္ကန်း)
ဆိုးရွား (ဆိုးဝါး)
ဆိုးရွားသော အခြေအနေက လွန်မြောက်ပါစေ
ဆိုးလွန်းတဲ့အစိုးရလက်အောက်မှာ လူတွေ အစိုးမရဖြစ်ကြရမည်
ဆိုးဝါးသောရာသီဥတု
ဆိုးသွမ်းလူငယ်တွေ မဖြစ်ပါစေနဲ့
ဆေးဆိုးသည်
တန်ဆိုးလက်ဆောင် (ယခင်သတ်ပုံ) တံစိုးလက်ဆောင် (နောက်ပေါ်သတ်ပုံ)
တချို့က သတ်ပုံစာရေးရင် သိရက်နဲ့ ဖျက်ရေးတာလို့ ထင်ကြေးပေးတယ်။ မဟုတ်ပါ။
- ၉၀% လောက်က အမှန်အတိုင်းကို မသိကြတာ။
- ၇၅% လောက်ကတော့ အမှားကိုသာ သင်ယူခဲ့ကြတာ။
- ၅၀% လောက်ကတော့ အမှန်အမှား စစ်မနေတော့ဘဲ အထက်လူကြီးခိုင်းသမျှ အမှန်ယူကြတာ။
စိုး နဲ့ ဆိုး မှားရေးတဲ့မေးခွန်းတွေ နေ့တိုင်းဖတ်နေရ https://burmese-spelling.blogspot.com/2022/08/blog-post_982.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment