Skip to main content

ကစားတာနဲ့ ဆော့တာ မတူပါ

၁။ gym ဆော့ရင်း ဖိနပ်မစီးပဲ အကြိမ်ရေများစွာခုန်မိပါတယ်

၂။ gym မဆော့ခင် သောက်ရတဲ့ဆေးလို့ ပြောပါတယ်ရှင့်။

၃။ ဆရာရှင့်သမီးဟာ အသက် ၃၁ အပျိုပါ။ အူအတတ်ခွဲထားတာ ၂ လပိုင်း ၁၂ ရက်နေ့ကပါ။ အနာချုပ်ရိုးကတော့ မကြာခဏယားနေတတ်ပါတယ်ရှင့်။ ဝမ်းချုပ်ရင်လည်း အောင့်သလိုလိုပဲ ဖြစ်တတ်ပါတယ်ရှင့်။ သမီး ဂျင်ဆော့မယ်ဆို ဖြစ်နိုင်ပါ့မလား ဆရာ။ ဆော့လိုရနိုင်ပါလား ဆရာရှင့်။

၄။ ဆရာ၊ ဂျာမနီရှေ့တန်းက ဆော့တာ သိပ်ကောင်းတယ်လို့ ဘော်လုံးဝေဖန်ရေးဆရာက tv မှာ ပြောပါတယ်။ ဆော့ စကားလုံးသုံးတာ မှားတယ်လို့ ထင်တယ်။ ဘော်လုံးကန်သည်။ ဘော်လုံးကစားသည် သုံးလို့ရတာဘဲ။ gym မှာ သွားဆော့မယ်လို့ ပြောပါတယ်ဆရာ။ ရှင်းပါဦးဆရာ။

၅။ မင်္ဂလာပါ ဆရာရှင့်။ သမီးက ကုမ္ပဏီဝန်ထမ်းပါ။ ရုံးက ညနေ ၅နာရီခွဲ ဆင်းတာဆိုပေမယ့် ၆နာရီလောက်မှ အလုပ်ဆင်းဖြစ်ပါတယ်။ ၇နာရီလောက်ဆိုရင် Gym ကို ရောက်ပါတယ်။ ၈နာရီခွဲလောက်ထိ ဆော့ပြီး အိမ်ကို ပြန်ရောက်ရင် ၉နာရီ ကျော်ပါပြီ။ အိပ်ချိန်နဲ့ကပ်နေလို့ သမီး ညစာမစားဖြစ်ပါဘူး။ ခုနောက်ပိုင်းမှာ သမီး ခေါင်းခဏခဏမူးလာတယ်ဆရာ၊ တခါတလေဆို အန်ပါတယ်။ ဆော့နေရင်းနဲ့လဲ အားကုန်နေသလိုမျိုး ခံစားရတယ်။

၆။ ဆရာရှင့် ကျွန်မအသက်က ၂၇ နှစ်ပါ။ အောက်မှာပြထားတဲ့ ဆေးဘူးက မိန်းကလေးတွေ gym မဆော့ခင် သောက်ရတဲ့ဆေးလို့ ပြောပါတယ်ရှင့်။ သူက Milk Shake သဘောမျိုးပါ။ protein နဲ့ gym ဆော့ပြီးတဲ့အခါ ဆာလောင်မှုကို ထိန်းညှိပေးတယ်လို့ဆိုပါတယ်။ ကျန်းမာရေးအတွက် အထောက်ကူ ဖြစ်မဖြစ်သိချင်ပါတယ်ရှင့်။

၇။ ဆရာ မေးချင်တာလေးရှိလို့ပါ။ သမီးက gym ဆော့ပါတယ်ဆရာ။ Gym က အလေးတုံးမတာ သွေးခဲစလေးတွေ ကျလာလို့ဆရာ။ အဲဒါဘာလို့လဲမသိဘူးဆရာ။ သမီးလည်းလန့်နေတယ်။ ဘာဖြစ်မှန်းလည်းမသိဘူး။

၈။ ဆရာခင်ဗျ လေ့ကျင့်ခန်း gym စဆော့တာ ၆ရက်လောက်ရှိပြီဆရာ

၉။ ဆရာ သမီးက gym ဆော့ပါတယ်ဆရာ။

ကစားတာနဲ့ ဆော့တာ မတူပါ။ 

ဆော့ = လှုပ်လှုပ်ရှားရှားကစားသည်။

ဆော့တာက အစီအစဉ်မရှိ သတ်မှတ်ချက်မရှိ အချိန်ရတိုင်း ကလေးတွေ ဆော့တာမှာသာ သုံးရတယ်။ ဂျင်မ်ထဲမှာ လေ့ကျင့်တာမျိုးလို နည်းရော အချိန်ပါ စနစ်တကျလုပ်ရတာကို ကစားတယ်လို့သုံးရပါတယ်။ မှားရေးနေသူတွေ များတယ်။

ကလေးငယ်တွေ ကစားချင်သလိုကစားတာကို ဆော့တယ်လို့ ပြောလေ့ရှိတယ်။ သိပ်ဆော့တဲ့ကလေးလို့ ငေါက်တယ်။ သိပ်ကစားတဲ့ကလေးလို့ မပြောပါ။ ဆော့တာက ကစားတာထက် အဆင့်နိမ့်တယ်။ ဆော့တယ်ဆိုတာ ကမြင်းတယ်လို့ ပြောသလိုဖြစ်နေတယ်။

ဆော့အသုံးကို တလွဲသုံးနေကြတာ အတော်များတာပဲ။ အရင်ထုတ်သတ်ပုံစာအုပ်ထဲမှာ ဆော့ = ဆော့ကစားသည်၊ လက်ဆော့ (လက်မငြိမ်၊ ခိုးတတ်သည်)၊ နှုတ်ဆော့သည် (စကားပြောမတည်) လို့ရေးထားတယ်။

နောက်ထုတ်မြန်မာအဘိဓာန်မှာလည်း ဆော့ = လှုပ်လှုပ်ရှားရှားကစားသည်လို့ ရေးထားတာတွေ့တော့ အံ့သြမိတယ်။ မမှန်ဘူးထင်တယ်။ 

- ကျည်းသား ရိုက်၊ 

- ကျား ချ၊ 

- ကြွေအန် ပစ်၊ 

- ကားကြီး ခုန်၊

- ချက် ထိုး၊ 

- ဂွေ လိမ့်၊ 

- စစ်တုရင် ကစား၊ 

- ထုပ်ဆီး တိုး၊ 

- ပြေး-ခုန်-ပစ်၊ 

- ဖဲ ရိူက်၊ 

မြန်မာ့ရိုးရာ ကစားနည်းများ

ဇယ် တောက်၊ ဖန် ခုန်၊ 

မြန်မာ့ရိုးရာ ကစားနည်းများ

မြန်မာ့ရိုးရာကစားနည်းများတွင် အခြေခံကစားနည်း ၂ မျိုးကိုတွေ့ရသည်။

၁။ လျင်မြန်မှု၊ ကြံခိုင်မှုတို့ဖြင့် အပျော်တမ်းကစားနည်းဖြစ်သည်။ (ဝီကီပီးဒီးယားမှာ လျှင် လို့ရေးထားတာ မမှန်ပါ။)

၂။ အသိ ဉာဏ်ပညာ တိုးတက်စေသော အပျော်တမ်း ဉာဏ်စမ်း ကစားနည်း ဖြစ်သည်။ မြန်မာရိုးရာ ကစားနည်းများသည် တဦးကောင်း၊ တယောက်ကောင်း ကစားနည်းများ၊ အုပ်စု လိုက် အဖွဲ့လိုက်ကစားရသည့် ကစားနည်းများပါရှိသည်။

1. ကြက်ဖခွတ်တမ်း ကစားနည်း

2. ခြင်းလုံး ကစားခြင်း ကစားနည်း

3. စိန်ပြေးတမ်း ကစားနည်း

4. ညောင်ပင်တစ္ဆေကစားနည်း

5. ညောင်ရေအိုးစင် ကစားနည်း

6. ထုပ်စည်းတိုးကစားနည်း

7. ပုဇွန်ဆိတ်ကစားနည်း

8. ဖန်ခုန်တမ်း ကစားနည်း

9. ဘီးရောင်းတမ်းကစားနည်း

10. မစာဥ ကစားနည်း

11. မြို့တခါးကြီး ကစားနည်း

12. မဧခြင်ထောင် ကစားနည်း

13. ရွှေစွန်ညို ကစားနည်း

14. လွန်ဆွဲပွဲကစားနည်း

15. လိပ်ဥဝှက်တမ်းကစားနည်း

အသုံးမမှန် လူကြိုက်များသော ဝေါဟာရသစ်များ

- မြန်မာ့ရိုးရာ ဆော့နည်းများ

- အဆော့ရေးရာ ဝန်ကြီးဌာန 

- အိုလံပစ် ဆော့ပွဲကြီး။

အကျိုးဆော့၊ အကန်းမော့။ မြန်မာစာကိုတော့ လက်မဆော့စေချင်ပါ။ ၂၀၂၀ တိုကျို အိုလံပစ်ဆော့ပွဲကြီး ကိုဗစ်ကြောင့် ဖျက်လိုက်ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...