မောင်မယ်ပိုင် အမွေအနှစ်
ကွမ်းအစ်နဲ့ နှီးကြောဖျာ။
ဧည့်သည်လာ ဖျာအသစ်နဲ့
ကွမ်းအစ်လဲ တည်လိုက်ပါ။
ပရွက်ကြောင်း အကွက်လှနဲ့
မက်စရာ နှီးကြောဖျာ
လက်ရာကသိပ်သည်း။
မွေးမိခင် ကိုယ်တိုင်ရက်တဲ့
လက်ဖွဲ့ပစ္စည်း။
စလယ်ဝင် နှီးကွမ်းအစ်
ဆေးမသစ် ပန်းမခြယ်။
နှီးကြောဖြူ လွှာလွှာမျှင်နဲ့
ဖခင်အို ကိုယ်တိုင်ရက်လို့
လက်ဖွဲ့ခဲ့တယ်။
ဂုဏ်မမြင့် မဝင့်မထယ်
တွယ်တာတော့ မြတ်နိုး။
သည်အမေ သည်အဖေရဲ့
သည်အမွေ လက်ရာကောင်းပေမို့
ဟောင်းနွမ်းချိန် နောင်တခေတ်မှာ
ပစ်ရမည်စိုး။ (ဖြူး စိန်အောင်)
မြဝတီမဂ္ဂဇင်း ၁၉၇၄ ဇေဖော်ဝါရီလ
(Listener's Heaven Audiobooks - အသံစာအုပ်)
ဖြူး မှာ ဖျာတချပ်ရှိပါသေးသလား။ နေပြည်တော်မှာတော့ နောင်တခေတ် မရှိတော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment