မုန်းညင်း မုန်ညင်းပြား ဂျင်းနဲ့ ပဲပုတ်(ပဲပုပ်)ကြော်ရယ် ခြံထွက်ကိုင်းခရမ်းချဉ်သီးထောင်းရယ် ရှမ်းဆန်စီးစီး(စေးစေး) မွှေးမွှေးနဲ့
မုန်ညင်း၊ ပဲပုပ်၊ ဆန်စေး၊
စာနဲ့တော့ စေး လို့ရေးပါတယ်။
အသံထွက်တော့ စေး။
စေး = ချွဲပျစ်သော။ ကပ်သော။ အကြင်အရသာသည် ခံတွင်းကိုစေးတတ်ငြိတတ်၏။
စေးထန်း
စေးနှဲ
စေးကပ်
စေးပိုင်
ကတ္တရာစေး
ရှားစေး
သစ်စေး
ရာဘာစေး
ပြောင်းချိုစေး
ဆန်စေး ရှမ်းခေါက်ဆွဲ
သတ္တုဓာတ်ဆားအများအပြား ပျော်ဝင်နေသဖြင့် ဆပ်ပြာအမြှုပ် အလွယ်တကူမထွက်နိုင်သောရေ။ ဆပ်ပြာအမြှုပ်များ မထွက်ဘဲနေသောရေကို ရေစေးဟုခေါ်သည်။
သူဌေးကြီး ဦးကပ်စေး
ယောဖရုံသီး စေး၏
ကောက်ညှင်းက မစေး၊ ဆန်ကြမ်းက စေး (မြန်မာစကားပုံ)
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment