မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
ပံ့သကူ = အရှင်မရှိ စွန့်ပစ်ထားသော ပစ္စည်း။
ပံ့သကူပစ် = သင်္ကန်း၊ အဝတ် စသည်တို့ကို ထိုက်သူယူစေဟူသော ရည်ရွယ်ချက်ဖြင့် စွန့်ပစ်ထားသည်။
ပံ့သကူသား = မိမိ ပယောဂကြောင့် သတ်ဖြတ်ခြင်း မဟုတ်သော သားငါး စသည်။
ပံသုကူ = ပံ့သကူ။
မှတ်ချက်
ပံ့သကူ စွန့်သည်။ စွန့်ပစ်သည်။ စွန့်ပစ်ထားသည်။ စွန့်ပစ်ခြင်းကုသိုလ်ပြုသည်။
တန်ဆောင်မုန်းလပြည့်ညမှာ သင်္ကန်း၊ အဝတ်၊ အသုံးအဆောင် (ဥပမာ စောင်)၊ စားစရာ တခုခုကို အလွယ်တကူမမြင်သာအောင် စွန့်ထားလေ့ရှိပေမဲ့ ပံ့သကူဝှက်သည်လို့တော့ သုံးလေ့ မရှိပါ။ သုံးလည်း မှားတယ်လို့လည်း ပြောမရပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment