- ငါးပတ်အူစုံ ချက် - ငပတ်အူစုံ ချက်လို့ ရေးရ။
- ငါးဘတ်မွှေ ချက်နည်း ငဘတ်မွှေ ချက်နည်းလို့ ရေးရ။ ငါးဘတ်ဆိုတာ ထိုင်းနိုင်ငံသုံးပိုက်ဆံ။ မြန်မာ့စွယ်စုံကျမ်း = ငပတ် (ရေချိုငမန်း)
- ကတ်ခုရံ ငပုတ် စစ်စစ် ၃ ကောင်ရပါ့မယ် - ကကူရံ၊ ငပုပ်လို့ ရေးရ။
- ငပုတ်ခြောက်ကြိုက်သူများ မြန်မြန်လေးသာ ဖုန်းခေါ်လိုက်တော့နော် - ငပုပ်ခြောက်လို့ ရေးရ။
- ကပ်ခူရံခြောက် ရောက်ပါတယ် - ကကူရံခြောက်လို့ ရေးရ။
- ကပ်ကူယံ ငပုပ်ခြောက်အကောင်လိုက် - ကကူရံလို့ ရေးရ။ ငပုပ်ခြောက်လို့ ရေးရ။
- ဒီနေ့တော့ ကတ္တတစ်လေးကောင် ဈေးကဝယ်လာတယ်။ ကကတစ်လို့ ရေးရ။
- ကတ်သပေါင်း - ကသပေါင်းလို့ ရေးရ။
- မြစ်ငါးဒန်ဆူဆူလေးကို သရက်သီးသနပ်ချဥ်ချဥ်လေးနဲ့ချက်ထားတဲ့ ဟင်းကတော့ - ငတန်လို့ ရေးရ။
- ဇလားဘီးယား ငါးခြောက်လေးတွေ ရပါမယ်ရှင့် - တီလားပီးယားငါးလို့ ရေးရ။
- အင်းလေးဆလားဗီးငါးခြောက် ခေါ် ကျောက်ငါး - တီလားပီးယားငါးလို့ ရေးရ။
ငပုပ်ပြား https://burmese-spelling.blogspot.com/2022/12/blog-post_537.html
ငဖန့်ဝိုင်း ငါးပိကောင် (ငပိကောင်) https://dr-tint-swe.blogspot.com/2022/08/blog-post_336.html
ငါး ကို င နဲ့သာရေးရတာ များတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_443.html
ငတန် နဲ့ ငါးတန် ဘာကွာသနည်း https://dr-tint-swe.blogspot.com/2022/06/blog-post_357.html
င ငပုဏ္ဏား ဟင်းချက်စား https://dr-tint-swe.blogspot.com/2021/10/blog-post_473.html
အို ငကြင်းတွေဆန် ငတန်တွေ သောင်ရေစီးမှာလ https://dr-tint-swe.blogspot.com/2022/07/blog-post_536.html
Tilapia တီလားပီးယားငါး https://burmese-spelling.blogspot.com/2022/12/tilapia_23.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment