ကူးယူတင်ပြတာ ဖြစ်ပါသည်။ ကျေးဇူး။
သစ်ပုတ် (သို့မဟုတ်) သစ်ပုပ်
ဆရာကြီးဦဘသန်း ကတော့ ရှင်းထားတယ်။ "ပုတ်" ဆိုတာ ပုတ်ပြတ်၊ ပုတ်ခပ် ၊ ပုတ်သင်ညို မှာသုံးတယ်၊ "ပုပ်" ဆိုတာက မကောင်းတဲ့ အနံအသက် ကိုဆိုလိုတာ၊ သစ်ပင်ကြီး ကို "ဘိုင်"လို့လည်းခေါ်တယ်။ ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကြီးရဲ့ Name plate အဟောင်းမှာ ရှိတဲ့ အမည်က သစ်ပုတ် ပါ၊ သစ်ပုပ်ရဲ့ သစ်သားက အနံ့ရှိနေတယ်၊ (Wood has an aroma which is rich in essential oils and yields an attractive wood of excellent qualities) ဒီအချက်ကြောင့် မြန်မာစာ အဖွဲ့က နေ ပြင်လိုက်လို့ သစ်ပုပ် ဖြစ်သွားတယ်။ အပင်ကြီးရဲ့ ရုက္ခအမည် Tetrameles nudiflora R.Br. ဖြစ်ပြီး မျိုးရင်းအမည် Datiscaceae (ယခင်) ဖြစ်တယ်၊က အခုတော့ Family အမည်က Tetramelaceae (ယခု) အဖြစ်ပြောင်းလဲသွားပြီဖြစ်ပါတယ်၊ အချိန်ကာလ တခုကိုရောက်ရင် အမည်ဟောင်းတွေ က ပြောင်းလဲသွားရတာပါဘဲ။ ဆရာကြီး U Hote lin post ပါ (Kothet Naing Oo)
ကျွန်တော်လည်း ၂ ခါလောက် တင်ပြဘူးတယ်။ ကွန်တော်က ရုက္ခဗေဒပညာရှင်လည်းမဟုတ်၊ မြန်မာစာပညာရှင်လည်းမဟုတ်တော့ ဟိုလိုက်ရှာ ဒီလိုက်ရှာနဲ့ သုနေသနပြုရတယ်။ ကျွန်တော့ကောက်ချက်က အခုစာထဲကနဲ့ သဘောတူနေတာတွေ့ရတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) ထဲမှာ သစ်ပုပ်လို့ရေးရ။ သစ်ပုတ်လို့ အသံထွက်ရ။ အမြှောင်းအမြှောင်းထသော မြစ်ပါးပျဉ်း၊ ဖြူပြာရောင် အပွေးအခေါက်၊ အပုပ်နံ့ရှိသည့် ညိုညစ်သော အသားရှိသည့် ပင်စောက်တမျိုး။ ညစ်ညိုပင်၊ စောပြောပင်ဟူ၍လည်း ခေါ်သေးသည်။
သစ်ပုပ်ပင်ကသာ ပိုမှန်မယ်လို့ယူဆပါတယ်။
ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကြီးနဲ့ ဆရာမင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တို တို့ဟာ မြန်မာစာ၊ မြန်မာစာပေမှာ အထင်ရှားဆုံး သာဓကနှစ်ခုလို့ ထင်ပါတယ်။
ပျဉ်းမငုတ်တိုကဗျာကို မူရင်းအတိုင်း သတ်ပုံမှန်အောင်ရေးတာ အတော်ကို ရှားနေပြီ။
ပညာကိုတန်ဖိုးထားမှု နည်းလာရာကနေ ပျဉ်းမငုတ်တိုလည်း ညောင့်စူးခဲရ၊ သစ်ပုပ်ပင်ကြီးလည်း ဓါတ်ပုံသာ အရိုက်ခံရပေမဲ့ အမည်ရင်းကို မသိနိုင်ကြ ဖြစ်လာပါတော့တယ်။
အမိတက္ကသိုလ်၏
စိမ်းစိုမြေတွင်၊ အလှဆင်၍
အသွင်ခံ့ညား။ ဂုဏ်ကြီးမားသည့်
ထူးခြားခိုင်ဖြီး၊ အိုသစ်ပုပ်ပင်ကြီး။ (မင်းယုဝေ၊ ငွေတာရီမဂ္ဂဇင်း၊ ၂၀၀၈ စက်တင်ဘာလ)
သစ်ပုပ်ပင်နှင့် တက္ကသိုလ် https://burmese-spelling.blogspot.com/2022/12/blog-post_42.html
အို … သစ်ပုပ်ပင်ကြီး https://burmese-spelling.blogspot.com/2023/10/blog-post_859.html
တစ်ကသိုလ်၏ သင်္ကေတသစ်ပင် https://burmese-spelling.blogspot.com/2023/07/blog-post_235.html
ခေါပုပ် ခေါစီ သစ်ပုပ်ပင် https://burmese-spelling.blogspot.com/2024/11/blog-post_604.html
ပျဉ်းမငုတ်တို ညှောင့်စူးခြင်း https://burmese-spelling.blogspot.com/2022/12/blog-post_906.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment