Skip to main content

ကြက်တူရွေးအာခေါင်နီ


၁။ ပျက်အစဉ်ပြင်ခန(ခဏ)မို့ အမှန်ကိုသိရင်ကျနော်ကိုယ်တိုင်လည်းသတိထားပြီးပြင်ပါတယ်။ တော်တော်များများကိုလည်း ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အများစုကမရဘူး သူတို့အတွက် ကမ္ဘာကြီးကပြားနေဆဲပါ။ သိချင်တာတခုလည်းရှိပါတယ်ဗျ။ ကြက်တူရွေး ဆိုတာအမှန်လား၊ သစ်ရွက်နဲ့တူတဲ့ကျေးငှက်ကို ရွက်တူကျေး ခေါ်ရာကနေ ကာလကြာလို့ အသံပြောင်းပြန် ကြက်တူရွေး ဖြစ်သွားတာပါလား ဆိုတာသိချင်လို့ပါဗျ။ကျေးဇူးပါ။

(၁)

ကြက်တူရွေးအာခေါင်နီ

ကွမ်းကလပ်ကိုချီ

မချီပါနှင့်ကိုကြက်တော

ဘကြီးလာမှပြော (ကလေးကဗျာ ကြည့်စာ ဦးဘ စာအုပ်မှ)

(၂)

ကြက်တူရွေး အာခေါင်နီ 

ဆွတ်မယ် ဟန်ချီ။

အာခေါင်နီ မသိရအောင် 

ကြိုးချည်ပါ့လေး။ ။ (နုယဥ်၏ ထပ်တရာကလေးကဗျာများစာအုပ်မှ)

(၃)

မြန်မာမျိုးရင်းကြက်တူရွေး (၇)မျိုး

ကြက်တော(ခ)ကျေးဖောင်းကား(ခ)ကြက်ပေါင်ခ alexandrine parakeet

ကျေးကျုတ်(ခ) Rose-ringed Parakeet (ခ) Indian Ringneck Parakeet

ကျေးတမာ(ခ)Plum/Blossom-Headed Parakeet

ကျေးကုလား(ခ)Grey Headed Parakeet

ကျေးကုလားမ(ခ) Red-Breasted Parakeet

ကျေးသန္တာ (vernal Hanging Parrot)

မလေးကြက်တူရွေး (Blue-Crowned Hanging Parrot)

(၄)

ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။

ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်း၊ စပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ဥ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။

'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။

ကျေး နဲ့ ကြေး https://burmese-spelling.blogspot.com/2023/06/blog-post_209.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ