Skip to main content

ဖူးပွင့်ဝေစီ ၁၂လရာသီ (၂)

ကွန်မင့်တခု = အဖူးအညွန့်တွေ ထွက်လာတယ်ဆိုတာ အသက်ကြီးခြင်းရင့်လာခြင်း ပြယုဂ်ပါ။

သစ်ပင်ပန်းပင်တွေဟာ သက်ရှိတို့သဘာဝအတိုင်း နုရာက ရင့်၊ ရင့်ရာကနေ အိုမင်းလာကြတယ်။ 

လူတွေ အကောင်တွေနဲ့ မတူတာက သစ်ပင်ပန်းပင်တွေဟာ ရာသီအလိုက် ပြောင်းလဲကြတယ်။

နွေဦးရာသီမှာ အဖူးအကိုက်တွေ ထွက်ပြူလာကြတယ်။

ရိုးတံမှာ ရွှေရည်လူးတယ်

ဖူးကိုက်ညွန့်စီ။   ။

နွေဂိမ္မာန် ခါသာစွပေမို့

လွမ်းစရာ့ လရာသီ

ရွှေပြည်နှင့် မနီး။   ။

အညွန့်အဖူးကို တင်စားတဲ့ အသုံးလည်းရှိတယ်။ ထွန်းကားတိုးတက်လာမည့်သူ။

လူမျိုး၏ အညွန့်အဖူးဖြစ်ကုန်သော နောင်လာနောက်သားကလေးများကို။ မောင်မယ်။ ၁၂၇။

အဲဒါကြောင့် အဖူးအညွန့်တွေ ထွက်လာတာကို ကြီးရင့်အိုမင်းလာတယ်လို့ ပြောဖို့ နည်းနည်းခက်တယ်။

တချို့အပင်တွေဟာ သိပ်အိုမင်းလာရင် မဖူးနိုင်၊ မပွင့်နိုင်ဖြစ်လာတတ်တယ်။ တတ်စွမ်းသလောက်တော့ ကြိုးစားပြီး ဖူးကြ ပွင့်ကြပါသေးတယ်။ 

ဒါပေမဲ့ အိုပြီ။ ပျဉ်းမငုတ်တို၊ သစ်ပုပ်ပင်ကြီးလို ဖြစ်လာပြီ။

ဖူးပွင့်ဝေစီ ၁၂လရာသီ (ရေး ဆို ကိုသန်းလှိုင်)

နှစ်သစ်ကိုပြောင်း နှစ်ဟောင်းကြွေလေပြီ။ 

https://www.facebook.com/watch?v=298349867982786

Mustard Flowers » Much More Than a Pretty Bloom

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ