အဲတာက ၁၈၈၅ ခုနှစ်က သမိုင်း အဖြစ်အပျက်အပေါ်မှာ ပြောတာ။ မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂၀) ပါးရှိတယ်။ ဘုရင်ရုပ်တွေထုထားတာက အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားလို့ ထင်တယ်။ မရောက်ဖူးတော့ မသိပါ။ နေပြည်တော် မရောက်ပေမယ့် သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ တောင်ငူနဲ့ မန္တလေးတွေကိုတော့ သမိုင်းထဲမှာ နှံ့စပ်အောင် သွားသွားကြည့်ပါတယ်။
တချို့က ပျူခေတ်က ရှေးဟောင်းအမွေတွေထက် ပျူဘုရင်မကိုသာ လွမ်းနေကြတယ်။ စလေငခွေး၊ နရသီဟပတေ့ တို့တတွေလည်း ကိုယ့်တိုင်းပြည်က ဘုရင်တွေလို့ သိထားရမယ်။ တောင်ငူအင်ပါယာမှာ သေသောက်ကြူးတဲ့ တပင်ရွှေထီးနဲ့ ဒီဘရစ်တိုနဲ့ မဟာမိတ်ပြုတဲ့ နတ်ရှင်နောင် အဖြစ်မှန်တွေလည်း သိရမယ်။
ကျွန်တော်ကတော့ ကျောင်းသားဘဝကတည်းက သာလွန်မင်းကိုသဘောကျခဲ့တာ။ ရာဇာဘိသေက မခံသေးခင် ပြည်ထဲရေးကို အရင်ရှင်းတယ်။ စီးပွါးရေးပြန်လည်ထူထောင်အောင်လုပ်တယ်။ သန်ကောင်စာရင်း၊ အခွန်အတုတ်စစ်တမ်း ကောက်ယူတယ်။ အသုံးအစွဲချွေတာရေးလုပ်တယ်။
အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ကြတဲ့ ပေလေးပင်ရှင်လေးပါးကို အလွန်တန်ဖိုးထားတယ်။ ရုပ်တုတွေတော့ မထုစေချင်ပါ။ သတ်ပုံပြင်ထုတ်နေတဲ့စာတုတွေနဲ့ကို ဒုက္ခများနေရတယ်။
မြန်မာပြည်ပရိသတ်ထဲမှာ ပါတော်မူ နှစ်မျိုးနှစ်စားရှိတယ်။
- အစစ်ကို တန်ဖိုးထားသူတွေနဲ့
- ရွှေရည်စိမ်ကို ကိုးကွယ်ချင်သူ။ သူတို့က အဆမတန် များတယ်။
ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၇
Comments
Post a Comment