ကျွန်တော်တို့ အလယ်တန်းရောက်တော့ စာစီစာကုံး သင်ရတယ်။ ဥပမာ 'လသာသော ညတည' စသည်။
မကြာခင်မှာ အင်္ဂလိပ်လို 'အက်ဆေး' ရေးရတယ်။ ဥပမာ 'A moonlit night' စသည်။
အဲဒီခေတ်က စာစီစာကုံးစာအုပ်တွေ သိပ်မထွက်ပါ။ နောက်တော့ ဂုဏ်ထူးသိန်းနိုင်က မြန်မာလိုရေးတဲ့ စာစီစာကုံးတွေကို ဦးထွန်းသန်းက အင်္ဂလိပ်လိုဘာသာပြန် စာအုပ်တွဲထုတ်တယ်။
စာစီစာကုံးတွေက သတ်ပုံမှန်ပြီး၊ 'အက်ဆေး' တွေက 'စပယ်လင်' မှန်တယ်။
ကျွန်တော်က ဆေးကျောင်းရောက်နေပြီ။
ဦးထွန်းသန်းက ကျွန်တော့အကို တော်တယ်။
ဂုဏ်ထူးသိန်းနိုင်က ကျွန်တော် ဆယ်တန်းအောင်တဲ့ မုံရွာ၊ စတိတ်တူးကနေ ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးရတယ်။
အခုလေးတင် တယောက်က တင်ထားတာကို တွေ့လိုက်တယ်။
မိုးသည်းသောနေ့'တစ်'နေ့ တဲ့။
ခေတ်ကတော့ -
လမသာတဲ့ည၊
မိုးမသည်းတဲ့နေ့။
မြန်မာစာ လသာနိုင်ပါစေသတည်း။
50,000+ Free Moonlit Night & Night Images - Pixabay
ဒေါက်တာတင့်ဆွေ

Comments
Post a Comment