Skip to main content

ရှေးက စာပုံပြင် - နေမျိုးမင်းထင်ကျော်ခေါင်

(၁၉) တဆဲ့ကိုးခုမြောက် ကျေးရုပ်ဘုန်းကြီးပုံပြင်ကား ဤသို့တည်း။

ရှေးသောအခါ ရွာတရွာနှိုက် ဆရာကြီးအား ကျောင်းဆောံလှူ၏။ ဘုန်းကြီးလည်း အရုပ်ထု ဝါသနာ ပါသည်နှင့် ကျောင်းလှေကားဦးတိုင်မှာ ကျေးရုပ် ထု၍ထား၏။ စူးဆောံ ကိရိယာနှင့် ကောင်းမွန်စွာ ထုလုပ်သည် မဟုတ်။ ဓားမ ဓားမောံနှင့် ဘုန်းကြီးထုလုပ်သော ကျေးရုပ် ဖြစိ၍ မကောင်းစွာသတည်း။

ဘုန်းကြီးလည်း မိမိထုလုပ်သော ကျေးရုပ်ကို ကောင်းလှနိုး ထင်မှတ်၍ ကျောင်းလက်ရန်းက စင်္ကြံသွားလျက် တစိန်းစိန်းကြည့်ရှုနေစဉ် ပုခန်းသားတို့လည်း ထိုကျောင်းစရပ်သို့ ရောံ၍ အချို့ စရပ်တွင် ချက်ပြုတ်နားနေပြီးလျှင် လူတဦးသည် ဆွမ်းကျန်ဟင်းကျန် တောင်းရမ်းမည်ဟု ကျောင်းသို့သွား၍ လှေကားတိုင်မှာ ကျေးရုပ်ကို မြင်လျှင် 

"ကျောင်းမူက ကောင်းပေစွ၊ ကျေးရုပ်က ဖျက်လေသည်" ဟု ဆိုပြီးလျှင် ကျောင်းထက်သို့ တက်၍ ဘုန်းကြီးထံ တောင်းရမ်း၏။

ဘုန်းကြီးလည်း တကာဆိုသည်ကို ကြား၍

"ဟယ် မိုက်စွာသော တကာ၊ ကျေးရုပ်ကောင်းသည် ကျောင်းကောင်းသည် ဟူ၍ မသိဘဲလျက် အပြစ်တင်လွယ်သည်" ဆိုပြီးလျှင် ငေါက်ငမ်းလိုက်၏။

ထိုတကာလည်း မျက်နှာမလှ ပြန်သွားရ၍ အပေါင်းအဘော်တို့အား အကြောင်းကို ပြောလျှင် တဦးသော ပုခန်းသားက "ဘုန်းကြီးထုသောကျေးရုပ် ဖြစ်ဟန်ရှိသည်။ ငါသွားဦးမည်" ဆို၍ ကျောင်းသို့ လာ၏။

ဘုန်းကြီးလည်း လက်ရန်းထက်က ရှိလင့်၏။ ပုခန်းသားလည်း လှေကားနားသို့ ရောံလျှင် တက်မည် ပြုပြီးမှ "အလို.." ဆို၍ လန့်ကျွန် ပြုဘိ၏။

ဘုန်းကြီးလည်း "တကာ အဘယ်ကို လန့်သနည်း" ဟု မေး၏။

ပုခန်းသားလည်း "နှုတ်သီးဖြင့် ဆိတ်မည်လော" ဟု လျှောံ၏။

ဘုန်းကြီးလည်း "စေ့စေ့ကြည့်ပါဦး။ အသက်မရှိ။ ငါထုသော ကျေးရုပ်တည်း" ဟု ဆို၏။

ပုခန်းသားလည်း ကျေးရုပ်ကို လှည့်ပတ်ကြည့်ရှုပြီးမှ "ကျေးရုပ်ကား ကောင်းလှ၏။ ကျောင်းနှင့် မတန်လေ" ဟု ဆိုပြီးလျှင် ကျောင်းသို့တက်၍ ဆွမ်းဟင်းကျန်များကို တောင်း၏။

ဘုန်းကြီးလည်း ဆွမ်းစမဲ မုန့်ပဲများစွာ ပေးကမ်း၏။

ပုခန်းသားလည်း ကျောင်းခန်းထဲမှာ ပိန္နဲသီးကို မြင်ပြန်၍ လိုချင်သောကြောင့် "ဤဆပ်သွားသီးကား ကြီးပေစွ" ဟု ခြီးမွမ်း၏။

ဘုန်းကြီးလည်း "တကာတို့အရပ်မှာ မရှိပါသလော ပိန္နဲသီး" ဟူ၍ ပြော၏။ "တပည့်တော်တို့ ဤသစ်သီးကို မသိပါ။ ချိုသလော ချဉ်သလော" ဟူ၍ လျောံ၏။

ဘုန်းကြီးလည်း အကယ်ပင် မသိဟု အမှတ်ရှိသည်နှင့် "မြဲလေတော" ဟူ၍ ပိန္နဲသီးကို ခွဲခြမ်း၍ တခြမ်းကို ပေးလိုက်၏။

ပုခန်းသားလည်း အပေါင်းအဖော်များနှင့် စားသောံကြပြီးသော် ပိန္နဲသီးတခြမ်းကို ရအောင် ယူဦးမည် ကြံ၍ ကျောင်းသို့ သွားပြန်၏။

"ကျေးရုပ် ကောင်းလှပေသည်။ ယခု တက်လာသည်တိုင်အောင် သူ့အနားကို ရောံလျှင် ထိတ်လန့်သည်" ဟူ၍ လျှောံပြီးမှ 

"အရှင်ဘုရား၏ ပိန္နဲသီးကို မမြဲလိုက်ရပြီ။ အဘော်များက ဟင်းသီးမှတ်သောကြောင့် ချဉ်ပေါင်ရွက်နှင့် ရော၍ ချက်လေသည်" ဟု လျှောံထားလျှင် ကျန်ရစ်သော ပိန္နဲသီးတခြမ်းကိုလည်း ပေးလိုက်သော ဟူ၍၊ ရှေးလူကြီးတို့သည် မဟုတ်ရာတန်သည်ကို ယုတ္တာယုတ္တိ ဆင်၍ ရယ်ရွှင်မှု ပြုလုပ် ပြောဆိုကြကုန်၏။

ဤပုံပြင်ကား အမြောံကြိုက်လွန်သောသူကို ကျေးရုပ်ထုသော ဘုန်းကြီးကဲ့သို့ ရှိသည်ဟု ရှေးပညာရှိတို့ ဥပမာပြု၍ ဆိုကုန်တတည်း။   ။

(၂၂) နှစ်ဆဲ့နှစ်ခုမြောံ နှစ်ထပ်ရှက်ဘုန်းကြီး၏ ပုံပြင်ကား ဤသို့တည်း။

ရှေးအခါက၊ ကျောင်းတကာ အဝေးမြို့ရွာသို့ သွား၍ ကျောင်းတကာ ဝတ်စားဆင်ယင်သည်များကို ကျောင်းမှာ အပ်၍ထား၏။

ဘုန်းကြီးလည်း စိတ်ပျံ့လွင့်သဖြင့် လူထွက်၍ အဝတ်တန်ဆာ ဆင်ယင်သော် သင့်လျော်မည်လောဟု၊ အခန်းတွင်းမှာ ကျောင်းတကာ၏ ပုဆိုးခေါင်းပေါင်းကို ဝတ်ဆင်လျက် မှန်ကြည့်၍ နေကြိုက်တွင် ကျောင်းအမ ဆွမ်းပို့ရောံလာသည်ဟု သူငယ်တို့ လျောံထား၏။

ဘုန်းကြီးလည်း အလျင်လိုသည်နှင့် ခေါင်းပေါင်းကို မချွတ်မိ။ ပုဆိုးကိုသာ လဲ၍ အခန်းတွင်းက ထွက်လာပြီးလျှင် ကျောင်းအမနှင့် စကားစမြည် ပြောဆိုလျက် နေ၏။

ကျောင်းအမလည်း ဘုန်းကြီးဥက္ခောင်း ကိုက်ခဲ၍ စည်းနှောင်လိုသလောဟု အရှည်မနေဘဲ ရှိခိုးဦးချ၍ ပြန်သွားလေ၏။

ဘုန်းကြီးလည် အခန်းတွင်းသို့ဝင်၍ မှန်ကြည့်ပြန်သည်တွင် ခေါင်းပေါင်းမချွတ်မိသည်ကို မြင်လျှင် ရှက်လှနိုးသောကြောင့် ကျောင်းအမကို လိုက်၍ခေါ်စေပြီးမှ "ကျောင်းအမ ငါရှက်လှသည်။ လူ့ပြည်မှာ မနေပြီ။ သေပါတော့မည်" ဟု ကျောင်းလက်ရမ်းထက်က ကျွမ်းထိုး၍ချမည် ပြု၏။

ကျောင်းအမလည်း "အရှင်ဘုရား၊ ဤသို့ မပြုပါနှင့်" ဟု တောင်းပန်ရှာလျက် ဘုန်းကြီး ကျွမ်းထိုး၍ ချသောအခါ အောက်သို့ကျလျှင် သေမည် စိုးရိမ်သည်နှင့် ဘုန်းကြီးခြေနှစ်ခုကို ကျောင်းအမက ဆွဲ၍ထားလျှင် စောက်ထိုးကျလျက် နေ၏။

သင်းပိုင် ကိုယ်ရုံတို့လည်း အောက်သို့ ကျသဖြင့် ဥက္ခောင်းကို စွပ်လျက် နေသောအခါ သာ၍ရှက်ပြန်သောကြောင့်

"ကျောင်းအမ ချသာချလိုက်ပါ။ ငါရှက်သည်ထက် ရှက်လှ၏။ နှစ်ထပ်ရှက်ဖြစ်၍ သေချင်လှပြီ" ဆိုလေသောဟု ရှေးလူဟောင်းတို့ ရယ်ရွှင်မှု ပြုလုပ်ပြောဆိုကြကုန်၏။

ဤပုံပြင်ကား နှစ်ကြိမ်ထပ်၍ မှားရာနှိုက် ပုံပြုသတည်း။ မသင့်၍ မှားသော်လည်း တကြိမ်သာ မှားစေကုန်ရာသည်။ နှစ်ကြိမ် မမှားစေရာ ဟူလို။

(၂၃) နှစ်ဆဲ့သုံးခုမြောက် ခေါင်းမြီးခြုံဘုန်းကြီး ပုံပြင်ကား ဤသို့တည်း။

ရှေးသောအခါ ဘုန်းကြီးနှင့် သာမဏေငယ်တို့ ဆွမ်းခံဝင်ကြရာ ရွာလယ်သို့ရောံလျှင် ဘုန်းကြီးသည် ဝမ်းနာသောကြောင့် မောင်ရှင်ငယ်အား အကြောင်းကို ပြော၏။

မောင်ရှင်ငယ်လည်း "သို့သော်၊ အရှင်ဘုရား ဝစ္စကုဋီကို တက်ရန် ကျောင်းသို့ ပြန်တော်မူတော့။ တပည့်တော် ဆွမ်းခံခဲ့ပါမည်" ဟု လျှောံထားလျှင် ဘုန်းကြီးလည်း "ဝမ်းနာလှသည်။ ကျောင်းသို့ ပြန်ခြင်းငှါ မစွမ်းနှိုင်" ဟု ဆို၏။

မောင်ရှင်ငယ်လည်း "ရွာပြင်သို့ ထွက်တော်မူပါ" လျှောံပြန်၏။

ဘုန်းကြီးလည်း "ငါသည် မသွားနှိုင်။ ကိစ္စနီးလှချေပြီ။ ငါ့ရှင် ကြံပါဦး" ဟု ဆိုလျှင် "ယင်းသို့ တပြီးကား အရှင်ဘုရား ဤနေရာတွင် ထိုင်တော်မူ။ တပည့်တော် လုံအောင်ပြုပါမည်" ဆို၍ ဘုန်းကြီးဥက္ခောင်းနှိုက် သပိတ်ကို စွပ်လိုက်၏။

ဘုန်းကြီးလည်း "မည်သည်ကိုမျှ ကြည့်မမြင်ပြီ။ ကုဋီအိမ်တက် လုံခြုံသည်။ ငါ့ရှင် အကြံကောင်းပေစွ" ဆိုပြီးလျှင် ရွာလယ်တွင် ကျင်ကြီးစွန့်လေသော ဟူ၍ ရှေးလူတို့ ရယ်ရွှင်မှု ပြုလုပ်ပြောဆိုကုန်၏။

ဤဥပမာကား မိမိပြုသော အမှုကို မိမိအမြင်နည်း၍ မသိသော်လည်း မလုံခြုံသဖြင့် သူခပ်သိမ်းပင် သိမြင်လေ၏ ဟူသတည်း။

(၂၄) နှစ်ဆဲ့လေးခုမြောက် ငမှိုင်းမျက်ကန်း ငါးခိုးသော ပုံပြင်ကား ဤသို့တည်း။

ငမှိုင်းမျက်ကန်း ဆိုသောသူသည် လက်ယာမျက်စိ ကန်းသည်နှင့် လက်ဝဲမျက်စိကို ပုဆိုးနှင့် ဖုံးအုပ်လိုက်လျှင် အမိုက်အတိ ဖြစ်လေရကား "သူများလည်း ငါသို့ မမြင်ပြီ" ဟု ထင်မှတ်သဖြင့် ဈေးထဲမှာ မျက်စိတဘက်ကို ဖုံး၍ ငါးခိုးလေသောအခါ ဈေးသည်တိုင်း များစွာရယ်မော၍ ဖမ်းဆီးသည် ဟူ၍ ရှေးလူတို့ ပုံဆိုကုန်၏။

ဤပုံပြင်ကား သိမြင်တတ်မြောံပြီး လူတို့ကို မသိမမြင် မတတ်သောသူက လှည့်ဖြားလိမ်လည် ပြောဆိုသော်၎င်း၊ နားမလည်သေးသော မလိမ္မာသေးသော သူက နားလည်ပြီး လိမ္မာပြီး လူကို လှည့်ဖြားလိမ်လည် ပြောဆိုရှာသော်၎င်း၊ ရယ်မောဘွယ်သာ ဖြစ်လေသော ဟူ၏။ (နေမျိုးမင်းထင်ကျော်ခေါင်)

(ရှေးစာကဗျာများ)

HD the old old story wallpapers | Peakpx

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ