ကဗျာ နှင့် ကာရန်
အကြောင်းခြင်းရာတခုခု
သူတည်းတယောက်
ကဗျာဖွဲ့နည်းကို ကျောင်းတွေမှာလည်း သင်ပါတယ်။ ပျို့၊ လင်္ကာ၊ ရတု၊ ရကန်၊ ဧချင်း၊ မော်ကွန်း၊ လေးချိုး၊ ဒွေးချိုး၊ တေဒထပ်၊ သံပေါက်စတဲ့ ဖွဲ့ဆိုနည်းတွေကို စနစ်တကျ သင်ယူ လေ့လာ ရေးသား ဖွဲ့ဆိုခဲ့ကြတယ်။
နောက်တော့ ကာရန်မဲ့ကဗျာဆိုပြီး ဖြစ်လာတယ်။
နောက်တော့ စာလုံးပေါင်းသတ်ပုံတွေကို နိုင်ငံရေးပေါ်လစီအရ ပြင်တယ်။
စာလုံးပေါင်းသတ်ပုံမဲ့ ကဗျာ ဖြစ်လာတယ်။
ဆိုရှယ်မီဒီယာခေတ်ရောက်လာပြန်တော့ ကာရန်မဲ့၊ စာလုံးပေါင်းသတ်ပုံမဲ့သာမက အဓိပ္ပါယ်မဲ့ ကဗျာတွေ စာတွေရယ်လို့ ဖြစ်လာတယ်။ လူကြိုက်ကလည်း အင်မတန်များတယ်။
မြန်မာကဗျာ ရေစီးမဟုတ်တော့ပါ။ မြန်မာကဗျာ ဝေဒနာ။
ဆူပါတန်းမြင့်ကဗျာဖွဲ့နည်းလို့ ခေါ်တယ်။
တန်းမြင့်ကဗျာဖွဲ့နည်းကျမ်း (ဦးဘိုးငွေ)
https://drive.google.com/.../1-gYEV4f0VQMxcfp0J5z.../view...
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment