၁။ အမြည်း (သို့) အစာပြေ သရေစာအဖြစ် စားလို့ရမယ့် လက်ပံပွင့်ခြောက် ကြွပ်ကြွပ်စပ်စပ်ကြော်နည်းလေးပါ (အဆာပြေလို့ ရေးရ။ သွားရည်စာ လို့ ရေးရ။)
၂။ မနက်စာ၊
အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းပါ။ (အဆာပြေလို့ ရေးရ။)
ဆာ
ကင်ဆာ
ဆာဘွဲ့ရသည်
ဆာလောင်မွတ်သိပ်နေသည်
ထမင်းဆာ
ထမင်းဆာသည်
နားပူနားဆာမလုပ်ပါနှင့်
နို့ဆာ
ရေဆာသည်
အဆာပြေ
စာ
စာကျက်ပါ
စာကျေ
စာကြမ်းရေးပါ
စာကြောင်း
စာကလေး
စာကိုယ်
စာချကိုယ်တော်
စာချပ်စာတမ်း
စာချွန်တော်
စာချိုးကောင်းသူ
စာခြောက်ရုပ်
စာစဉ်
စာစပ်တော်သူ
စာစီစာကုံးရေးပါ
စာစောင်
စာတည်းချုပ်
စာတတန်ပေတတန်
စာတန်းထိုးထားသည်
စာတမ်းပြုစုသည်
စာတိုက်သေတ္တာ
စာတုတ်
(စပါးခြင်ရာမှာသုံးသည့်တုတ်)
စာပြန်ပွဲ
စာပြောင်
စာပလွေ
စာပိုဒ်
စာပုံနှိပ်တိုက်
စာပေပိဋကတ်
စာဖွဲ့
စာဘတ် (ဖတ်)
သည်
စာဘူးတောင်း
စာမရီသားမြီးယပ်
စာရံနားကပ်
စာရင်းကိုင်
စာရင်းချုပ်
စာရွက်
စာရိတ္တ
စာရေးစာချီ
စာရေးတံမဲ
စာလုံးပေါင်း
စာဝတီးငှက်
စာသံပေသံ
စာသငယ်
စာသင်ပုန်း
စာအံ
စာအိတ်
စာအုပ်
စာဥပြောက်နွား
တစာစာအော်နေသည်
ရွှေစာရံဘုရား
သတင်းစာ
သုတေသနစာတမ်း
အကျင့်စာရိတ္တ
အစားအစာ
အသံစာစာ
အဆာသွတ်များ၏
အမှားများ
• ငရုတ်သီး အစာသွတ် (မှား)
• ငရုတ်သီးအစာသွပ်နှမ်းကပ်ကြော် (မှား)
• ငရုတ်သီးအစာသွပ်မြေပဲနှမ်းကပ်ကြော်လေးဗူး (မှား)
• ငရုတ်သီးအစာသွပ်အချိုကြော် (မှား)
• တသသငရုတ်သီးအစာသွပ်ကျော် (မှား)
• ဒေါ်ပု လက်ရာ - ပဲပြားအစာသွပ် (မှား)
• ပဲပြားငါးဖယ်ခြစ်သုပ်အစာသွပ် (မှား)
• ပဲပြားအစာသွတ် - (မှား)
• ဘုံလုံသီးဆိတ်သားအစာသွတ်ချက်နည်း (မှား)
ဗိုက်ဆာလျှင်
အစာစားပါ။ ညစာ စားသည်။ ငပိ ပါသလား။ အသီး စားပါ။ မဆာက မစားရ။ စားစရာတွေ
သတ်ပုံမှားရင် စားမကောင်း။ ရောင်းလို့တော့ ကောင်းချင်ကောင်းပါမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment