Skip to main content

Silver Lining ငွေရောင် အနားများ

၁။ ကျွန်မဘဝကတော့ ဖြစ်ချင်တာကို ရွေးခွင့်မရှိဖြစ် သင့်တာဘဲ ရွေးခဲ့ရပါတယ်။

၂။ ကျွန်မက ပညာအရမ်းတတ်ချင်တာပါ။ ဘဝမှာ အချိန်ကာလနဲ့ ဦးစားပေးမှုကြောင့် အခု ကျွန်မ ပညာမတတ်ခဲ့ရတော့ အရမ်းအသက်မရှုနိုင်တော့အောင် ပင်ပန်းနေပြီ။ မောင်နှမတွေကို ထမင်းငတ်မှာစိုးလို့ ၁၆နှစ်သမီး အဖေသေတော့ အကြီးဆုံးသမီးက ရရာအလုပ်ဝင်လုပ်ကျွေးရတော့ အခု ကျွန်မ ပညာမတတ်၊ ဥစ္စာမရှိတော့ ကျွန်မ ကလေးလေးတွေပါ ဆင်းရဲနေတယ်။ ခွင့်လွှတ်ပါဆရာ။

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျွန်တော် အိန္ဒိယကနေ ထိုင်းနိုင်ငံကို နိုင်ငံရေးအစည်းအဝေးတခု သွားတက်ရတယ်။ ပါတီအစည်းအဝေးပါ။ ကျွန်တော်တို့ပါတီဟာ ၁၉၈၈ အရေးအခင်းကြီးကနေ ပေါက်ဖွားလာတာမှန်သလို ပါဝင်တဲ့ လူအမျိုးအစားပါ တူတယ်။ လူမျိုးစုံတယ်။ လူမျိုးဆိုတာ ပညာရည်၊ အတွေ့အကြုံနဲ့ အသက်အရွယ်ကိုပြောတာပါ။ လူငယ်တယောက်က ပညာခံနည်းပုံရတယ်။ အားငယ်စိတ်နဲ့ ပြောပါတယ်။

လူဆိုတာ တခုခုမှာ အားနည်းနေရင် တခြားတခုခုမှာ အားသာတာရှိနိုင်တယ်။ ဘယ်သူမှ ဥဿုံပြည့်ဝတာမရှိဘူး။ 

မျက်မြင်တယောက် ညအချိန် အိမ်လည်ထွက်တာ မီးပုံးဆွဲသွားတာ ရေးထားတယ်။ မျက်စိမြင်သူတွေက သူ့ကို ဝင်တိုက်မှာစိုးလို့တဲ့။ သူကတော့ မမြင်ပေမဲ့ သွားနေကျလမ်း အကုန်သိတယ်တဲ့။

ဆိုစကားတခုက တိမ်တိုင်းမှာ ငွေရောင်အနားရှိ၏တဲ့။ အမှန်က အီဒီယမ်သုံးဖြစ်ပါတယ်။ ၁၆၃၄ ခုနှစ်မှာ ဂျွန်မစ်လ်န် ကနေ စသုံးပါသတဲ့။ အခက်အခဲတွေကြုံနေရလည်း စိတ်မပျက်နဲ့။ တောက်ပချိန် ရောက်လာမယ်တဲ့။

ပညာနည်းသူတွေက ပညာတတ်သူတွေထက် စီးပွါးရှာတာ တော်နိုင်တယ်။ စိတ်နေစိတ်ထားကောင်းနိုင်တယ်။ ရုပ်ရေ ချောမောနိုင်တယ်။ ပညာတတ်သူ ကောက်ကျစ်စဉ်းလဲတာက ပိုဆိုးလို့ ပြောစကားရှိတယ်။

အားပေးစကားအဖြစ် ရေးတာတော့ မဟုတ်ပါ။ နေရာတကာညံ့ပြီး ကောင်းကွက်ရှာမရသူတွေလည်းရှိတယ်။ အရည်အချင်းတွေ အတော်များများ ပြည့်ဝသူလည်းရှိတယ်။ ပြည့်စုံဆိုတာတော့ မမှန်နိုင်ပါ။

ဘာလို့ ကွာကြသလဲ။ ဝေါဟာရတွေနောက်တော့ မလိုက်ပါနဲ့။ လေ့လာသင်ယူခွင့်၊ အကျိုးပေး၊ ပါရမီ၊ မျိုးဗီဇနဲ့ ကုသိုလ်ကံ။

Does every cloud really have a silver lining? | A Lust For Life - Irish Mental Health Charity in Ireland

ဒေါက်တာတင့်ဆွေ

၁၇-၁-၂၀၁၈

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...