စာအုပ်ကိုဘာကြောင့်အိတ်ထဲထည့်ပိတ်ပြီးသိမ်းထားသင့်ပါသလဲ။ ဆရာ့ post ရဲ့ရည်ရွယ်ချက်နဲ့သွေဖီပြီး မိမိအကြောင်းကိုပဲ တွေးခြင်း ပြောခြင်းကြောင့် အများသူငှာအကျိုးများစေမည့် message မပေါ်လွင်မှာစိုးမိပါတယ်။ ကျေးဇူးတင်ပါတယ်။
အဲလိုသဘောမထားပါ။
ဆရာ မြန်မာပြည်ကနေ စာအုပ်တွေမှာလိုက်တာ ပေါင်ခြောက်ဆယ် ခုနှစ်(ခုနစ်)ဆယ်လောက်ရှိတယ် ရောက်လာတယ်။ အဲ့ဒါ မှိုနံ့ ပါလာပြီး နှာချေလွန်းလို့ အဲ့ဒီအထုပ်မဖွင့်နိုင်ဘူးဖြစ်နေတယ်ဆရာရေ။ မှိုနံ့ကင်းအောင် ဘာဆေးဖျန်းပေးရမလဲဆရာ။ စာအုပ်တွေက အဟောင်းတွေစာအုပ်ဆိုင်တွေဖြုတ်ပြီး အွန်လိုင်းမှာ တင်ရောင်းတာတွေ ဝယ်ပြီးစုထားတာပါ။ စာအုပ်ဖတ်ချင်ပေမဲ့ အနံ့မခံနိုင်ဘူးဖြစ်နေတယ်ဆရာ။
စာအုပ်ဟောင်းတွေမှာ Fungus ဖန်းဂတ်စ်လို့ခေါ်တဲ့ မှိုတက်တယ်။ မှိုပိုးသာမက Spore စပိုး ခေါ် မှိုဥတွေကြောင့် အနံ့ဆိုးစေတယ်။ မှိုပိုး၊ မှိုစပိုးနဲ့ မှုအနံမကောင်းတာတွေသက်သာအောင် ဘယ်လိုလုပ်မလဲ။
Deep freezer ဒိဖရီဇာ ခေါ် ရေခဲစက်သုံးနိုင်တယ်။ ပဌမဆုံး စာအုပ်တွေကို အလုံပိတ်နိုင်တဲ့ Zipper plastic bag ပလပ်စတစ်အိတ်ထဲ ထည့်ပါ။ အနံ့အတွက် ပလပ်စတစ်အိတ်ထဲမှာ Baking soda ခေါ် မုံ့ဖုတ်ဆော်ဒါ ပါထည့်ရမယ်။ ပြီးရင် ဇစ်ဆွဲပြီး အလုံပိတ်ပါ။ အဲဒီ ပလပ်စတစ်အိတ်ကို ဖရီဇာထဲမှာ ၇ ရက်ထားပါ။ ထုတ်ပြီး ကျန်နေတဲ့ ဆော်ဒါမှုံ့တွေကို သန့်ရှင်းလိုက်ပါ။ တချို့သိပ်မဟောင်းတဲ့စာအုပ်တွေကို ၄ ရက်နဲ့လည်းရနိုင်တယ်။
Microwave မိုက်ခရိုဝေ့ဖ် ခေါ် အပူစက်ထဲထည့်ရင်လည်း မှိုတွေကိုနိုင်တယ်။ ဒါပေမဲ့ အေးခဲနည်းက ပိုစိတ်ချရတယ်။
Smelly books: How to easily kill/remove mildew and mold spores https://www.youtube.com/watch?v=iqbzZAXkU2g
ဒေါက်တာတင့်ဆွေ
၁၇-၁-၂၀၁၉
Comments
Post a Comment