(၁)
ရံ
ကိုယ်ရံကြီးပင်
ကိုယ်ရံတော်
တခါတရံ
တရံရောအခါ
ထရံ
ဗညားရံ
ရံကာသည် (ကာရံသည်)
ရံပတ်
ရံဖန်ရံခါ (ရံဘန်ရံခါ)
ရံဘန်ရံခါ
ရံစောင် (အရံအစောင့်ထားသည်)
ရံစောင်ထားသည် (အရံအစောင့်ထားသည်)
ရံရွေတော်
လှည်းရံတိုင်
ဝန်းရံ ပံ့ပိုးသည်
ဝိုင်းရံသည်
အရံအတား
ကျောင်းနံရံ
ခြွေမှ ရံသည်
ရွှေစာရံဘုရား
နွာမရံရွာ
(၂)
ကာရန် ဟူသည်မှာ အက္ခရာ၏ အဆုံးသံဖြစ်သည်။ ကာရန္တ ဟူသော ပါဠိစကားမှာ ဆင်းသက်လာသော စကားဖြစ်သည်။ အက္ခရာ၏အဆုံးသတ် (သို့မဟုတ်) အဆုံး အက္ခရာဟု အဓိပ္ပာယ်ရသည်။ ဥပမာ - ကအက္ခရာ၏အသံသည် အ ဖြစ်သည်။ ကာအက္ခရာ၏အသံသည်အာဖြစ်သည်။ ကား အက္ခရာ၏ အသံသည် အား ဖြစ်သည်။ ခဲ ဟုဆိုလျှင် အဲ ကာရန်ဟု သိရမည်။ စူးဟုဆိုလျှင် အူး ကာရန်ဟု သိရမည်။ ကာရန်ယူရာတွင် အက္ခရာ၏အဆုံးသံချင်း အညီယူသည်လည်း ရှိသည်။ တပိုဒ်နှင့် တပိုဒ်တို့၏အဆုံးရှိ အသံချင်း အညီယူသည်လည်းရှိသည်။ နှစ်ပိုဒ်၊ သုံးပိုဒ် စသော ဝါကျတို့၏ အဆုံးရှိ အသံချင်း အညီယူသည်လည်း ရှိသည်။ အက္ခရာ၏ အဆုံးကာရန်ကို ဝဏ္ဏကာရန်၊ စာပိုဒ်၏အဆုံးကာရန်ကို ပဒကာရန်၊ ဝါကျ၏အဆုံးကာရန်ကို ဝါကျကာရန် ဟူ၍ခေါ်ကြသည်။
ကာရန်(၆၄)ပါး
(၃)
ဦးမြင့်ဆွေ မဟာဝိဇ္ဇာ (လန်ဒန်) ရေးသားတဲ့ မဟာဗုဒ္ဓဝင်သစ်စာအုပ် အနားမှာရှိတယ်။ အလောင်းတော် ဖွားမြင်ခြင်း အခန်းမှာ -
ယင်းသို့သွား၍ နှစ်ပြည်ထောင်အကြား၌ နှစ်ပြည်ထောင်သားတို့ ဆွတ်ခူးသုံးဆောင်ရာ သာယာလှသော လုမ္ဗိနီ အင်ကြင်းတောသို့ ရောက်၍ ပင်လုံးကျွတ်ပွင့်လျက် တင့်တယ်လှသော အင်ကြင်းပင်ကြီး တပင်အောက်သို့ ဝင်ရောက် နားလေ၏။ ထိုအခါ အင်ကြင်းပင်၏ အခက်သည် ကိုင်းညွှတ်ပေးလေ၏။ မိဖုရားကြီးသည်ထိုသစ်ခက်ကို လှမ်းကိုင် လိုက်သည်နှင့် တပြိုင်နက် ကမ္မဇလေလှုပ်လေ၏။ မောင်းမကိုယ်လုပ်တို့သည် ချက်ခြင်းပင် တင်းတိမ် ကာရံ ပေးကြလေ၏။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment