ကြမ္မာ = ကုသိုလ်ကံ၊ အကုသိုလ်ကံဟူသောအကြောင်းတရား။
ကြမ္မာကိုကား၊ ဘုရားသံဃာ၊ ပစ္စေကာမျှ၊ ဘယ်မှာဖီကား၊ လွတ်နိုင်ငြားအံ့။ မနော * ၈၉။
၂။ ကံကျမ္မာ ကံကြမ္မာ ဘယ်စကားက မှန်ပါသလဲဆရာရှင့်
ကံကျမ္မာ မမှန်ပါ။ ကျမ္မာ လို့ရေးရင် မှန်တယ်။
ကံကြမ္မာ = ကိုယ်၊ နှုတ်၊ စိတ်တခုခုဖြင့် ပြုလုပ်သောအမှု။ ကောင်းကျိုး၊ မကောင်းကျိုးကို ဖြစ်စေသော အကြောင်း။
ကံကြမ္မာကို ဇွတ်လွှဲမချရ။
ကျမ္မာ = ကျန်းမာ
ကျမ္မာလို့ အရင်ကရေးကြတယ်။ အခုတော့ ကျန်းမာလို့ရေးကြတယ်။ နှစ်မျိုးလုံးက နေကောင်းတာတွေပါပဲ။
မူကွဲသတ်ပုံဆိုတာလည်း ဟိုအရင်ကတည်းက ရှိခဲ့တယ်။ အဲတာကို တမျိုးတည်းလုပ်ခိုင်းတာ မသင့်ပါ။
ကျန်းမာ ကျမ္မာ မြန်မာ မြမ္မာ
မြမ္မာပြည်သူပြည်သားတွေ ကျမ္မာချမ်းသာကြပါစေ။
မြန်မာပြည်သူပြည်သားတွေ ကျန်းမာချမ်းသာကြပါစေ။
အင်္ဂလိပ်စာလည်း တတ်ကြပါစေ။
အင်္ဂလိတ်စာလည်း တတ်ကြပါစေ။
ပဌမဆုရကြပါစေ။
ပထမဆုရကြပါစေ။
တရုတ်ကို သတိထားပါ။
တရုပ်ကိုသတိထားပါ။
လက်ဖက်ရည်လည်း သောက်ကောင်းကြပါစေ။
လ္ဘက်ရည်လည်း သောက်ကောင်းကြပါစေ။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment