ကွန်မင့်တွေကလည်း အများကြီး။ ကူးချထာတာတွေ။ မျက်စိနောက်ရတယ်။
ညကလာတဲ့ ကွန်မင့်တွေကို ဖျက်လိုက်တယ်။ ဆောရီး။ အခုမနက်ကျမှ စာကို ပြန်တင်တယ်။
ကွန်မင့်တခုတည်းကိုသာ အသုံးပြုပါမယ်။ ကျေးဇူး။
၁ သိန်းခွဲ = ၁၅၀,၀၀၀ = ၁ သိန်း ၅ သောင်း = 150,000
၁၀ သိန်းခွဲ = ၁,၅၀၀,၀၀၀ = ၁၀ သိန်း ၅ သောင်း = ၁ သန်းခွဲ = 1,500,000
၁ သောင်းခွဲ = ၁၅,၀၀၀ = ၁ သောင်း ၅၀၀၀= 15,000
၁ ကျပ်ခွဲ = ၁ ကျပ် ၅၀ ပြား။
၅ ပေ ၆ လက္မ = ၅ ပေခွဲ။
၁ ပိဿာ ၅၀ ကျပ်သား = ၁ ပိဿာခွဲ။
၁ နာရီ ၃၀ မိနစ် = ၁ နာရီခွဲ။
မှတ်ရန် -
၅ကျပ်ခွဲ ဆိုတာ ၅ကိုမခွဲ ကျပ်ကိုခွဲတာ။
၅ပိဿာခွဲ ဆိုတာလည်း ပိဿာကို ခွဲတာ။
၅လက်မခွဲ ဆိုတာလည်း လက္မကို ခွဲတာ။
ဒါ့ကြောင့်
ဆယ်သိန်းခွဲဆိုတာ ဆယ်ကို မခွဲ၊ သိန်းကိုပဲ ခွဲတာမို့ ၁,၀၅၀,၀၀၀ မှ အမှန်။
တသန်းခွဲ ဆိုတာလည်း တသန်းကို ခွဲတာမို့ ၁,၅၀၀,၀၀၀ မှ အမှန်ပါ။
အင်္ဂလိပ်ဂဏန်းမှာ သောင်းနဲ့ သိန်း မရှိပါ။ ရာ၊ ထောင်နဲ့ သန်းသာရှိတယ်။
အင်္ဂလိပ်ဂဏန်းစနစ်အတိုင်း မြန်မာဂဏန်းကို ကော်မာ ဖြတ်ရတာ အဆင်မပြေလှပါ။
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment