Skip to main content

ဓူဝံကြယ် မြေမှာခကြွေ ကောင်းကင်မှာ နေ လ တွေကွယ်စေ

Polaris လို့လူသိများတဲ့ The North Star ဓူဝံကြယ်ဟာ Little Dipper ခေါ်တဲံ Ursa Minor ကြယ်စုထဲမှာရှိတယ်။ မြောက်ဝင်ရိုးစွန်းထည့်ထည့်တည့်မှာရှိတယ်။ ညကောင်းကင်ယံမှာ ငုတ်လျှိုးလုနီးပါး ဖြစ်နေပြီး အခြားကြယ်တွေက သူ့ကို လှည့်ပတ်နေပုံပေါ်တယ်။ ဓူဝံကြယ်ဟာ အတောက်ပဆုံးကြယ် မဟုတ်ပေမဲ့ အလွယ်တကူမြင်နိုင်ပြီး မြောက်ဘက်ခြမ်း လမ်းကြောင်းတွေအတွက် အသုံးဝင်လှတဲ့ ကိုးကားချက်တခု ဖြစ်ပါတယ်။

သက်ဝေ

တေးရေး - မြို့မငြိမ်း

ဆို ပြည်လှဖေ၊ မေရှင်

သစ္စာမဏ္လိုင် မြဲခိုင်ခဲ့ပေ

မေတ္ထာမိုးတွေ သွန်းဖြိုးရွာစေ

အသဲမှာ စွဲမက် အသက်ကို ပုံတယ်လေ

တကိုယ်လုံး သိမ်းကျူး လိုရာသုံး သက်ဝေ

အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်

အချစ်အတွက်ဖြင့် အသက်ပင် သေသေ

အသွေးယူ အသားကို လှူလှူ

စိတ်တူတယ် ရယ်ရယ်ပြုံးပြုံး

မဒီဒေဝီ ဝေသန် ထုံးလို

နှလုံးပြုကာ ကြည်ဖြူမှာတွေ

သက်ဝေ အလိုကျ ဆိုသမျှ

ကိုယ်ရောစိတ်က

လိုက်လျှောရပါမယ်လေ

ဓူဝံကြယ် မြေမှာခကြွေ

ကောင်းကင်မှာ နေ လ တွေကွယ်စေ

မြမြင့်မိုရ် ပြိုအက်ကာကြေ

သွေကွက်မယ် စိတ်ဝယ်မပွေ

ဓူဝံကြယ် မြေမှာခကြွေ

ကောင်းကင်မှာ နေ လ တွေကွယ်စေ

မြမြင့်မိုရ် ပြိုအက်ကာကြေ

သွေကွက်မယ် စိတ်ဝယ်မပွေ

ချစ်တဲ့သူ အမူတုံးကလေးက

တိမ်စင် လနှယ် အလှကြွယ်ရှာပေ

ကြာကြာလေ မရိုးတဲ့အပြင်

ဆထမ်းပိုးတိုးတဲ့ အချစ်တွေ

ကမ္ဘာမြေ အသင်္ချေလဲတောင်

မကွဲအောင် တောင်းဆုကို ခြွေ

သက်ဝေ ချစ်မက် မပြေတယ်လေ

ခိုင်းတော့ သက်ဝေ

အချစ်စမ်းချင်စမ်း မစမ်းချင်နေ

ထူးတဲ့ ခင်မင်တာတွေ

အသက်ကို စွန့်ရတောင်ပင်

မငြိုငြင်ဘူးရှင့် အသင့်လိုရာစေ

မခိုင်းရက်ဘူးကွယ့်

သည်ကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ

ရှေ့က မောင်သာ အစဉ်နေ

အသက်နဲ့ထပ်တူ ကြင်မလေ

ရင်ကို ခွဲလို့ အသည်းကင်ပါစေ

ချစ်သက်ဝေနှမ

စိတ်တိုင်းကျကျ ပျော်သလိုနေ

လှသထက် လှမယ်ဆိုရင်

ဆေးဘက် ဝင်ပါသလား

မောင့် အသားတွေ

မောင့် အသွေးတွေ

မောင့် အသည်းတွေ

မောင့် နှလုံးတွေ သြော် အသုံးပြုပါလေ

ကြည်ဖြူပါတယ်

လိုရာကို ယူစေ

ဓူဝံကြယ် မြေမှာခကြွေ

ကောင်းကင်မှာ နေ လ တွေကွယ်စေ

မြမြင့်မိုရ် ပြိုအက်ကာကြေ

သွေကွက်မယ် စိတ်ဝယ်မပွေ

ချစ်တဲ့သူ အမူတုံးကလေးက

တိမ်စင်လနှယ် အလှကြွယ်ရှာပေ

ကြာကြာလေ မရှိးတဲ့အပြင်

ဆထမ်းပိုးတိုးတဲ့ အချစ်တွေ

ကမ္ဘာမြေ အသင်္ချေလဲတောင်

မကွဲအောင် တောင်းဆုကို ခြွေ

သက်ဝေ ချစ်မက် မပြေတယ်လေ။   ။

https://www.facebook.com/watch?v=1668491757225244

နောက်ခံမှာ သီချင်းစာသား မပါလို့ အမှားကင်းသဖြင့် အလွန်ကောင်းပါ၏။ 

https://www.youtube.com/watch?v=kJsIBCnBUT4

တကိုယ်လုံးကို တကိုယ်လုံးလို့ ရေးရတယ်။ မြင့်မိုရ် လို့ရေးတယ်။ မြင်းမိုရ် က မူကွဲ။ ၁၉၄၁ ခုနှစ်မှာ တဝမ်းပူတွေကို ရန်ရှာမဲ့သူတွေ မမွေးလောက်သေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ