အကို အစ်မ တကြောင်းထဲလခုထိ အမှတ်မှားနေခဲ့တာ အကိုလား အစ်မလား အစ်ကို အစ်မလား ဆရာ။ တစ်ကြောင်းကိုလဲ သေချာ မသိလို့ပါ ဆရာအဆင်ပြေရင် အမှန်လေး ပြင်ပေးပါဆရာရှင့်။
ဟုတ်။
ကျွန်တော်ကတော့ သူငယ်တန်းကတည်းက တကြောင်းတည်း၊ တကျောင်းထဲ လို့ ရေးပါတယ်။ စာမေးပွဲလည်း အောင်တယ်။
အဖေ၊ အမေ၊ အကို၊ အမ၊ အဒေါ် လို့ ရေးကြပါတယ်။
အစ်ကို အစ်မလည်း အရင်က ရေးကြတယ်။
အခုလည်း တချို့က အစ်နဲ့ရေးတယ်။
အစ်ဖေ၊ အစ်မေ၊ အစ်ဒေါ် လို့ ရေးလာကြမလားတော့ မပြောတတ်။
ခေတ်တဲ့။ လွယ်တာက် ခက်အောင်၊ မှန်တာကို လွဲအောင်ရေးတာ ခေတ်တဲ့။
အမေ့အိမ်
အကိုတွေ အမတွေရဲ့အလယ်
အမေက ကျွန်မကိုပိုကာ
အထွေးဆုံးမို့ ချစ်တယ်ချစ်တယ်
အဆိုးအနွဲ့တွေနဲ့ မိဘရဲ့အရိပ်မှာကွယ်
ပူပင်သောကတွေလည်း မရှိခဲ့ရပါတယ်
လူ့လောကအလယ် လျှောက်ရမယ့်အရွယ်
ချစ်ရမယ့်သူ တွေ့လာတော့
အတူတူလက်တွဲ နှစ်ယောက်တည်းပျော်တယ်
အမေ့အိမ်ကိုလည်း မေ့ထားခဲ့ပါတယ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment