၁။ "အကို"
- အဓိပ္ပါယ် မိမိထက် အသက်ကြီးတဲ့ ယောက်ျားမောင်နှမကြီးကို ရည်ညွှန်းပါတယ်။
- အသုံးပြုပုံ ရင်းရင်းနှီးနှီး ပြောဆိုရာမှာ ပိုအသုံးများပါတယ်။
- ဥပမာ
- "အကိုကြီး ဘယ်သွားမလဲ"
- "အကို့ကိုကျေးဇူးပါ။"
၂။ "အစ်ကို"
- အဓိပ္ပါယ် "အကို" နဲ့ အတူတူပါပဲ၊ ဒါပေမယ့် ပိုပြီးတရားဝင်သဘောဆောင်ပါတယ်။
- အသုံးပြုပုံ စာပေ၊ တရားဝင်စကားပြောဆိုမှုတွေမှာ ပိုအသုံးများပါတယ်။
- ဥပမာ
- "အစ်ကိုရဲ့ ကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။"
- "အစ်ကိုတို့ညီနှမအချင်းချင်း စည်းလုံးကြပါစို့။"
ဘယ်ဟာက အမှန်လဲ
- နှစ်ခုလုံးမှန်ပါတယ်၊ ဒါပေမယ့် "အကို" က ပိုရင်းနှီးပြီး နေ့စဉ်သုံးစကားမှာ အသုံးများပါတယ်။
- "အစ်ကို" က ပိုတရားဝင်ပြီး စာပေ (သို့) ရေးသားတဲ့အခါမှာ ပိုသင့်တော်ပါတယ်။
ဒါကြောင့် အသုံးပြုမယ့်အခြေအနေပေါ်မူတည်ပြီး နှစ်မျိုးလုံးကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အဲဒီလိုဖြေလာပါတယ် အဖြေကမတိကျဘူးထင်လို့ ဆရာ့ဆီမှာပြန်လာမေးတာပါဗျ
မေးခွန်း (၂) အမနဲ့အစ်မ ဘယ်ဟာအမှန်လဲ သိချင်လို့ပါ။
အမနဲ့အစ်မ၊ အကိုနဲ့ အစ်ကို ၂ မျိုးလုံး ရေးကြတယ်။
ဒါပေမဲ့
အမေ၊ အဖေသာရှိလို့ အမ က ပိုသင့်မှန်။ အကိုကလည်း အစ်ကိုထက် သင့်မှန်သည်။
• အစ်ဒေါ်လည်း မရှိပါ။
• အစ်ရီးလည်း မရှိပါ။
• အစ်မျိုးလည်း မရှိပါ။
1. ကျွန်းပင်မောင်နှမသည် (၃၇)မင်း နတ်စာရင်းတွင် မပါသော နတ်ဖြစ်သည်။
2. ချစ်သော ရွှေမြန်မာညီအမများ
3. စိမ်းညက်ညီအမဘုရားရဲ့နောက်ခံသမိုင်းကြောင်း
4. ညီအကို မောင်နှမများခြင်းသည် ကောင်းသည်။
5. ညီအမချင်း သွေးစည်းညီညွတ်မှု
6. ညီအမသုံးဖော် မြန်မာဇာတ်ကား
7. နှမတော်နတ် သည် မဟာဂီရိနတ် ဖြစ်သော မောင်တင့်တယ်၏ နှမတော် သေဉ်လည်ကြောင်မင်း၏ မိဖုရား ဖြစ်သည်။
8. ပဉ္ဇင်းအမ (မာမာအေး)
9. မောင်နှမ (ငယ်)ရွာ၊ မောင်နှမ
10. မောင်သာရ၏ ညီအကိုမသိတသိ ဝတ္ထုတိုစာအုပ်မှ ဒေါ်ခင်မျိုးချစ်၏ အမှာစာကောက်နှုတ်ချက်
11. ရန်ကုန်မြို့တော်နဲ့ ဂျပန်နိုင်ငံ ဖူကူအိုကာမြို့ ညီအစ်မမြို့အဖြစ် တည်ရှိခြင်း သုံးနှစ်ပြည့် နှစ်ပတ်လည်
12. ရှင်သာရိပုတ္တရာညီအမ ၃ ယောက် (ပါမောက္ခချုပ်ဆရာတော်)
13. အကိုကြီးတော့အဖနေရာ - လူမင်း၊ ရဲတိုက်၊ မိုးဟေကို
14. အကိုတွေ အမတွေရဲ့အလယ် အမေက ကျမကိုပိုကာ အထွေးဆုံးမို့ချစ်တယ်ချစ်တယ်
15. အမကြီးတော့ အမိအရာ။
16. အမမြို့ (海士町 အမ− ချေား ) သည် ဂျပန်နိုင်ငံ၊ ရှိမနဲခရိုင်၊ အိုခိတိုင်း တည်ရှိသည်။
17. အမြွှာ(အမွှာ)ညီအမနှစ်ယောက်
18. အလှူ့အမ (မာမာအေး)
• မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ https://burmese-spelling.blogspot.com/2023/03/blog-post_214.html
• အကို အမ https://burmese-spelling.blogspot.com/2023/09/blog-post_62.html
• အကို အမ မုန်းသူများသို့ https://burmese-spelling.blogspot.com/2025/03/blog-post_418.html
• အစ်ကို အကို အစ်မ အမ https://burmese-spelling.blogspot.com/2023/09/blog-post_31.html
• အဖေ အမေ အကို အမ (၂) https://burmese-spelling.blogspot.com/2025/03/blog-post_25.html
• အဖေ အမေ အကို အမ https://burmese-spelling.blogspot.com/2024/05/blog-post_797.html
• အဖေ၊ အမေ၊ အကို၊ အမ၊ မောင်နှမတွေမှာ စ မသတ်ပါ https://burmese-spelling.blogspot.com/2024/10/blog-post_389.html
• 'အမ' သည် 'အစ်မ' မဟုတ် https://burmese-spelling.blogspot.com/2025/01/blog-post_503.html
• အမကြီးတော့ အမိအရာ https://burmese-spelling.blogspot.com/2024/03/blog-post_632.html
• အလှူ့အမ https://burmese-spelling.blogspot.com/2023/11/blog-post_4.html
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment