Skip to main content

စွပ် စွက် စွတ် ဆွတ်

 

- မင်္ဂလာပါဆရာ “ရေမွှေးဆွတ်” နဲ့ “ရေမွှေးစွတ်” ဘယ်ဟာအမှန်လဲ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ရေမွှေးဆွတ်၊ ရေတွေစွတ်စွတ်စိုနေသည်။ သရက်သီးဆွတ်။ ဖက်ဆွတ်မိုး။

- ပူရီကြော်ပြုလုပ်နည်း ပူရီ ပြုလုပ်ရန်အတွက် ဂျုံကို ဆားသကြား ဆီအနည်းငယ်တို့နှင့်ရောပြီး ရေနွေးနွေးကို ဖြေးဖြေးချင်း လောင်းထည့်ပါ။ နယ်ပေးပါ။ နယ်ထားသောဂျုံလုံးများကို အဝတ်ရေစွတ်(ဆွတ်)ပြီး ၁၀မိနစ်ခန့်အုပ်ထားပါ

ဆွတ် နဲ့ စွတ် မှားနေသည်။ 

ဆွတ် နဲ့ စွတ် မှားနေသူတွေ များပါသည်။

၁။ မြေပဲတွေ နုတ်ပြီ၊ မြေပဲစွတ် လာလို့ရတယ်နော်။ (ရွှေကန်သူ/ရွှေကန်သားများ ဆုံစည်းရာ)

စွတ် နဲ့ ဆွတ် မှားနေသည်။ မြေပဲဆွတ်နေကြသည်။

၂။ လွမ်းစွတ်ကြတယ်လေ

စွတ် နဲ့ ဆွတ် မှားနေသည်။ လွမ်းဆွတ်ကြတယ်လေ။

၃။ အပေါ်က ပြောထားတဲ့ အသုံးအနှုန်း မှာ ဇွတ် နဲ့ စွတ် ဘယ်ဟာအမှန်လဲ ဆိုတာသိချင်လို့ပြောပြပေးပါဆရာရှင့်

၄။ ဆရာ စိုစွပ်လား (စိုစွတ်)လား သိချင်လို့မေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။ 

၅။ ဆပ်ပြာမှာ အရေပြား စိုစွပ်(စိုစွတ်) စေတာ ပါတာသုံးပါ။ 

၆။ သခွါးမွှေး စွတ်ခူးပြီးခြံ လို့တင်ထားတာတခု တွေ့တယ်။ ဆွတ်လို့သာ ရေးသင့်တယ်။ 

၇။ ဆရာ ချက်ကို ဆီစွတ်ပေးရင် တကယ်ပဲ အကျိုးရှိနိုင်တာလားဆရာ။ ဆီဆွတ်လို့ ရေးရတယ်။

၈။ ရာသီလာရင်နာတာအတွက် အရက်စွတ်ပေးရရင် သက်သာတယ်ဆိုလို့ တကယ်ပဲ အကျိုးပါသလားလို့ ဆရာနဲ့ တိုင်ပင်ချင်လို့ပါ။ ဆေးနည်းလည်း မှား၊ သတ်ပုံလည်း မှားတယ်။ အရက်ဆွတ်လို့ရေးရတယ်။ 

၉။ မင်္ဂလာပါဆရာ။ စွပ်နဲ့ စွတ်နဲ့ အသံတူတာလား ရှင်းပြပေးပါဆရာ။ ကျမတို့သူငယ်ချင်းတွေအငြင်းပွားနေကြလို့ပါ။

စွက်

စွက် = အနည်းငယ်ဖြည့်သည်။ ပူသားရေထက်၊ ရေချမ်းစွက်၍။ 

ဖြည့်စွက် (ရောစွက်) = ခတ်၊ ဖြည့်၊ ထည့်၊ လောင်း။

ရေစွက် (အွန်လိုင်းသတ်ပုံထဲမှာ ရေစွတ် ဖြစ်နေတာ မမှန်ပါ။)

ဇွတ် = မဆင်မခြင်။ အတင်းအဓမ္မ။ ဇွတ်တရွတ်။ ပုလိုက်စုလိုက်၊ ကိုက်လို့စားမည့်နှယ်၊ တရားအလွတ်၊ ဇွတ်ပြုမည့်နှယ်ဆိုလှာလျှင်။

စွပ်

ကွင်းစွပ်

ခြေစွပ်

ခေါင်းစွပ်

ခေါင်းမှာစွပ်

စွပ်ကျယ်အင်္ကျီ

စွပ်စွပ်မြည်သံ

စွပ်စွပ်ရွပ်ရွပ်

စွပ်စွဲသည်

စွပ်တံ

စွပ်ပြုတ်ဟင်းချို

စွပ်လိုက်ချွတ်လိုက်

ပန်းကုံးစွပ်

ယိုးစွပ်သည်

လက်စွပ်

လှံစွပ်

ဝင်ကစွပ်ကောင်

စွတ်

ခြည်ခင်စွတ်ငှက်

စွတ်ကယ်စွတ်ကယ်

စွတ်ကြောင်း

စွတ်ခနဲထွက်သွား

စွတ်စွတ်ရွတ်ရွတ်လုပ်သည်

စွတ်စိုနေသည်

စွတ်ပြော (ဇွတ်ပြော)

စွတ်ဖား

စွတ်ဖါးလှည်း

စွတ်လုပ် (ဇွတ်လုပ်)

စိုစွတ်

နီနီစွတ်စွတ်

ဝက်မစွတ်မြို့စား

ဆွတ်

ချွေးဆွတ်

ဆွတ်ခြွေ

ဆွတ်ခူး

ဆွတ်ဆွတ်ကြင်

ဆွတ်ဆွတ်ဖြူ

ဆွတ်ဆွတ်လွတ်လွတ်

ဆွတ်ပျံ့

ဆွတ်ဖျန်း

ဆွတ်သူ

ဆုတ်ဆွတ်

ဖက်ဆွတ်ပင်

ဖက်ဆွတ်မိုး

ဖက်ဆွတ်ရေ

ရေဆွတ်

ရေမွေးဆွတ်

လွမ်းဆွတ်

အများစုက တ နဲ့ တစ် လို့သာထင်နေကြတယ် https://burmese-spelling.blogspot.com/2023/07/blog-post_186.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ