၁။ နဂိုရှိမှနဂိုင်းထွက် သတ်ပုံအမှန်သိချင်ပါတယ်ဆရာ
(၁)
Facebook · မြန်မာစကားပုံ
နဂိုရှိမှ နဂိုင်းထွက်
နဂိုဟူသော စကားလုံးရှိမှသာ ငသတ် (င်) စသည်ဖြည့်ပြီး နဂိုင်းဟူ၍ ရေးနိုင်သကဲ့သို့ မူလအခြေခံရှိမှသာ မွမ်းမံခြယ်သ၍ တင့်တယ်နိုင်သည်။
"နဂိုရှိမှ နဂိုင်းထွက် ဆိုတာလို နဂိုအားပြည့်လှိုင်ပါမှ အကိုင်းအခက်တွေ များဖို့သင့်လေတယ်။"
[၁၂၈၁] နောင်ဝတ်၊ ပ၊ ၁၃၂။
"ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ဉာဏ်ရှိသရွေ့ စတိုင်ထုတ်ပြီး .... အချိန်ဖြုန်းဖို့ အခါလည်းမဟုတ်ပါဘူး။ နဂိုရှိမှ နဂိုင်းထွက်တာပါ။"
[၁၂၉၁] ကဝိမှန်၊ ၃၊ ၉။ ၁၅၅။
(၂)
AI
"နဂိုရှိမှ နဂိုင်းထွက်" သတ်ပုံကသာ အမှန်ဖြစ်ပါတယ်ခင်ဗျား။
အဓိပ္ပာယ်: မူလအခြေခံ အရည်အသွေး သို့မဟုတ် အရင်းအနှီး (နဂို) ရှိမှသာ ထိုအရာကို အခြေခံပြီး ပိုမိုကောင်းမွန် ထူးခြားသော အကျိုးရလဒ် (နဂိုင်း) များ ထွက်ပေါ်လာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။
နဂိုင်း: ဤနေရာတွင် "နဂိုင်း" ဆိုသည်မှာ အဆင်တန်ဆာ၊ အမွမ်းအမံ သို့မဟုတ် ထူးခြားသော အစွမ်းသတ္တိကို ဆိုလိုခြင်း ဖြစ်နိုင်ပါတယ်။ အချို့ကလည်း နဂါး၏ အမောက် (သို့မဟုတ်) အစွမ်းကို ရည်ညွှန်းသည်ဟု ယူဆကြပါတယ်။
(၃)
၂။ နဂိုလား နကိုလား ဆရာ
၃။ ဆရာရှင့် နကိုယ်ဆိုတာ နဂိုကို ပြောတာလား၊ နကိုယ်လို့ ရေးရတာလားဆရာ။ နဂိုကမှားနေတဲ့ အရေးအသားလားဆရာ။
နကိုယ်လို့ မရေးရပါ။ နဂိုလို့သာ ရေးရတယ်။ သတင်းတပုဒ်မှာလည်း နဂိုရ်စစ်အစိုးရလို့ ဖတ်ရတယ်။ အဲတာ မှားတယ်။ မူလပင်ရင်း နဲ့ ယခင်အတိတ် အဓိပ္ပါယ်လွဲသွားမယ်။ ကိုယ်ဆိုတာ ကိုယ်ခန္ဓာ။
ဂို
နဂိုမူလ
ဂိုထောင် (ဟိန္ဒီစကား)
နဂိုဇာတိ
ဂိုရ်
စမ္ပါနဂိုရ် (အရင်က စမ္ပန္နဂိုရ်လို့ရေးတယ်)
နဂိုရ် = နဂရ = မြို့
သင်္ကဿနဂိုရ် (မြတ်စွာဘုရား လူ့ပြည်ကို ပြန်လည်ကြွတဲ့နေရာ)
ရ်
မြင့်မိုရ်တောင် (မြင်းမိုရ်တောင်လို့လည်း ရေးပါတယ်။)
မြင်းမိုရ်ပိတ် (အိမ်၊ အဆောက်အဦ)
ယုဂန္ဓိုရ်တောင်
ဝိဇ္ဇာဓိုရ်၊
မထေရ်၊
မာရ်နတ်၊
သောနုတ္ထိုရ်၊
အဂ္ဂင်္ုတ္ထိုရ်
နဂိုရှိမှ နဂိုင်းထွက်သည်။
နဂိုဓါတ်ဟောင်း မပျက်ကောင်း။
နရိုတိမ်ညှောက် သံတိုင်ဆောက်သို့။
ညောင်ဦးကမ်းပါပြို စမ္မနဂိုရ်က နွားပေါင်ကျိုး။
တယ် ကို တရ် လို့ရေးနေကြသူတွေမှာ နကိုယ်မရှိကြချေ။
နဂို = မူလ။ ပင်ကို။
ပရိယာယ်အပိုလျှံတယ်၊နဂိုမာန်ကြီးပေမို့လေး၊ပုညတေး။၁၈။
ဂို
နဂိုမူလ
နဂိုဇာတိ
နဂိုရှိမှ နဂိုင်းထွက် (စကားပုံ)
နဂိုမူလသုညတ
ဂိုရ်
စမ္ပါနဂိုရ် (အရင်က စမ္ပန္နဂိုရ်လို့ရေးတယ်)
နဂိုရ် = နဂရ = မြို့
သင်္ကဿနဂိုရ် = မြတ်စွာဘုရား လူ့ပြည်ကို ပြန်လည်ကြွတဲ့နေရာ
(၄)
ယော ဓီရော- နဂိုမူလ၊ ဓာတ်ခံရသဖြင့်၊ ဘဝနောက်နှောင်း၊ ကောင်းထက်ကောင်းဖို့၊ လမ်းကြောင်းတီထွင် အကြင်ပညာရှင်သည်၊ ဝေ- စင်စစ်ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့် ကတညူ-သူတပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသ၍ သိလေ့ရှိသည် လည်းကောင်း၊ ကတဝေဒီ- သူများပြုအပ် ကျေးဇူးရပ်ကို တတ်သရွေ့ မှတ်သရွေ့ ဆပ်လေ့ရှိသည် လည်းကောင်း၊ ဟုတြာ- ဖြစ်၍၊ ကလျာဏမိတ္တော - မိကောင်းဖကောင်း၊ ဆရာကောင်းနှင့် ဖော်ပေါင်းအတိ မိတ်ကောင်းရှိသည်၊ ဒဠ,ဘတ္တိ- ထိုမိတ်ကောင်းလဲ အသဲစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည်၊ ဟောတိ- ဖြစ်၏။ [မဟာဂန္တာရုံ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ]
ဒေါက်တာတင့်ဆွေ

Comments
Post a Comment