Skip to main content

ပညာရဲ့အဓိပ္ပါယ်

အညမည စာကို ကွန်မင့်တခုက နန်တွင်း၊ ပုပ်ခတ်၊ ဖျန်ဖြေ နဲ့ အဓိပ္ပါယ် တွေ ထောက်ပြသည်။ ကျေးဇူး။

အဓိပ္ပါယ် ကိုတော့ အဓိပ္ပာယ် လို့မပြင်တော့ပါ။ မူကွဲအဖြစ် သုံးနိုင်ပါတယ်။

အညမည

ဆရာ့ Post ကိုဖတ်ရင်းကနေ (အညမည) စကားလုံးကိုတွေ့ရပါတယ်။ သိချင်တာကြာလှပါပြီ။ ဆောင်းပါးတွေ ကဗျာတွေ နိုင်ငံရေးစာတွေကို တခါတလေဖတ်ပေမယ့် မတွေ့ဖူးပါ။ သတိမထားတာလည်းဖြစ်နိုင်ပါတယ်။ နိုင်ငံရေးသမားအချို့ဟာ ရံဖန်ရံဖန်မှာ အညမည ဆိုပြီးသုံးတာကြားနေရတယ်။ ဆိုရှယ်လစ်လမ်းစဉ်လား စစ်တပ်လမ်းစဉ်လား၊ ကောင်းဆိုးတွဲနေတဲ့ လမ်းစဉ်လား၊ အတွေးခေါ်နည်းပညာတစ်ရပ်လား ဆိုတာမသိပါ။ စကားလုံးအရင်းအမြစ်လည်းမသိပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

(အညမည) ကို (အင်ည-မင်ည) လို့ အသံထွက်ရပါတယ်။ ကျွန်တော်လည်း (မဆလ) ခေတ်က တပ်တွင်းပညာပေး မန္တလေးနန်းတွင်းကို သွားတက်ခဲ့ရလို့သိတာ။ အဲတာက နောက်ဆုံးအသုတ်ပါ။ ကျွန်တော်လည်းတက်ပြီး (မဆလ) ကြီး ပြုတ်ကျပါရောလား။

၁၉၆၂ မတ်လ (၂) ရက်နေ့မှာ ဗိုလ်နေဝင်းက အာဏာသိမ်းတယ်။ အစမှာ ဘယ်စနစ်နဲ့အုပ်ချုပ်မယ်ဆိုတာ အစီအစဉ်ရှိခဲ့ပုံမရပါ။ တအောင့်လောက်နေတော့ ဆိုရှစ်လစ်စနစ်ကို ရွေးလိုက်တယ်။ ဘယ်လိုဆိုရှယ်လစ်လဲ စဉ်းစားရာကနေ ဘယ်တိုင်းပြည်မှာမှမရှိတဲ့ မြန်မာ့ဆိုရှစ်လစ်လမ်းစဉ်လုပ်တယ်။ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီတခုတောစာရွက်ပေါ်တင်ရမှာဖြစ်လိုဦးချစ်လှိုင်ကို အရေးခိုင်းတယ်။ ဦးချစ်လှိုင်ဟာ အလံနီဖြစ်ပြီး မာ့က်စ်ဝါဒစာအုပ်တွေကို ဘာသာပြန်ခဲ့သူဖြစ်တယ်။

သခင်သန်းထွန်းရဲအလံဖြူကွန်မြူနစ်ရော သခင်စိုးရဲအလံနီကွန်မြူနစ်ရောဟာ လက်နက်နဲ့တိုက်ကြပေမယ့် တိုင်းပြည်အာဏာကို ရအောင်မယူနိုင်ခဲ့ကြပါ။ နိုင်ငံရေးစာတွေမှာတော့ သူတို့ချည်းသာရှိတယ်။ အလံနီတွေဟာ အလင်းဝင်ပြီးနောက်မှာ စစ်အစိုးရတိုင်းနဲ့ အဆင်ပြေအောင်ပေါင်းတယ်။ အရင်ဆုံး ဦးနေဝင်းကို ချဉ်းကပ်တယ်။ နောကနဝတ နဲနအဖ ကိုပါ ကပ်တယ်။ တကယ်တော့ စစ်အစိုးရတွေကနေ သူတို့ကို အသုံးချပါတယ်။ သတင်းစာတွေကနေ ကလောင်နာမည်အမျိုးမျိုးနဲ့ ဒီမိုကရေစီရေးကို ရစရာမရှိအောင် ပုတ်ခတ်၊ စွပ်စွဲရေးသားတဲဆောင်းပါးတွေကို အလံနီထွက်တွေကနေ ရေးပေးကြတယ်။ စစ်ထောက်လှမ်းရေးက ပိုက်ဆံပေးတယ်။

ဗိုလ်နေဝင်းလက်ထက်မှာ ဦးချစ်လှိုင်ရေးခဲ့တဲ့ လူနှင့် ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားလို့ပေါ်လာတယ်။ ၁၉၆ဝ ကျော်ကနေ ၁၉၈၈ အထိ အဲတာကိုမဖတ်ရင်၊ အဲဒီသင်တန်းမတက်ရင် အလုပ်မရရာထူးမတိုးနိုင်ငံခြားလည်း မထွက်ရပါ။ အခုတော့ မေးတဲ့သူပြောသလို အဲတာကို ဘာမှန်းမသိကြတော့ပါ။

ကျွန်တော် မနေ့ကပဲရေးခဲ့သေးတယ်။ ဆိုဆုံးမစကားတွေစကားပုံတွေကို လိုသလိုဆွဲသုံးနေကြတယ်။ ဘုရားဟောတဲ့ မဇ္ဈိမပဋိပဒါကို လင်မယားစကားများတာကို ဖျန်ဖြေရာမှာ သုံးနေကြတယ်လို့ ရေးခဲ့ပါတယ်။ (အညမည) ကိုလည်း အဲလို သုံးနေကြပါတယ်။

စစ်အစိုးရခေတ်ကစပြီး တိုင်းပြည်စီးပွားရေးမူဝါဒကို ဈေးကွက်စီးပွားရေးစနစ်ပြောင်းလိုက်တော့ အညမည = အချင်းချင်း၊ အပြန်အလှန်လို့ အဓိပ္ပါယ်ဖွင့်ပြန်တယ်။ တိုင်းပြည်လွတ်လပ်ရေးနှင့် စီးပွားရေးလွတ်လပ်မှုတို့မှာ အညမည ဆက်စပ်လျက်ရှိပေသည်လိုရေးလာကြတယ်။ (မဆလ) ခေတ်မှာကတော့ လူနှင့် ပတ်ဝန်းကျင်တဲ့။

ပါဠိ-မြန်မာ အဘိဓာန်မှာ အညမညပ္ပစ္စယ = အချင်းချင်း ကျေးဇူးပြုတတ်သောတရားလိုပါရှိပါတယ်။

ဘုရားဟောခဲ့တာက ပဋ္ဌာန်း (၂၄) ပစ္စည်းထဲမှာပါ။ ဆိုရှယ်လစ်ခေတ်မှာ အစိုးရနဲ့ ကပ်ဖါးတွေရဲ့ ပြည်သူပိုင်ပစ္စည်းများ အညမည။ ဈေးကွက်စီးပွါးရေးမှာ စစ်အစိုးရနဲ့ ခရိုနီများရဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းများ အညမည။ ပြီးခဲ့တဲ့အစိုးရကစပြီး မြန်မာပြည်ပိုင်ပစ္စည်းများ တိုင်းတပါးသားနဲ့ အညမည။

ဒေါက်တာတင့်ဆွေ

၁-၈-၂၀၁၆

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ