Skip to main content

ကြွေ့ ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ

တင်ထားတဲ့စာ = နဂါးရုံကြွေ့၊ ရန်ခြင်းတွေ့သော်

မေးခွန်းတခု = ကြွေ့ ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ ဆရာ

AI

ရှင်ဥတ္တမကျော်တောလားပါ "နဂါးရုံကြွေ့" ဆိုသည့် အသုံးတွင် "ကြွေ့" ၏ အဓိပ္ပါယ်မှာ "တိုက်ခိုက်သည်"၊ "ရင်ဆိုင်သည်"၊ "ထိပါးသည်" ဟု အဓိပ္ပါယ်ရပါသည်။

ရှေးဟောင်းမြန်မာစာပေတွင် "ကြွေ့" ကို အောက်ပါအတိုင်း ဖွင့်ဆိုနားလည်နိုင်ပါသည်။

၁။ အနက်အဓိပ္ပါယ်

ကြွေ့: ရန်မူခြင်း၊ တိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုးခြင်း။

၎င်းသည် "ကြွေ့ကြွေ့" ဟု အသံထွက်၍ အားမာန်ပါပါ တိုက်ခိုက်သည့် သဘောကို ဆောင်ပါသည်။

၂။ ကဗျာလာ အဓိပ္ပါယ် (Context)

ရှင်ဥတ္တမကျော်သည် တိမ်လိပ်များ၏ သဏ္ဌာန်ကို ဂဠုန်နှင့် နဂါး တိုက်ခိုက်နေပုံဖြင့် တင်စားထားခြင်း ဖြစ်ပါသည်။

"တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ခြင်းတွေ့သော်"

ဆိုလိုသည်မှာ တိမ်ဂဠုန်သည် နဂါးကို ရန်ပြုတိုက်ခိုက်ရန် (ကြွေ့) ရင်ဆိုင်တွေ့ဆုံသောအခါဟု အဓိပ္ပါယ်ရပါသည်။ နဂါးနှင့် ဂဠုန်သည် သဘာဝအရ ရန်ဘက်များဖြစ်ကြရာ၊ မိုးကောင်းကင်ယုဂန်ထက်တွင် တိမ်တိုက်များ တရွေ့ရွေ့နှင့် တိုက်ခိုက်နေကြသကဲ့သို့ ထင်မှတ်ရပုံကို ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။

၃။ အခြားနှိုင်းယှဉ်ချက်

မြန်မာစာတွင် "ကြွေ့" နှင့် အသံဆင်တူသော "ကြွေ" (Falling) သို့မဟုတ် "ကြွေ့" (လှပသော အဆင်း - ရှားပါးအသုံး) တို့နှင့် မရောထွေးရန် လိုအပ်ပါသည်။ ဤနေရာတွင်မူ "ရန်ခြင်းတွေ့" ဟူသော နောက်စာသားနှင့် လိုက်ဖက်စွာ တိုက်ခိုက်ခြင်းဟူသော အဓိပ္ပါယ်ကိုသာ ယူရပါမည်။

မှတ်ရန် -

အကယ်၍ ဤနေရာတွင် "ကြွေ့" အစား "ရွေ့" (Move) သို့မဟုတ် အခြားစာလုံးတလုံးလုံး လွဲမှားသွားပါက၊ ဂဠုန်နှင့် နဂါးတို့၏ ပြင်းထန်သော တိုက်ပွဲပုံရိပ်သည် ပေါ်လွင်တော့မည် မဟုတ်ပါ။ ရှင်ဥတ္တမကျော်သည် စကားလုံး အင်အားကြီးမားစေရန် "ကြွေ့" ကဲ့သို့သော ခန့်ညားသည့် အသုံးကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

(၂)

မြန်မာဝစ်ရှင်နရီရှိ

ကြွေ့

ကြိယာ

များပြားပြည့်စုံသည်။

ကိုးကား

တန်းမြင့်နှင့် တက္ကသိုလ်ဝင်အတွက် ဝေါဟာရ စကားလုံးများ (ဆရာဦးဧဟန်)

(၃)

မေးခွန်းတခု = ကြွေ့ကြွေ့ရမ်းရမ်း ဘယ်လိုအဓိပါယ်ခက်ဆစ်ဖွင့်လဲဆရာ

ကြွေ့ = များပြားပြည့်စုံသည်။

စာလုံးကြွေ့ကြွေ့၊ မင်သေ့လှလှ၊ ပီသအက္ခရာ။ 

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည် … တရားနတ်စည် ရွှမ်းတယ်ကို၊ (ခုနစ်နေ့ဘုရားရှိခိုး၊ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး)

အများ ကျင့်တမ်း - ရာဇဝင်ပျို့

တကြောင်းသည်မှ၊   သင်္ဂဟကား

ဒါန ရှေ့ထား၊           မျိုးလေးပါးအား

မှတ်သား မြဲစွဲ၊         နောင်မေ့ခဲအောင်

ဖြန့်ကြဲလွေ့လွေ့၊      ကြပတေ့ဖြင့်

ကြွေ့ကြွေ့ရမ်းရမ်း၊   ဖြည့်ပေးကမ်းလော့

ငြိမ်းချမ်း ချိုမြ၊       ပီယဝါစာ

ဆိုသည်မှာကား

ပါယ်ရွာအဝင်၊         ဟိတ်မဲ့စင်လျက်

နာကျင်သောထွေ၊    နှုတ်မချေကို

မစ္ဆေရစိတ်၊             ထဲခက်ကျိတ်ရှင့်

ရန်မိတ် မမူ၊            ထိုထိုလူအား

မေးမြူကြောင်းလမ်း၊ နှုတ်ချိုဆမ်းလော့

ခွဲခြမ်းပုဒ်ပါဌ်၊          အတ္ထစရ

ဘော်ပြထွေပြား၊      သူတပါး၏

စီးပွားမြော်လမ်း၊     ဖြည့်ဆောင်စွမ်းလော့

စူးစမ်းစာနာ၊           သမာနတ်တ

ပါဌ်အရကား၊          ကိုယ်မျှထပ်တူ

ထိုထိုသူကို

အယူစွဲးလမ်း၊          ကျင့်ကျိုးပမ်းလော့

ခွဲခြမ်းစိတ်ဖြာ၊        သည်အရာကား

လေးဖြာမည်ရ၊        သင်္ဂဟသည်

အမျာ့းသူငါ  ကျင့်တမ်းတည်း။   ။ (ပိုဒ်၂၁)(ဦးဩ)

(၄)

ကြွေကြွေ့ခြုံလွှာပြဇာတ် (သခင်ဘသောင်း)

ရမ်းလွေ့ = ပြည့်စုံလုံလောက်စွာ။ များပြားစွာ။ (ရမ်းရမ်းလွေ့ ဟူ၍လည်း သုံးသည်။)

သုံးသွယ်ဂုဏ်ထူး၊ မြတ်ကျေးဇူး၌၊ ရွှင်မြူးရမ်းလွေ့၊ တထေ့ထေ့လျှင်၊ မမေ့စရာ။

(၅)

ကြွေ့ လူအမည် (အမျိုးသမီး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ