(ပုံတွေအတွက် ကျေးဇူး)
လက်နှိပ်စက်နဲ့ စာရိုက်ကြရတဲ့ခေတ်ကပုံ ဖြစ်ပါတယ်။
စာအရ ၁၉၇၃ ခုနှစ် သင်္ကြန်ကာလတဲ့။
၁၉၈၆ ကတည်းက သတ်ပုံတွေ ပြင်စေအမိန့်ထုတ်ထားပေမဲ့ သတ်ပုံမှန်အတိုင်း ရေးသား၊ ထုတ်ဝေ၊ သင်ကြားခွင့် ရှိသေးတယ်။
၁၉၈၈ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်ပြီး စာပေစိစစ်ရေးပေါ်မှသာ မဖြစ်မနေ တစ် ကြရပါတယ်။
တ နဲ့ တစ် သာမကပါ။
ဇာတ် ကို ဇါတ်လို့လည်း ရေးနိုင်တယ်။
ဦးရှန်စါး လို့လည်း ရေးနိုင်တယ်။
ခေါင်းလေါင်း လို့လည်း ရေးနိုင်တယ်။
ဘိတ်ကြားလို့လည်း ရေးပါတယ်။
စာတမျက်နှာမှာတော့ နှစ်ကိုယ့်တစိတ်လို့ ရေးထားတယ်။
သမိုင်းမှန်ကို သိရမယ်။
အချက်မသိတော့ သားမက် သူခိုးထင် (ကန်တော့)
၂၀၁၂ ခုနှစ်ကတည်းက စာပေစိစစ်ရေး မရှိတော့ပါ။ သတ်ပုံမှန်အတိုင်း ရေးသား၊ သင်ကြား၊ ထုတ်ဝေခွင့် ရှိပါတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment