မေးခွန်းတွေ ဖြေနေတာ ဆယ်နှစ်ကျော်ပြီ။ မေးခွန်းပေါင်း သောင်းဂဏန်း အတော်များပြီ။ မေးနည်းစည်းကမ်းတင်ရတာ အကြိမ်တထောင်ကျော်ပြီ။
တချို့က စိုးရိမ်ရလားသာ မေးတယ်။
တချို့က အန္တရာယ်ရှိသလားသာ မေးတယ်။
တချို့ကက ဆေးခန်းပြရမလားသာ မေးတယ်။
တချို့က ဘာ့ကြောင့်ဖြစ်သလဲသာ မေးတယ်။
တချို့က ဘန်ကောက်သွားစစ်ပြီးပြီ မပျောက်သေးဘူးတဲ့။ ဆေးကုတာ မပါ။
အဲလိုမေးခွန်းတွေမှာ ဘယ်လိုကုသရမလဲ မပါ။ ကျွန်တော်ဖြေချင်တာက ကာကွယ်နည်းနဲ့ ကုသနည်း၊ ရောဂါအကြောင်းနဲ့ ဆေးအကြောင်းတွေဖြစ်တယ်။
နေမကောင်းလို့ မေးတဲ့သူတွေက စာမေးပွဲမေးခွန်းထုတ်သူတချို့လိုပဲ မေးခွန်းအမှားတွေ မေးကြတယ်။
ပညာရေးလည်း နေမကောင်းသေးပါ။
လူတွေလည်း ပညာတတ် စာတတ်တာ နည်းသေးတယ်။
သင်တဲ့စာတွေနဲ့ ဖတ်စရာစာတွေက မှားနေလို့။
ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၁၉

Comments
Post a Comment