ငှက်သွင်ပျံကြွမတက်သော်
ငှက်သွင်ပျံကြွမတတ်သော
ငှက်သွင်ပျံကြွမတက်သော
ငှက်သွင်ပျံကြွမတတ်သောဝ်
၄ မျိုးတွေ့နေရလို့ နတ်သျှင်နောင် ရတုပေါင်းချုပ် မူရင်းစာအုပ်မှာလိုက်ရှာရပါတယ်။
ငှက်သွင်ပျံကြွ မတတ်သော သာ မှန်တယ်။
၁၁-စစ်ချီ မယ်ဘွဲ့ရတု
(ပ) ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချူတိုင်း၊ မှန်တိုင်းဆင့လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်လွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ ထိန်စွန်လေလျှင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွ မတတ်သော။
(ဒု) မြေချေ ကလျှင်၊ ကာလ အလျောက်၊ ပိတောက်လျှံခဲ၊ (ရှေ့ရည်စွဲက)၊ ပုလဲငုံသွယ်၊ အလယ်လှယ်တိ၊ စံပယ်ဖြူဖွေး၊ စံကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်ဖြင့်၊ ရွေးလျက် ရွရွ၊ မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်ဆစာင်ပန်းမှန်၊ မမီလွန်ခဲ့၊ ချိန်တန်သို့သည်၊ ပြန်မည်လေသာ၊ မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မူရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ဟန်စေ့မျှ၊ မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်း၍၊ ဝမ်းနည်းလျက်ပင်၊ ပျောင်းလိမ့်ထင်သည်။ ။ ညက်စင်စံမျာ့း အထွတ်သော။
ပုံပြပြီး AI ကို စာသားတောင်းတော့ အတော်ပြင်ယူရတယ်။
ကျွန်တော်တို့ မြန်မာစာနဲ့ မြန်မာစာပေကို လေ့လာလိုသူတွေ ပေါ့ပေါ့တန်တန်နဲ့ မရပါခင်ဗျား။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment