Skip to main content

ကလျာမိမိမုန်း



 (စာမျက်နှာ - ၉၂)

(ဒေါင်းနွယ်ဆွေ)

မုန်းတိုင်းပမာ

ငါ့လင်္ကာကို

မေတ္တာပျက်ယွင်း

လွယ်မင်းတွက်

သေမင်းကိုယ်စား ငါရေးသတည်း။

သူ့လင်္ကာများသည် ချစ်သူအတွက် သေမင်း ဖြစ်လေသည်ဟုလည်း၊ သူ့ လင်္ကာများတွင် ဖော်ကျူးထား၏။ သို့သော် သူ့ ချစ်သူအား၊ မုန်းမာန်ပွားလျက်ရှိသော လင်္ကာများကိုမူကား၊ တစုံတဦးသော သူကမျှ အဓိပ္ပါယ် မဖော်နိုင်ပါချေတကား။

တခါတရံ သူသည်၊ ညပန်းရထားထက်တွင် မှေးစက်ကာ ပိုးစုန်းကြူးတို့နှင့် စကားရေးဆိုတတ်၏။ ပိုးစုန်းကြူးကလေးတို့က၊ မှိတ်တုတ်မှိတ်ချီ လင်းအံ့သော ရောင်ခြည်ဖြင့် လင်္ကာဆရာအား၊ စကားထာ ဝှက်တတ်၏။

တခါတရံတွင်၊ သူသည် ည ပန်းရထားထက်တွင် အိပ်စက်ကာ၊ ပန်းလိပ်ပြာကလေးတို့နှင့် လင်္ကာဆွေးနွေးတတ်လေသည်။

ပန်း လိပ် ပြာ က လေး များ သည်၊ ပန်းသဘာဝနှင့် ပန်းအလှကို၊ တဖွဲတနွဲ့ အမွမ်းတင် ပြောဆိုလာသောအခါ၊ သူသည် ဟက်ဟက်ပက်ပက် ရယ်မောတတ်လေသည်။

ကလျာမိမိမုန်း (စာမျက်နှာ - ၉၃)

ပြာကလေးတို့၏ ရဲသားဆန်သော ရက်စက်ခြင်းမျိုးကို ချစ်ခြင်းမေတ္တာဟု ခံယူနိုင်ပါမည်လော။

ပင့်ကူကြိုးလိမ်

လူတို့အိမ်တွင်

ခိုင်မြဲစွဲရှာ

ရှုပ်ထွေးစွာလျှင်

သစ္စာမရှိ

ဖြစ်လေဘိသော်

တိရစ္ဆာန်လောက

ဘဝနိစ္စ

ပန်းလိပ်ပြာများ

ချစ်ဗျူဟာသည်

စကားယုံတမ်းပုံပြင်တည်း။

လင်္ကာဆရာသည် လူ့လောကကို ပင့်ကူအိမ်နှင့် နှိုင်းဆဆိုပြန်လေသည်။ ဘဝပေါင်းများစွာ စုဝေးရာ ကျင်လည်ကျက်စားရာဖြစ်သော မနုဿ လူသားလောကတွင်ပင် သစ္စာတရား မရှိခဲ့သော်၊ တိရစ္ဆာန်လောကသားများ ဖြစ်ကြသော ပန်းလိပ်ပြာကလေးတို့၏ ချစ်ဗျူဟာသည် ယုံတမ်း ပုံပြင်များသာ ဖြစ်လေသည်ဟု၊ အချစ် အဘိဓမ္မာ ဆရာ ပန်းလိပ်ပြာကလေးတို့အား၊ ပြင်းပြစွာ ပြောင်လှောင်ရယ်မောလေသည်။

ဒေါင်းနွယ်ဆွေ (စာမျက်နှာ - ၉၄)

ငါမယုံကြည်

ရယ်ရမည်လော

ဝတ်ရည်စုတ်ခါ

ပန်းလိပ်ပြာတွင်

ဘယ်မှာ သစ္စာရှိလေသနည်း။

ပန်းပွင့်များကို ချစ်ပါသည်ဆိုသော ပန်းလိပ်ပြာကလေးများသည်၊ သူတို့ချစ်သည်ဆိုသော ပန်းပွင့်ကေရီ၏ ဝတ်လွှာကို တလွှာစီ၊ တမြုံစီ၊ ဖောက်ခွဲတိုးဝင်၍၊ ရွှေဝါဝတ်ဆံထဲမှ ဝတ်ရည်ချိုမြမြသင်းကို အတင်းအဓမ္မ စုပ်ယူသောက်သုံးကြသည်။ ဝတ်ရည်ကုန်သော်၊ လိုရာသို့ ပျံသန်းကြလေသဖြင့်၊ အပွင့်ပိုင်းပိုင်း၊ အရိုးညှာတံ ပိုင်းပိုင်း၊ ကြေမွကာ၊ ကျန်ရစ်ခဲ့ရရှာသည်။

အချစ်ဆိုသည်မှာ အဘယ်နည်း။ မြတ်နိုးခြင်းဆိုသည်မှာ အဘယ်နည်း။ ပန်း ချစ်သော ပန်းလိပ်ပြာကလေးတို့သည် သူတို့ ချစ်လှပါသည်ဆိုသော ပန်းပွင့်ကလေးများကို၊ သူတို့ပင် ဖျက်ဆီးချေမှုတ်၏။ အချစ်ဆိုသောအဘိဓမ္မာ၏ ဖွင့်ဆိုချက်သည် အဘယ်မှာလျှင် တန်ဘိုးရှိတော့အံ့နည်း။ တစုံတခုသော ရသခံစားမှုအတွက်၊ သက်မဲ့ ပန်းပွင့်ကလေးများသည်၊ မိမိတို့ ကိုယ်တိုင် မိမိတို့ "ချစ်သူ" ဟု တင်စားဖော်ကျူးခဲ့သည့် ပန်းလိပ်ပြာကလေးများ၏ ရက်စက်မှုကို ခံရလေသည်။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ