စာကိုယ် နှင့် အဖြေ
ရေးသူ
ဦးပန်းရည်
မန္တလေး အစိုးရ နေမိကျောင်းဆရာ
ဆဋ္ဌမ အကြိမ် ပုံနှိပ်ခြင်း
လှခင်အင်ဆန်း စာပုံနှိပ်တိုက်၊ ဝါတန်နန်းရပ်၊ မန္တလေးမြို့။
ပဏာမ
ယေဘုယျမင်္ဂလံ။ ။ သဗ္ဗသမ္ပတ္တိ သုံးလူ့ဖန်ရှင်၊ ဓမ္မ သံဃာ၊ မြတ် သုံးဖြာကို၊ သီသာ ဝန္ဒနာ၊ ဦးနှိမ်ချ၍၊ ပုစ္ဆာဝါဒ ကျမ်းဂန်၏၊ အတ္ထ ဝိပ္ပုယ်၊ အသွယ်သွယ်ကို၊ သိလွယ်မိစေငှါ၊ နည်းသစ် ရှာ၍၊ ထပ်ကာ ပြုပြင်၊ ရေးစီရင်သည်၊ ဉာဏ်မြင်တိုးပွား ရှိစေသတည်း။
နိဒါန်း
ပုတ္တောဝါဒပျို့ကို နည်းသစ် တမျိုးထွင်၍ စီစဉ်ရခြင်း အကြောင်း။
အကြောင်းအရာ တခုနှင့် စပ်လျဉ်း၍ ဖွဲ့ဆိုထားသော မြန်မာ ကဗျာများကို ကြည့်ရှုလျှင်၊ ကဗျာ ဖွဲ့နည်း ဥပဒေ ပေါ်အောင်ကိုသာ အဓိက ထား၍၊ စကားလုံးတို့ကို ဤကဲ့သို့ ( ။ ) နှစ်ချောင်းပုဒ်တို့ဖြင့်သာ ပိုင်းခြား၍ ပြသွားကြ၏။ ဖွဲ့ဆိုထားသော စာပိုဒ်တွင် ပါဝင်သော ဝါကျ အသီးသီး တို့ကိုကား ပေါ်လွင်အောင် ပိုင်းခြား၍ မပြကြ။ ထို့ကြောင့်၊ ကဗျာများကို သင်ကြား၊ ကြည့်ရှုသူတို့မှာ ဆိုလိုရင်း အဓိပ္ပာယ်ကို ပေါ်အောင် မည်သည့် နေရာတွင် ဖြတ်၍ ဖတ်ရမည်ကို မသိကြချေ။ ဤ အခက်အခဲသည် ကဗျာ သင်ကြား၊ ကြည့်ရှုသူတို့ အဖို့ အကြီးဆုံး အခက်အခဲ ဖြစ်သည်။ ထို့ကြောင့် မဟုတ်လော။ “မဲဇာတောင်ခြေ ရတု” တွင် ဝါကျကို မှား၍ ဖြတ်ဖတ်ကြသောကြောင့်၊ အချို့က “နေ ချမ်းသည်” ၊ အချို့က “လူ ချမ်းသည်” ဟု အငြင်းအခုံ ဖြစ်ပွားကြ၏။ ကဗျာများကို သင်ကြား ကြည့်ရှုကြရာ၌၊ ဖွဲ့ဆိုထားသော အကြောင်းကို ပန်းချီကားကဲ့သို့ ပေါ်ပေါ်လွင်လွင် သိမြင်မှုမသာလျှင်၊ ဆက်လက်၍ သင်ကြား၊ ဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာကြမည်မဟုတ်ပေ။ သို့မဟုတ်က ဆက်လက်၍ သင်ကြား ဖတ်ရှုလိုစိတ် ဖြစ်ပေါ်ကြမည် မဟုတ်ချေ။
သို့အတွက် ကျွန်ုပ်သည် ပုတ္တောဝါဒပျို့ကို ကျောင်းသားတို့ သင်ကြား ကြည့်ရှုကြသည့် အခါ၌၊ ဆက်လက်၍ သင်ကြားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာအောင် နည်းသစ် တမျိုး ထွင်၍ စီစဉ်လိုက်ပါသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ပျို့တိုင်း ပျို့တိုင်းကို သင်ကြား ဖတ်ရှုကြသည့် အခါ၌၊ လင်္ကာဖွဲ့နည်း ဥပဒေကိုလည်း သိကြစေရန်နှင့် ဆိုလိုသော ဝါကျတို့ကိုလည်း ကွဲကွဲပြားပြား သိကြစေရန် နည်းသစ် တမျိုး ထွင်၍ စီစဉ် ပုံနှိပ်လိုက်သည် ဟု ဆိုလိုပါသည်။
ပုတ္တောဝါဒပျို့ကို နည်းသစ် တမျိုး ထွင်၍ စီစဉ်ပုံ။
ပုတ္တောဝါဒပျို့သည် နောက်ဆုံး အချုပ်ပိုဒ်မှတပါး၊ အက္ခရာ လေးလုံးစီ ထား၍ ဖွဲ့ဆိုသော ကဗျာမျိုး ဖြစ်၍၊ ပျို့တိုင်း ပျို့တိုင်းတွင် ရှေးအခါက အက္ခရာ လေးလုံးစီ ပါဝင်သော စာပိုဒ်များကိုသာ ပေါ်လွင်အောင် ဤကဲ့သို့ ( ။ ) နှစ်ချောင်းပုဒ်တို့ဖြင့် ပိုင်းခြား၍ ပြထားကြ၏။ ပျို့အသီးသီးတို့တွင် ပါဝင်သော ဆိုလိုသော ဝါကျတို့ကိုကား ပေါ်လွင်အောင် ပိုင်းခြား၍ မပြကြချေ။ ယခု ပျို့တိုင်း ပျို့တိုင်းတွင် လင်္ကာ ဖွဲ့နည်း ဥပဒေကိုလည်း သိကြစေရန်နှင့် ဆိုလိုသော ဝါကျတို့ကိုလည်း ကွဲကွဲပြားပြား သိကြစေရန် အောက်ပါအတိုင်း နည်းသစ် တမျိုး ထွင်၍ စီစဉ်လိုက်ပါသည်။
(၁) ရှေးအခါက ပျို့တိုင်း ပျို့တိုင်းတွင် အက္ခရာ လေးလုံးစီ ပါဝင်သော စာပိုဒ်များကို ပေါ်လွင် ထင်ရှားအောင် ပိုင်းခြား၍ ပြသော ( ။ ) နှစ်ချောင်းပုဒ်တို့၏ နေရာများတွင် ( , ) ကော်မာများကို အသုံးပြုလိုက်ပါသည်။
မှတ်ချက်။ ။ "ပုတ္တောဝါဒပျို့" စာအုပ်ပါ စာသားများကို ကူးယူရာတွင် ပုံပါမူရင်းအတိုင်း 'တမျိုး' ၊ 'တပါး' စသည့် pre-1986 သတ်ပုံများကို အတိအကျ လိုက်နာထားပါသည်။ စာမျက်နှာ ၅ ရှိ "သင်ကြား ဖတ်ရှုလိုစိတ်" ဟူသော စာသားမှာ စာမျက်နှာအောက်ခြေတွင် တကြိမ်၊ အပေါ်တွင် တကြိမ် ထပ်နေသည်ကိုလည်း မူရင်းအတိုင်း ထည့်သွင်းပေးထားပါသည်။
-
၁၄။ ဤသို့သဘာ၊ ပျားသကာလည်း၊ ပမာမျှချို၊ နှမကိုသာ၊ လူ့ရေးရာ၌၊ လိမ္မာစေလို၊ ထပ်မံဆိုအံ့၊ နားချိုမောင်ထွေး၊ မွေးဘမျက်စိ၊ မွေးမိ မျက်ထောင်၊ နှမမောင်။ ။ မောင်ငယ်ရင်သွေး၊ နာဘီ လေးလေ၊ ရှေးသရောခါ၊ ဗြဟ္မပရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘ ရင်ငွေ့၊ ခဏ ရွေ့သော်၊ အရှေ့ အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှီးအပ်ဥစ္စာ၊ ရှိသည်တို့ကို၊
များစွာကျန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိပ်ကိုရောင်း၍၊ ထောင်ထောင်းကြေလျှက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါသည်၊ နင်သာလူမိုက်၊ နုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသော်။ ။ ဧကဒ် သေ၊ လင်းတ ကျ၏တည်း။
ဝီကီပီးဒီးယား မှာ တင်ထားတာ မှားနေတယ်။
နှမကမောင်ကို ဆုံးမခန်း
၁။ "ဤသို့သာယာ"၊ ပျားသကာလည်း၊ ပမာမမျှ၊ ချစ်နှမက၊ မောင်လှကိုသာ၊ လူရေးရာ၌၊ လိမ္မာစေလို၊ "တစ်ဖန်"ဆို၍၊ နားချိုမောင်လှ၊ မွေးဘမျက်စိ၊ မွေးမိမျက်တောင်၊ နှမမောင်၊ မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှနေ၍၊ စာပေမကျ၊ မိဘစုတေ၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကျေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်။ ။ "ကောင်သေလင်းတ ကျ၏တည်း"။
ပုတ္တောဝါဒပျို့ ပုတ္တောဝါဒ ဆုံးမစာကို ဆားထုံဆရာတော် (၉၁၈-၉၇ဝ) ခန့် က ရေးသားပြုစုခဲ့သည်။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment