(သတ် နဲ့ ငြိမ်း)
အောက်သားတယောက်ဟာ တခါတခေါက်ဆိုသလို ရတနာပုံ မန်းနေပြည်တော်ကို အလည်ရောက်လာသတဲ့
သူဟာ ညဉ့်နက်အောင် ရှောက်လယ်ပြီး သူများတွေအိပ်တဲ့အချိန်မှ တည်းခိုတဲ့အိမ်ကို ပြန်လာတတ်တာမို့
အိမ်ရှင်တွေဟာ သူ့ကိုစောင့်မနေနိုင်ဘဲ မိးအိမ်ကိုငြိမ်းပြီး အိပ်နှင့်ကြတာကြောင့် မှောင်ထဲမယ် မကြာခဏ ချော်လဲသတဲ့
အင့်
မီး ထွန်းသာထားပါဗျာ
ကျွန်တော်ပြန်လာမှ မီးသတ်ပါ့မယ်
ကောင်းပါဘီ ဒါပေမဲ့ မီးသတ်တယ်လို့ မပြောရဘူး
သတ် အစား ငြိမ်းကို သုံးမှပေါ့
တနေ့မှာ အောက်သားဟာ လက်ဝှေ့ပွဲကြည့်ပြီး
ဘယ်ကလာသတုန်း
လက်ဝှေ့ငြိမ်းပွဲကြည့်ပြီး ပြန်လာတာပါ
ခေါင်းမှာ ကြက်တောင်စိုက်ထားတဲ့ လက်ဝှေ့ငြိမ်းသမားက လက်သီးနဲ့ ကော်ပြီး ငြိမ်းလိုက်တာ ကျန်တယောက်ဟာ လဲသွားရော
ထပ်ပြီး မငြိမ်းဝံ့ဘူး
ငြိမ်းလဲ သူဘဲရှုံုးမှာဘဲ
မှတ်ရန်များ
- သင်္ဂဇာလို့ ရေးကြပါတယ်။
- လျှောက်လည် က မှန်တယ်။ အသံအရ ရှောက် လို့ရေးတာဖြစ်ပါတယ်။
- ကောင်းပါဘီ ကလည်း အသံအရရေးတာ။ သတ်ပုံမှန်က ကောင်းပါပြီ။
- တယောက် မှန်တယ်။
- တခါတခေါက် မှန်တယ်။
- တနေ့မှာ မှန်တယ်။
- ကျန်တယောက် မှန်တယ်။
- စောင့်မနေနိုင်ဘဲ မှန်တယ်။ မစောင့်နေနိုင်ဘဲ မဟုတ်ပါ။
- အခုတလော သတ် စာလုံးရေးရင် ဘာဖြစ်တယ် ညာဖြစ်တယ်လို့ပြောနေကြတာတွေ မမှန်ပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment