(၁)
AI
"ပညာရည်နို့" သည်သာ အမှန်ဖြစ်ပါသည်ခင်ဗျာ။
ယင်းဝေါဟာရ၏ အဓိပ္ပာယ်နှင့် အသုံးအနှုံးကို ၁၉၈၆ ခုနှစ်မတိုင်မီ သတ်ပုံစံနစ်ဟောင်း (မူဟောင်း) နှင့်အညီ အောက်ပါအတိုင်း မှတ်သားနိုင်ပါသည်။
၁။ အဓိပ္ပာယ်
ပညာရည်နို့ ဆိုသည်မှာ ပညာတည်းဟူသော အဖိုးတန်လှသည့် နို့ရည်ဟု အဓိပ္ပာယ်ရပါသည်။ မိခင်သည် မိမိ၏ ရင်သွေးငယ်ကို ချစ်မြတ်နိုးလှသဖြင့် မိမိ၏ ရင်မှထွက်သော နို့ရည်ကို တိုက်ကျွေး၍ ပြုစုပျိုးထောင်သကဲ့သို့၊ ဆရာသမားများကလည်း တပည့်များအား မိမိတို့ တတ်သိနားလည်ထားသော ပညာရပ်များကို စေတနာရှေ့ထား၍ တိုက်ကျွေးခြင်းကို "ပညာရည်နို့ တိုက်ကျွေးသည်" ဟု တင်စားသုံးနှုံးခြင်း ဖြစ်ပါသည်။
၂။ သတ်ပုံခွဲခြားပုံ
ပညာရည် + နို့ - ပညာတည်းဟူသော အရည် (သို့မဟုတ်) ပညာဟူသော နို့ရည်။
ရင်နို့ - ဤစကားလုံးမှာ "ရင်မှထွက်သောနို့" ဟု အဓိပ္ပာယ်ရသော်လည်း၊ ပညာနှင့် တွဲဖက်သုံးနှုံးရာတွင်မူ "ပညာရည်နို့" ဟူသော ပေါင်းစပ်ပုဒ်သည်သာ မြန်မာစာပေလောကတွင် ရှေးအစဉ်အဆက် အသုံးပြုခဲ့သည့် စံသတ်ပုံ ဖြစ်ပါသည်။
၃။ စာပေအကိုးအကား
မြန်မာကဗျာများနှင့် စာအုပ်စာပေများတွင် "ပညာရည်နို့ သောက်စို့ရသည်" ဟူသော အသုံးအနှုံးကိုသာ တွေ့ရလေ့ရှိပါသည်။ သင်ကြားပြသပေးသော ကျောင်းကိုလည်း "ပညာရည်နို့ တိုက်ကျွေးရာအရပ်" ဟု ရည်ညွှန်းလေ့ရှိကြပါသည်။
(၂)
ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် "မိခင်ကျောင်း"၊ သို့မဟုတ် "ပညာရင်နို့ သောက်စို့ရာ" ဟု ဘာသာပြန်လေ့ရှိသည့် စကားစု၏ မူရင်းမှာ "Alma mater" ဟူသည့် လက်တင်ဘာသာ စကားစုဖြစ်သည်။ လက်တင်ဘာသာဖြင့် alma ဆိုသည်မှာ အာဟာရ ပြည့်ဖြိုးစေသော၊ သို့မဟုတ် ကြင်နာသော ဟု အဓိပ္ပာယ်ရပြီး၊ mater ဆိုသည်မှာ မိခင် ဟု အဓိပ္ပာယ်ရသည်။ အသုံးနည်းသည့် ဗဟုဝုစ်ကိန်းမှာ almae matres ဖြစ်သည်။
ဤစကားစုကို ရှေးရောမ (ancient Rome) ခေတ်တွင်း မယ်တော်နတ်ဘုရား (mother goddess) များ၊ အထူးသဖြင့် စီးရီးစ် (Ceres) သို့ စစ်ဘလီ (Cybele)၊[၁] ကို ရည်ညွှန်းရာတွင် အသုံးပြုပြီး၊ နောင် ခရစ်ယာန်ဘာသာ ထွန်းကားလာပြီးနောက်တွင် မယ်တော်မေရီ (Virgin Mary) ကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ မျက်မှောက်ခေတ် ဘာသာစကားများတွင်မူ ဤစကားစုကို ပညာရေး အသိုင်းအဝန်းတွင် အဓိက အသုံးပြုကြပြီး၊ မိမိ တက်ရောက်ခဲ့ရာ၊ ဘွဲ့ရခဲ့ရာ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်ကို ရည်ညွှန်းသည်။
(၃)
Ven Sucarinda
မိမိ၏ ပညာရင်နို့ သောက်စို့ခဲ့ရာ မိခင်ကျောင်းတော်ကြီး
အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်သို့
မရောက်ဖြစ်တာ ၁၅နှစ်ကြာခဲ့ပြီ
(၄)
ပြန်ကြားရေးဝန်ကြီးဌာန
တက္ကသီလာ မြကျွန်းသာမှာပညာရည်နို့ သောက်စို့ခဲ့ပါသည် (အပိုင်း-၇) အလှရွှန်းစို မြကျွန်းညိုမှ အမိတက္ကသိုလ်သို့ တမ်းခြင်း
(၅)
နှင်းခဲပွင့်သစ် group
"မြတ်ဆရာ"
ပညာရင်နို့ သောက်စို့စေရေး
မျှဝေပေးသည့် မြတ်သောဆရာ
မြတ်ဆရာ။
(၆)
မှတ်ချက်
ပညာရည်နို့ နဲ့ ပညာရင်နို့ နှစ်မျိုးလုံး တွေ့ပါတယ်။
ကျွန်တော့်အထင် -
ကလေးက မိခင်ရင်နို့ကို စို့သည်။
ကလေးသည် နို့ရည်ကို နှစ်ခြိုက်သည်။
ပညာရည် ဆိုတာက အရည်အသွေးကို ဦးစားပေးတာဖြစ်ပြီး၊
ပညာရင်နို့က ရင်(ရင်သား) မှာရှိတဲ့ သို့မဟုတ် ရင်သားကလာတဲ့ နို့ရည်။ (ကန်တော့)
ပိုပြီးခိုင်မာတဲ့ မူရင်းအသုံးတွေ့လာရင် တင်ပြပါမည်။
(၇)
နို့မို့
၁။ မဂ်လာပါ ဆရာ နို့မို့ဆိုရင် ဆိုတဲ့စကားက မြန်မာစကားမှာရှိလား ခင်ဗျ
၂။ နို့မို့ဆို ဆိုတဲ့ဟာလေးရှင်းပြပါလားဆရာ အခုထိဘာမှန်းမသိသေးလို့
နို့မို့ က စံကိုက်စာလုံးပေါင်းတော့ မဟုတ်ပါ။ စကားအရာမှာတော့ သုံးကြတယ်။
နို့မို့ ဆိုတာ အဲလိုမဟုတ်ဘူးဆိုရင် သဘောဖြစ်ပါမယ်။ အဲလိုမလုပ်ရင်။ အဲလိုဖြစ်မလာရင်။ အဲလိုသာ မဟုတ်ရင်။
ကဗျာတပုဒ်ထဲမှာလည်း တွေ့ထားတယ်။
ပညာနဲ့ သညာ
ပညာနဲ့ သညာ မတူရာမလေ၊
တခါတရံ အဆက်အစပ်ပင်မရှိချေ။
သညာဟာ တပါးသူ့စိတ်ကူး၊
အငှားဝတ်ဖြင့် ကြွားဝင်ရွှင်မြူး။
ပညာကား မိမိပစ္စည်းထာဝစဉ်၊
ပိုင်းခြားသိမြင် စွမ်းနိုင်တော့အင်။
ကုန်ကြမ်း သက်သက်သညာကို၊
ပညာရက်ကန်းမှာ တင်ရက်ဖို့လို။
နို့မို့ သညာများတာဟာ မင်ကြောင်ထိုးရာ၊
ဆေးအတွက် ပိုလေးတာနဲ့ တူမှား။
သညာသည် အသိကြွယ်သည်ဟု တံခွန်ထူဘိ၊
ပညာကား အသိနည်းတယ်လို့ နှိမ့်ချ၏။ ။ (မောင်ဖြူး)
မှတ်ရန်
ဒေါက်တာမောင်ဖြူး ခေါ် တန်ဂွမ်လျောင် ခေါ် မောင်ရခဲ နဲ့ မရွှေဖဲ ရေးသားသူက တခါတရံ လို့ ရေးပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment