မက်ဆေ့ချ် တခု = ဒီ MP4 က သင်္ကြန်ကာလမှာကျနော်တင်ထားတာပါ။ သီချင်းနာမည်ကို "မြူမှောင်ဝေကင်း" အစား "မြူမှောင်ဝေးကင်း " လို့ကျနော်ရေးထားပါတယ်။
ပြန်စာ
ဟုတ်။
တရား၊ စာ၊ ကဗျာ၊ သီချင်း၊ ကာတွန်းတွေကို ကိုယ်တိုင်ရေးသားရင် ကိုယ့်သတ်ပုံနဲ့ ရေးလိုက ရေးနိုင်ပါတယ်။
မူရင်း တရား၊ စာ၊ ကဗျာ၊ သီချင်း၊ ကာတွန်းတွေကိုတော့ ထင်သလို၊ ကြိုက်သလို မပြင်သင့်ပါ။
မြူမှောင်ဝေကင်း နဲ့ မြူမှောင်ဝေးကင်း အဓိပ္ပါယ် မတူပါ။
မြူမှောင်ဝေ = မြူခိုးမှောင်မှောင်များ ပျံ့နှံ့ဖုံးလွှမ်းနေသည်ဟု အဓိပ္ပာယ်ရသည်။
မြူမှောင်ဝေး = မြူမှောင်များနှင့် အလှမ်းဝေးရာသို့ ရောက်သွားခြင်းကို ဆိုလိုသည်။
ဝေဆိုတာ
ဝေခြမ်း
ဝေဇယန်
ဝေတမ်းဝေပုံ
ဝေပုံကျ
ဝေဖန်
ဝေဖန်တိကပြု
ဝေဖြန့်
ဝေယျာဝစ္စ
ဝေဝါး
ဝေတေတေ
ဝေဝုစ်(ပရိယာယ်)
နှင်းတွေဝေမှဖြင့်ကွယ်
ဝေးဆိုတာ
ဝေးလံ
ဝေးကွာ
ဝေးဝေးနေ
ဝေးဝေးသွား
ဝေးကြပြီ
အဝေးကြီး
အကွာအဝေး
ချစ်သူ၀ေး၀ေးသွားပါနဲ့လားကွယ် စန္ဒရားချစ်ဆွေ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment