အလယ်တန်း
ပြည်ထောင်စုဆယလ်လစ် သမ္မတမြန်မာနိုင်ငံတော်
ပညာရေးဝန်ကြီးဌာန ကျောင်းသုံးစာအုပ်ကော်မတီ
၁၉၇၅ ခု၊ မတ်လ။
၁။ ပြည်ချစ်အလှ
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သမီးငယ်သည်
ဘယ်တာဝန်ကို ယူမည်နည်း။
သူ့ကိုဖွားစ၊ သခင်ဘဝတည့်
ရခဲအောင်ဆု၊ ပြည်ထောင်စုတည့်
သူ့အလံနှင့် သီချင်းနှင့်။
ကျားဆိုးမဝင်၊ စည်းရုံးပြင်လော့
ဆင်ခြင်သတိ၊ အစောင့်ရှိလော့
ကျား၏ ပရိယာယ်၊ အလွန်ကြွယ်သည်
အဆွယ်ကောင်းနှင့် အခြောက်နှင့်။
ကျားဆိုးမလာ၊ တားဆီးရာဝယ်
ပညာလုပ်အား၊ မှန်တရားသည်
ပြည်သားစင်စစ်၊ ပြည့်အနှစ်ဟု
ပြည်ချစ်စိတ်နှင့် အမြင်နှင့်။
(ဇော်ဂျီ)
၂။ မတ်လ တော်လှန်ရေး
မိုးကုပ်ကုပ်ဝယ်၊ အို ရုတ်တရက်
ဖျဉ်းဖြူစုတ်၍၊ ကဲ့အက်ကြောင်းရာ
ဟ ဟ လာပြီး၊ မိုးပြာကိုဖြတ်
ပတ္တမြားရည်၊ စီးလည်အဟုန်
နီမြန်းကုန်သည်၊ အာရုဏ်ပေါ်စ ဝိုးတဝါး။
မှုန်မွှားမွှားလျှင်၊ ဝိုးဝါးတိတ်ဆိတ်
ကြယ်ရောင်ရိပ်ဝယ်၊ မြစ်ဆိပ်နှင့်လည်း
မနီးမဝေး၊ ချောင်းရိုးဘေးမှ
ဖြေးဖြေးညင်းညင်း၊ လှေတစင်းထက်
တောတွင်းသားပျို၊ ဖျင်လက်တိုနှင့်
ကိုယ်ကိုဝှက်၍၊ စိုက်စိုက်ရှုသည်
ခြောက်သွေ့မြက်ထုံး၊ ကောက်ရိုးဖုံးလျက်
ကွယ်ပုန်းဝှက်လာ၊ ယူကာလက်ထောက်
အလျားမှောက်သည်၊ လှေအောက်ဝမ်းမှ စက်သေနတ်။
အမှောင်ရိပ်ဝယ်၊ မွေးမြိတ်ငြိမ်သက်
ချောင်းကွေ့ထောင့်တွင်၊ အုပ်ယှက်ထွေးရော
သင်ပေါင်းတော၏၊ နောက်ကျောဝေးပျစ်
သောင်ရေစပ်မှ၊ ဖက်ဆပ်ကင်းစောင့်စခန်း။
ချောင်းကိုကွေ့သော်၊ တွေ့လျှင်တွေ့ချင်း
မြေငူရင်းသို့၊ ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရပ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံပဲ့တင်ထပ်သတည်း။
ငွေလရောင်လျှင်၊ အမှောင်ညရိပ်
သေးသေးစိတ်သား၊ မိုးထိပ်တိမ်သော်
ငြိမ်ငြိမ်ပေါ်သည်၊ စန္ဒြာပြုံးလှည့်
ငံ့ကာကြည့်ရှု၊ ထွန်းသည့်ညအခါ။
ထိန်ထိန်သာသော်၊ ကျယ်စွာဝမ်းလျှား
လယ်ကွင်းနားမှ၊ တောဖျားသို့အုပ်
မှိတ်တုတ်တုတ်လျှင်၊ ယိမ်းလှုပ်ပြကာ
မီးအိမ်ဝါနှင့်၊ အာကာပြမှိုင်း
တုံ့လှဲဆိုင်း၍၊ ဖြူဝိုင်းစက်စက်
ဆင်းလာသက်မှ၊ လက်လက်ရောင်ထင်
ကျသွင့်သွင်သည်၊ လေယာဉ်ပေါ်မှ စစ်ရီကွာ။
ရွာတရွာကား၊ မှိုင်းပြာမဲညို့
မီးရှို့လောင်ကျွမ်း၊ တင်းဝင်ရမ်းကြောင့်
ပရမ်းပတာ၊ ထွက်ပြေးရှာရ
လဟာသွေသွေ၊ ခိုငွေငွေဝေ
မီးလောင်မြေမှ၊ နွမ်းခွေပျောင်းလဲ့
ညှဉ်းလေဖွဲ့ကာ၊ သဲ့သဲ့ခွေးဟောင်သံတကား။
ခရွေပွင့်လျှင်၊ ကြွေရင့်ဝါဝါ
မြေ၌မှာလျှင်၊ ရောကာပေါင်းယှက်
ဟောင်းသစ်ရွက်နှင့်၊ တဝက်မောင်းနီ
ဝေလည်လည်ကို၊ လေချိုသုတ်ဖြူး
နီဝါကူးသည်၊ နွေဦးပေါက်မို့ ရှော်ရွက်ကြွေ။
ရင့်ကြွေညောင်းသည်၊ ရွက်ဟောင်းစွန့်ပစ်
ဘဝသစ်သို့၊ သစ်ပင်ပြောင်းမည်
ဖူးသစ်မိသည်၊ အနီထဲမှ ကြွယ်ဖြူပွင့်။
(ဒဂုန်တာရာ)
မှတ်ရန်
၁၉၈၆ ခုနှစ်အထိ ကျောင်းသုံးစာအုပ်တွေ သူငယ်တန်းကနေ တက္ကသိုလ်အထိ သတ်ပုံတွေ မှန်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment