(၁)
ဘုရား = ရှေးဟောင်းဗမာ ဖုရာ (phurā) မှ ဆင်းသက်လာသည်၊ သင်္သကရိုက် वर पूजार्ह (vara pūjārha, “venerable enclosure”) မှ မွေးစားထားသည်။ ရှမ်း ၽြႃး (phraa4) နှင့် မွန် ပြဲ (proa) တို့နှင့် ရင်းမြစ်တူဝေါဟာရဖြစ်နိုင်သည်။
အသံထွက်
syllable: ဖု'ရား
IPA(key): /pʰəjá/
ရောမအက္ခရာဖလှယ်ခြင်း: MLCTS: bhu.ra: • ALA-LC: bhurā″ • BGN/PCGN: hpăya: • Okell: hpăyà
နာမ်
ဘုရား (bhu.ra:) (ရေတွက်ပုံ ဆူ or ပါး)
(Buddhism) သစ္စာလေးပါးကို အလိုလိုသိသည့် ပုဂ္ဂိုလ်မြတ်၊ ဗုဒ္ဓ။
ဗုဒ္ဓေါတိဘုရားဟူသည်ကား သဗ္ဗညုဉာဏ်တော်သာတည်း။ဧကေ။၁၀၇။ ဘုရားနေရာ၊ပန်းနေရာ၌၊ခုနစ်ရက်တိုင်တိုင်လျှင်နေတော်မူ၏။ပါရာ။၆။
(Buddhism) ဘုရားဆင်းတုတော်စေတီ၊ပုထိုးစသည်။
ဘုရား၊စေတီ၊လိုဏ်၊မုခ်၏။ဝေါ၊၂၄၀။မြေစိုက်ဘုရားကြီးကိုတည်ပြိးသည့်နောက်။စကား။၇၂။
(honorific) ရဟန်း၊မင်းစသည်တို့ကို ပြောဆိုရာတွင် အရိုအသေသုံးသည့် အာလုပ်စကား။
ရှင်ဘုရင်ကိုဘုရားဟူ၍ခေါ်ဝေါ်လေ့ရှိကြသည်။ ချုပ်ပုံ၊တ။၁၇၁။
အရာခပ်သိမ်းကို ဖန်းဆင်း၍ ထိန်းသိမ်းအုပ်ချုပ်သည့် တဦးတည်းသော ပုဂ္ဂိုလ်။
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ကမ္ဘာဦး၊၁၊၁။
ပူဇော်အထူးကိုခံထိုက်သော တန်ခိုးရှင်နတ်မင်း။
ရောမနတ်ဘုရားများအနက် ယုပိတာသည် ထင်ရှား၏။
ပူဇော်ခံထိုက်သောသူ၊ ရိုသေလေးစားခံထားသောသူ။
မိန်းမတို့သည် မိမိ၏ အရှင်သခင် လင်ကို ဘုရားတဆူ၊ ဂူတလုံးကဲ့သို့ ထင်မှတ်လျက်၊၁၂၉၅-ခန့်၊လွယ်အိတ်။၃၁၄။
အာမေဍိတ်
ဘုရား (bhu.ra:)
ရုတ်တရက်ဖြစ်ပေါ်သောအခါ ပြောသောစကားလုံး
ဟဲ့ ဘုရားရေ။
သောက၊ပရိဒေဝ၊ဆည်းရဲဒုက္ခရောက်သောအခါ ညီးတွားသောစကားလုံး။
အိုမြတ်စွာဘုရား။
ဆင့်ပွားဝေါဟာရများ
ဂူဘုရား (gubhu.ra:)
ဘုန်းတော်ကြီးဘုရား (bhun:tau-kri:bhu.ra:)
ဘုရားကိုးဆူ (bhu.ra:kui:hcu)
ဆင်းသက်လာသည်များ
→ ပအိုဝ်း: ဖရာꩻ
ဆက်လက်ဖတ်ရှုရန်
“ဘုရား” in The Judson Burmese–English Dictionary (Rangoon: American Baptist Mission Press 1921), page 728
(၂)
ရွှေတိဂုံ သည် အမျိုးအစားအားဖြင့် စေတီ ဖြစ်ပါသည်။
မြန်မာ့ဓလေ့ထုံးတမ်းနှင့် ဝေါဟာရအသုံးအနှုန်းအရ အောက်ပါအတိုင်း ခွဲခြားနားလည်နိုင်ပါသည် -
စေတီ: ဌာပနာတိုက်အတွင်း ဓာတ်တော်၊ မွေတော် သို့မဟုတ် အထိမ်းအမှတ် ပစ္စည်းများ ထည့်သွင်းတည်ထားပြီး အတွင်းသို့ ဝင်၍မရသော အခိုင်အပိတ် အဆောက်အအုံကို ဆိုလိုပါသည်။ (ဥပမာ - ရွှေတိဂုံစေတီတော်၊ ရွှေစည်းခုံစေတီတော်)
ပုထိုး / ဘုရား: အတွင်းသို့ လူဝင်၍ရသော ဂန္ဓကုဋိတိုက်ပါရှိသည့် အဆောက်အအုံမျိုးကို ဆိုလိုပါသည်။ (ဥပမာ - အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား)
သို့သော် မြန်မာလူမျိုးတို့သည် ကြည်ညိုလေးမြတ်မှုဖြင့် ယေဘုယျအားဖြင့် "ရွှေတိဂုံဘုရား" ဟုလည်း ခေါ်ဆိုလေ့ရှိကြပါသည်။ စာပေအသုံးအနှုန်းအရမူ "ရွှေတိဂုံစေတီတော်မြတ်ကြီး" ဟု သုံးနှုန်းခြင်းက ပိုမိုတိကျပါသည်။
စေတိယ =စေတီ ဟူသည် မူလအနက်အရ လူတို့အမြတ်တနိုး ရှိခိုးဦးချ ကိုးကွယ်ကြသည့် အရာမှန်သမျှကို ဆိုလိုသည်။ သို့သော် ပါဠိဘာသာကို ဗုဒ္ဓဘာသာတွင်သာ သုံးနှုန်းသဖြင့် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်၊ အသုံးအဆောင်များ အစရှိသည်တို့ကို ဌာပနာထားသော သာသနိက အဆောက်အဦးများ၊ ထိုသို့ဌာပနာမပါသော်လည်း ဗုဒ္ဓကိုရည်မှန်း ဆောက်လုပ်ထားအပ်သော သာသနိကအဆောက်အအုံများကို စေတီဟု သတ်မှတ်နိုင်သည်။ စေတီဟူသည်မှာ အရိုအသေပြုအပ်သော အရာဝတ္ထုဖြစ်၏။ စေတီသည်−
ဓာတုစေတီ = ဘုရားရှင်၏ ဓာတ်တော်၊
ဓမ္မစေတီ၊ = တရားတော်၊ ဓမ္မခန္ဓာများ၊
ပရိဘောဂစေတီ = ဘုရားရှင်၏ အသုံးအဆောင်၊
ဥဒ္ဒိဿစေတီ၊ = ဘုရားရှင် ကိုယ်စား ရုပ်တုတော်၊ ဆင်းတုတော်
ပါဒစေတီ၊ = ဘုရားရှင်၏စက်လက္ခဏာတော် ဟူ၍ငါးမျိုးရှိသည်။
ပုထိုး = အုတ်ကျောက်တို့ဖြင့်တည်လုပ်ထားသောဘုရားစေတီ။
ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သောစေတီပုထိုးများကိုသာအများအပြားတည်ဆောက်ခဲ့သည်။ မြန်မာ့ပန်း။ ၈။
(၃)
Cetiya (စေတီပုထိုးများ)
စေတီလေးမျိုး (သမ္ဗုဒ္ဓေ ဂါထာလာ အဖွင့်များအတိုင်း):
ဓာတုစေတီ: မြတ်စွာဘုရား၏ ရုပ်ကလာပ်တော်မှ ကြွင်းကျန်ရစ်သော ဓာတ်တော်၊ မွေတော်များကို ဌာပနာ၍ တည်ထားသော စေတီ။
ပရိဘောဂစေတီ: မြတ်စွာဘုရား အသုံးပြုတော်မူခဲ့သော ပစ္စည်းများ (ဥပမာ - သပိတ်၊ သင်္ကန်း၊ ဗောဓိညောင်ပင်) ကို ရည်မှန်း၍ ပူဇော်သော စေတီ။
ဓမ္မစေတီ: မြတ်စွာဘုရား၏ တရားတော်များ (ပိဋကတ်တော်များ) ကို ဌာပနာ၍ တည်ထားသော စေတီ။
ဥဒ္ဒိဿစေတီ: မြတ်စွာဘုရားကို ရည်မှန်း၍ ထုလုပ်ပူဇော်သော ဆင်းတုတော်များ၊ ရုပ်ပွားတော်များ။
သမိုင်းကြောင်း တင်စားချက်:
ဗုဒ္ဓဘာသာ မတိုင်မီ အိန္ဒိယတွင် Caitya ဆိုသည်မှာ နတ်ကိန်းဝပ်ရာ သို့မဟုတ် သန့်ရှင်းမြင့်မြတ်သော ပြင်ပနေရာများကို ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရပါတယ်။
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဝေသာလီပြည်တဝိုက်က စေတီ (Caitya) တွေဟာ သာယာကြည်နူးဖွယ် ကောင်းကြောင်း အာနန္ဒာကို မိန့်ကြားခဲ့တဲ့ မှတ်တမ်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
(၄)
ဗုဒ္ဓ
ဗုဒ္ဓဘာသာတွင် ဗုဒ္ဓ (သို့) ဗုဒ္ဓတ္တ (ဗုဒ္ဓ၏အဖြစ်) ဆိုသည်မှာ သစ္စာလေးပါးကို ကိုယ်တိုင်အသိဉာဏ်ဖြင့် သိရှိသောကြောင့် ဉာဏ်အလင်းပွင့်သူ (the Awakened)[၁]၊ သဗ္ဗညုတဉာဏ်တော် (ဗောဓိဉာဏ်)ကို ပိုင်ဆိုင်သူ၊ လမ်းညွှန်ပြသပေးသည့် ဆရာမရှိဘဲ ကိုယ်တိုင်အားထုတ်မှုဖြင့်သာ ဗုဒ္ဓအဖြစ်သို့ရောက်ရှိသူ၊ နိဗ္ဗာန်သို့ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် ရောက်ရှိသောသူဟု ယေဘုယျအနက်ရရှိသည်။ ဗုဒ္ဓဟူသည့်စကားလုံးသည် ကိုယ်ပိုင်နာမ် (အမည်)မဟုတ်ဘဲ အာလုပ်ပုဒ်အရခေါ်ဆိုသည့် အများဆိုင်နာမ်ဖြစ်သော်လည်း ကမ္ဘာတလွှား၌ ဗုဒ္ဓဟုဆိုလိုက်လျှင် ဗုဒ္ဓဘာသာကို စတင်တည်ထောင်သော ဂေါတမဗုဒ္ဓကိုသာ အများအားဖြင့် ရည်ညွှန်းလေ့ရှိသည်။ ဗုဒ္ဓ (သင်္သကရိုက်: buddhatva; ပါဠိ: buddhatta or buddhabhāva) သည် ဗုဒ္ဓဘာသာဝင်များအဖို့ ဘုရား (Buddhahood - ဗုဒ္ဓမြတ်စွာဘုရား) ဖြစ်၍ သမ္မာသမ္ဗုဒ္ဓ (sammāsambuddha - ခပ်သိမ်းသောတရားတို့ကို ကိုယ်တိုင်သိတော်မူသောဘုရား) ဟူ၍လည်း ခေါ်ဝေါ်သုံးနှုန်းကြသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment