Skip to main content

ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ



ကျေးဇူးတော်ရှင်

မဟာစည်ဆရာတော်ဘုရားကြီး

ရေးသားစီရင်တော်မူသည့်

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့

အမြန်ဆိုက်ရောက်စေနိုင်သော

ဝိပဿနာရှုနည်းကျမ်း

ပထမတွဲ

သာသနာ - ၂၅၅၈                      ကောဇာ - ၁၃၇၆                      ခရစ် - ၂၀၁၄

ပုံ (၁) - ရဟန်းတော်တို့၏ သီလ (စာမျက်နှာ ၃၁)

သူ့မှာ အများကြီး စိတ်မကောင်း ဖြစ်ရှာလိမ့်မည်။ ငါခုအကဲ့ရဲ့ ခံရသည်မှာလဲ အပြစ်မရှိတဲ့သူကို ကဲ့ရဲ့ခဲ့ဘူးလို့ ဖြစ်ပေလိမ့်မည်။ ဝဋ်ကြွေးရှိတဲ့အတွက် ခံရသည်မှာ စိတ်နာဘွယ်မရှိပေ။ ဤသို့ စသည်ဖြင့် သင့်တော်အောင် နှလုံးသွင်းအပ်၏။

တနည်းကား—ကဲ့ရဲ့ခြင်းသည် လူတိုင်းနှင့် သက်ဆိုင်သော လောကဓံတရားပေတည်း။ မြတ်စွာဘုရားသော်မှ တွေ့ကြုံရသေး၏။ ငါ့မှာ အဘယ်ကြောင့် မတွေ့ကြုံဘဲ ရှိအံ့နည်း။ ဤလောကဓံနှင့် တွေ့၍ စိတ်ဖောက်ပြန်ခြင်းမှာလဲ လူအများနှင့် ဆိုင်၏။ သည်းခံနိုင်ခြင်းသည်ကား မြင့်မြတ်သော သူတော်ကောင်းတို့နှင့်သာ ဆိုင်၏။ ငါသည် မြင့်မြတ်သော သူတော်ကောင်းတို့၏ လမ်းကိုသာ လိုက်မည်။ မြတ်စွာဘုရားက ဆုံးမတော်မူသည်မှာ—လူဆိုးများက မိမိကိုယ်ကို လွှဖြင့် တိုက်ဖြတ်သော်လဲ ထိုလူဆိုးတို့၌ စိတ်မဆိုးရဘူးတဲ့။ စိတ်ဆိုးခဲ့လျှင် ဘုရား၏ အဆုံးအမကို နာခံသူ မဟုတ်ဘူးတဲ့။ ဤကဲ့ရဲ့မှုသည် လွှဖြင့် တိုက်ဖြတ်ခြင်းထက် များစွာ ပင် ခံသာပါသေး၏။ အဘယ့်ကြောင့် ဘုရား၏ အဆုံးအမကို မခံနိုင်ဘဲ ရှိအံ့နည်း။ ဤသို့ စသည်ဖြင့်လဲ သင့်တော်အောင် နှလုံးသွင်းအပ်၏။

တနည်းကား—ကဲ့ရဲ့သူ ဆိုသည်မှာ ဒေါသ ပြင်းထန်သော စိတ္တုပ္ပါဒ်နှင့် စိတ္တဇရုပ်သာတည်း။ ခန္ဓာ ၅-ပါး၊ ရုပ်နာမ် ၂-ပါး မျှသာတည်း။ ကဲ့ရဲ့တတ်သော ပုဂ္ဂိုလ်ဟူ၍ အသီးအခြား မရှိချေ။ ထိုရုပ်နာမ်တို့မှာလဲ ကဲ့ရဲ့ဆဲမှာပင် ချုပ်ပျက်ကြလေပြီ။ ယခု စိတ်ဆိုးစရာ မရှိတော့ပြီ။ ကဲ့ရဲ့သော ရုပ်နာမ်များ မရှိသည့် နောက်မှ စိတ်ဆိုးနေလျှင်၊ ထိုရုပ်နာမ်တို့၏ အကျိုးဆက်ဖြစ်သော ရုပ်နာမ်သစ်များ အပေါ်၌သာ ကျရောက်၏။ သို့ဖြစ်၍ ယခု စိတ်ဆိုး...

ပုံ (၂) - လူတို့၏ သီလ (စာမျက်နှာ ၅၁)

ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။

ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ဝုစ္စတိ။

(ဓမ္မပဒ-၆၃)

ယော ဗာလော၊ မသိမလိမ္မာသော အကြင်သူသည်။ ဗာလျံ၊ မိမိ၏ မသိမလိမ္မာခြင်းကို။ မညတိ၊ သိ၏။ သော၊ ထိုသူသည်။ တေန၊ ထိုသို့ မသိမလိမ္မာသေးသည်ကို သိခြင်းကြောင့်။ ပဏ္ဍိတော ဝါပိ၊ ပညာရှိသော်လဲ ဖြစ်နိုင်သေး၏။ ယော ပန၊ အကြင်သူသည်ကား။ ဗာလော ဧဝ၊ မသိမလိမ္မာသူသာ ဖြစ်ပါလျက်။ ပဏ္ဍိတမာနီ၊ ငါပညာရှိဟု ထင်မှတ်၏။ သော၊ ပညာရှိမဟုတ်ပါဘဲလျက်၊ ပညာရှိ ဟု အထင်ရောက်သော ထိုသူကို။ ဝေ၊ စင်စစ်။ ဗာလောတိ၊ လူမိုက်ဟူ၍။ ဝုစ္စတိ၊ ခေါ်ဆိုအပ်၏။

အဓိပ္ပါယ်ကား။ ။ မသိမလိမ္မာသော လူမိုက်ပင် ဖြစ်စေကာမူ၊ "ငါဟာ မသိတတ်ဘူး၊ မိုက်တယ်" ဟု သိလျှင် တော်သေး၏။ ကိုယ့်ထက် တတ်သိလိမ္မာသော သူတို့၏ အဆုံးအမကို နာခံ၍ လူလိမ္မာ ပညာရှိတယောက် ဖြစ်နိုင်သေး၏။ မသိတတ် မလိမ္မာသော လူမိုက်ဖြစ်ပါလျက် "ငါဟာ ပညာရှိဘဲ၊ ငါသိတတ်တယ်၊ နားလည်တယ်" ဟု ထင်မှားလျက်နေသော သူသည်ကား လူမိုက်အစစ်ပေတည်း။ မိမိလောက် တတ်သိနားလည်တဲ့လူမရှိဘူး ဟု အောက်မေ့လျက် မည်သူ၏ သြဝါဒကိုမျှ မနာခံသောကြောင့် ထိုသို့သော သူမှာ လူမိုက်ဘဝမှ တက်လမ်းမရှိပြီ။ လူလိမ္မာ ပညာရှိ မဖြစ်နိုင်တော့ပြီ။ ထိုကြောင့် ထိုလူမျိုးကို "လူမိုက်အစစ်" ဟု ခေါ်ရမည် ဟူလို။

ကျေးဇူး။

မှတ်ရန်များ

- ကဲ့ရဲ့ခဲ့ဘူးလို့ ဖြစ်ပေလိမ့်မည်

- တနည်းကား

- မသိတတ်ဘူး

- ပညာရှိတယောက်

ခရစ် - ၂၀၁၄ ခုနှစ်သည် ၁၉၈၆ ခုနှစ်ဟာ "သတ်ပုံတွေကို ပေါ်လစီမူအတိုင်းသာ ရေးကြစေ"ဟူသည့် အမိန့်ထုတ်ပြီးနောက်မှာ ထုတ်ဝေခြင်းဖြစ်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ