Skip to main content

မြန်မာဘန်းစကားများ (လှသမိန်)





(၁)

ကညာစစ်သည်

နှေးကွေးလေးဖင့်စွာ ပြုမူခြင်း

အပျိုစင် မိန်းကလေးများသည် ရဲတင်းဖျတ်လတ်ခြင်း နည်းပါး၍၊ မရဲတရဲ၊ မဝံ့တဝံ့နှင့် ရှက်စနိုး အမူအရာဖြင့် နှေးကွေးစွာ ပြုမူလှုပ်ရှားတတ်ကြသည်ဖြစ်ရာ၊ တစုံတရာကို နှေးကွေးလေးလံစွာ ကန့်ကလန့် လှုပ်ရှားဆောင်ရွက်နေသူအား၊ အပျိုစင်ကလေးကဲ့သို့ ပြုလုပ်နေရသလောဟု အပြစ် တင်သောအားဖြင့် အပျိုစစ်ကျနေသည်၊ ကညာစစ်နေသည် စသည်ဖြင့် တင်စား ပြောဆိုကြသည်။

(၂)

ကလီကမာလုပ်သည်

ပလောင်းပလဲ၊ ကပြောင်းကပြန် လုပ်သည်

မတည်မတံ့ အပြောင်းအလဲများသည်၊ မရိုးမသား လိမ်လည်သည်။

(၃)

ကလိန်စေ့ငြိမ်းဆင်သည်

မဖြစ်နိုင်သည်ကို လုပ်ကြံသည်

ကလိန်ပင်မှ ကလိန်သီး၏ အစေ့သည် ပြောင်ချော၍ နေလေသည်။ ထိုကလိန်စေ့ကို တစေ့ပေါ်တွင် တစေ့ ချောမကျရအောင် ဆင့်တင်ရန် ခက်ခဲလှပေသည်။ ထိုသို့ မဖြစ်နိုင်ဘဲလျက် အလွန်ပြောင်သော လူတက်ရောက်ရာ ငြိမ်းအဖြစ် ဆင်သည်ဟု ဆိုသည်မှာ၊ အလွန်အကျွံ မဖြစ်နိုင်သောအလုပ်တခုကို လုပ်နေကြောင်း လောင်ပြောင် ပမာပြုခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် မဖြစ်နိုင်သည်ကို ပြုလုပ်သည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ တင်စား၍ သုံးသည်။ သို့ရာတွင် "ကလိမ်" ဟူသောအသံနှင့် "ဆင်" ဟူသောအသံကိုချွဲ၍ "လိမ်လည်၍ ဉာဏ်ဆင်သည်" ဟူ၍လည်း အမှတ်ထားကာ သုံးကြသည်။ မဟုတ်နိုင်သည်ကို အဟုတ်လုပ်၍ ပြောခြင်းကို ချေဆိုခိုင်နှိုင်းရာ၌ မူကား၊ မူလ အဓိပ္ပာယ် အရလည်း ဆီဆိုင်ပေသည်။

(၄)

ကမြင်းကြောထသည်

အိန္ဒြေမဲ့ လော်လည်သည်

ကာမဂုဏ်လိုက်စားသည်။ မိန်းမ၊ ယောက်ျားတို့သည် ကာမဂုဏ်နှင့်စပ်လျဉ်း၍ အကျင့်ပျက်ယွင်းစွာ အတည်မကျ လိုက်စားသွားလာနေသည်ကို ရှုတ်ချသောအားဖြင့် ကမြင်းသော အကြောင်းခြင်းတို့ ယုဂ်ကြသည် အနေဖြင့် တင်စား၍ ဆိုကြသည်။ မြင်းကဲ့သို့ လော်လည်သည်ဟု ဆိုရာလည်း ရောက်သည်။ (မွန် ဘာသာ၌ "မြင်း" အနက်ရှိသော (ချေဟ်) မှာ "ကမြင်းသည်" ဟူသော အဓိပ္ပာယ်ကိုလည်း ပေးသည်။)

(၅)

ကာလနဂါး

အအိပ်ကြီးသောသူ

မြတ်စွာဘုရားသည် သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် နေမိမိရုဗ္ဗဗ်တွင်၊ ဃနာနို့ ဆွမ်းကို ဘုဉ်းပေးပြီးသော် ရွှေခွက်ကို မျောတော်မူရာ၊ ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့ မြုပ်ရာအရပ်သို့ ရောက်လျင် ရွှေခွက်နှစ်ခု ရှေးရွှေခွက်တို့နှင့် ထိလျက် အသံမြည်လေသည်။ ထိုအသံကို အိပ်ပျော်နေသော ကာလနဂါး နိုး၍ ကြားလေသော် "အော်-ဘုရားတဆူ ပွင့်ပြန်လေပြီ" ဟု ဆိုမိသည် လေသည်။ ကာလနဂါးသည် ဘုရားတဆူပွင့်မှ တကြိမ် နိုးသည်ဆို၏။ ထို့အရာကိုစွဲ၍ အိပ်ရေးကြီးသူ၊ အအိပ် စုံမက်သူတို့အား တင်စား၍ ခေါ်သည်။

(၆)

ကာတစ်

မိန်းမ တင်ဆုံ

ကာတစ်မှာ မန္တလေးမြို့ ဘီလမ်းရှိ ဘယ ဆေးဆိုင် တဆိုင် အမည်ဖြစ်သည်။ ထိုဆိုင်မှာ စစ်မဖြစ်မီ ကာလကပင် ရှိခဲ့၍ ပိုင်ရှင်၏ အမည်ဖြင့် ကာတစ်ဆေးတိုက်ဟု ခေါ်ဝေါ်၍ ဆေးတိုက် အမှတ် တံဆိပ်မှာ ဆေးထောင်းသော ဆုံတွင် ကျည်ပွေ့ စိုက်ထားသော ပုံဖြစ်လေသည်။ ကာတစ် ဟူသောအမည်ကို ကြားသိသူတိုင်း ဆုံတံဆိပ်ကိုလည်း တွဲလျက်သိရှိကြပြီးဖြစ်လေသည်။ ထို့ကြောင့် ကာလသားများက မိန်းမပျို၏ တင်ပါးဆုံကို သွယ်ဝိုက်သော စကားဝှက်ဖြင့် တင်စား၍ "ဆုံ" အစား "ကာတစ်" ဟုပင် ခေါ်ဝေါ်ပြောဆို သုံးနှုန်းကြရာမှ ထိုစကားမှာ အရပ်ရပ်သို့ ပြန့်နှံ့တွင်ကျယ်၍ ဘန်းစကားတရပ် ဖြစ်တည်လာခဲ့သည်။

(၇)

ကာရန်သင့်သည်

အကြောင်းအပေါင်းသင့်သည်၊ တိုက်ဆိုင်ပြေညီသည်

ကဗျာလင်္ကာများတွင် အသတ် အစပ် အသံအားဖြင့် တူညီသည်ကို ကာရန်ကိုက်သည်၊ ကာရန်သင့်သည်ဟု ဆိုသည်။ "ဗေဒနာ၊ ဝေဒနာ၊ စေတနာ" တို့သည် ကာရန်ညီ စကားလုံးများပင် ဖြစ်သည်။ ထိုသဘောကို တင်စား၍ တဦးနှင့် တဦး လိုက်လျော ပြေကျေခြင်း၊ သဘောတူညီခြင်း၊ အလိုက်အထိုက် ဖြစ်ခြင်း၊ စသည်တို့ကို ကာရန်သင့်သည်ဟု ဆိုလေသည်။ ကာရန်ကိုက်သည်၊ ကာရန်လိုက်သည် ဟူ၍လည်း သုံးသည်။ တဆင့် အားဖြင့် အပေါင်းအသင်း ပြေပြစ်ခြင်း၊ ခိုက်ရန်မဖြစ်ပွားခြင်းကိုလည်း ဆိုသည်။

(၈)

ကောက်သင်းကောက်သည်

အကြွင်းအကျန်များ စုပေါင်းသိမ်းဆည်းသည်

ကောက်ပင်များ ရိတ်သိမ်းပြီးနောက် လယ်ကွက် များတွင် လွတ်ကျန်နေသော စပါးနှံ၊ မိတ်ကျသော စပါးနှင့် စသည့် စုပုံနှံ အနည်းငယ်စီကို အနှံ့အပြား လိုက်လံ သိမ်းဆည်း စုဆောင်းသည်ကို ကောက်သင်းကောက်သည်ဟု ဆိုသည်။ ထိုသဘောကို တင်စားလျက် မည်သည့်အရာမဆို နေရာများစွာမှ လိုက်လံ ကောက်သိမ်း စုဆောင်းယူသည်ကို ကောက်သင်းကောက်သည်ဟု ဆိုသည်။ ကောက်သင်းကောက် ငယ်သည် ဟူ၍၎င်း၊ အစီအစဉ် မရှိ ကြုံရာကို ကောက်ငင်၍ ပြောသည်ကို ကောက်သင်းကောက် ပြောသည် ဟူ၍၎င်း ဆိုသည်။

(၉)

ကောက်ရိုးမီး

တခဏသာလျှင် ကြီးပွားဖြစ်တည်သောအရာ

ကောက်ရိုးပုံကို မီးရှို့သောအခါ မီးသည် ဟုန်းကနဲထလျက် မီးတောက်ပြင်းလွယ် ကြီးပွားလွယ်လေသည်။ သို့ရာတွင် ကောက်ရိုးသည် ခေါင်းပွ ပစ္စည်းဖြစ်၍ ခဏချင်း ကျွမ်းသွားပြီး ကြီးမားသော မီးတောက်မှာ လောင်စာမရှိသောအခါ ပြန်၍ ငြိမ်းသေ ပျောက်ပျက် သွားရလေသည်။ ထိုသဘောကို တင်စား၍ တခဏတဖြုတ် ပေါ်လွင် ထင်ရှား ကြီးကျယ်၍ ကာလကြာရှည် မတည်မြဲသော အခြင်းအရာ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို ကောက်ရိုးမီးဟု သမုတ်သည်။

(၁၀)

ကိုယ်ရူးကိုယ်ပတ်သည်

ကိုယ့်ပယောဂကြောင့်ပင် ကိုယ့်ကို ပြန်၍ထိခိုက်သည်

ကလေးများ ကစားရာတွင် မြေကြီးလင်းမြွေ ဟူသော နည်းတမျိုးမှာ ကလေးများသည် ခေါင်းဆောင်ကြီးပြုလုပ်သူ၏နောက်တွင် တယောက်ခါးကို တယောက်တွဲလျက် ရှေ့စဉ်နောက်ဆက် စီတန်းရပ်နေပြီး၊ အတိုင်အဖောက် ခေါ်ထူးပြီးသော အခါ ခေါင်းသဏ္ဌာန် ခေါင်းဆောင် ပြုလုပ်သူ ငယ်သားထဲမှ နောက်ဆုံး ဖြစ်သော အမြီးသဏ္ဌာန်သွယ်ကို လက်အုပ်ဖြင့် ဘယ်ညာ လှည့်ပတ် ချောင်းမြောင်းကာ မိအောင် ကစားလေသည်။ ဤအခါတွင် မြွေသို့ "ရူး" ဟု အသံပေး၍ ခေါင်းဆောင်ကြီးက လိုက်လေရှိရာ နောက်မှအဖွဲ့သည် နောက်ဆုံးလူကို မမိမိအောင် ကွေ့ပတ်၍ ဘေးတိုက် ယိမ်းလွဲပြေးလွှားရသဖြင့် ခေါင်းဆောင်ကြီးကိုပင် တပတ်ပတ်မိနေတတ်လေသည်။ ဤသဘောကိုယူ၍ မိမိကိုယ်တိုင် အချက်ပေးသော ရှူးကြောင့် မိမိကိုယ်ပင် အပတ် ခံရသည်ဟု ကိုယ့်ပယောဂကြောင့် ကိုယ့်ကိုယ်ကို ပြန်၍ ထိပါးခံရသည့်အခါတွင် တင်စား၍ သုံးသည်။

မှတ်ရန်

ကာတစ် သည် တစ်အသုံးမှန်များစာရင်းထဲက တခု ဖြစ်ပါတယ်။

(၁၁)

ကုလားဖန်ထိုးသည်

ဗလောင်းဗလဲလုပ်သည်၊ မွေနှောက်စွက်ဖက်သည်၊ အပြောင်းအလဲပြုသည်

ဖဲကစားသောအခါ ဖဲတွဲပြီးတိုင်း ဖဲတပွင့်တူများကို စုပုံထားရှိ ကံတိုက်ကျသကဲ့သို့မဟုတ်ဘဲ အစီအမံ သာနာအတူမဖြစ်စေမည် စိုးသောကြောင့် ဖဲချပ်များကို အမျိုးမျိုးရောထွေးလှည့်ပတ်၍ သမစေရန် ဖဲချပ်များကို မွေနှောက် ပေးရလေသည်။ သုံးပုံဖဲကဲ့သို့ ကပ်ပြားများ မွေသည်ကို ဖဲမွေသည်ဟုမခေါ်ဘဲ စက္ကူ ဖဲချပ်များ နှစ်ဖက် တချပ်စီ သွင်းပုံ၍ ခွဲမွှေခြင်းကိုကား ဖဲတွင်ပါသော ကုလားခေါ် ဘုရင်-မိဖုရား အချပ်များကိုစွဲ၍ ကုလားပန် ထိုးသည်၊ ကုလားပန်ထပ်သည်ဟုဆိုသည်။ ထိုသဘောကို တင်စား၍ ပကတိအတိုင်းမဟုတ်ဘဲ ကြားဝင် မွေနှောက် ပြောင်းလဲစွက်ဖက် ဖန်တီးခြင်းများကို ကုလားပန်ထိုးသည်ဟုပင် သုံးနှုန်းသည်။

(၁၂)

ကိုယ်ရောင်ပြသည်

မိမိကိုယ်ကို သူတပါးမြင်သာအောင်ပြုသည်၊ အရိပ်အခြေသိအောင်ပြုသည်

မိမိကိုယ်ကို သူတပါးမြင်စေလိုသူတို့ တွေ့မြင်စေရန် ရည်ရွယ်ချက်ဖြင့် မြင်သာအောင် ပြခြင်းကို စွဲ၍ တစုံတရာ အကြောင်း ကိစ္စကို သူတပါး အရိပ်အခြည်သိအောင် မသိမသာ ပြသပေးရာတွင် တင်စား၍ သုံးသည်။

(၁၃)

ကပ်သည်

ခိုးဝှက်ထားသည်

ထိုစကားမှာ မွန်စကား (ကေတ်) ဖြစ်၍ အသံထွက်မှာ "ကပ်" ပင် ဖြစ်သည်။ အဓိပ္ပာယ်မှာ ယူသည်ဟူ၍ ဖြစ်၏။ မော်လမြိုင် စသော မွန်နှင့်နီးစပ်ရာ ဒေသများ၌ ယူသည်၊ ခိုးယူထားသည်၊ နှုတ်ယူထားသည်စသော အဓိပ္ပာယ်ဖြင့် စကားဝှက်ပြုကာ သုံးနှုန်း ကြရာမှ အသုံးများ၍ ဘန်းစကားဖြစ်လာသည်။

(၁၄)

ကျမ်းရွက်သည်

ကျိန်စာဆိုသည်

ရုံးပြင်ကနား အမှု အစစ်ခံရာတွင် အမှန်အကန် ပြောဆိုပါမည်ဟု ကျိန်စာများရေးသားထားသော ကျမ်းထုပ်ကို ထိပ်တွင် မြှောက်ကိုင်ကာ ကျိန်ဆိုရသည်ကို အစွဲပြု၍ ကျိန်စာဆိုသည်ကို တင်စားသုံးသည်။ ပကတိ ကျမ်းထုပ်ရွက်သည်ကိုလည်းဆိုသည်။

(၁၅)

ကြာခိုသည်

သူတပါး သားမယားကို ပြစ်မှားကျူးလွန်သည်

မိဖုရားအဆောင်တော်များတွင် ကြာပွင့်ပုံများ ထုလုပ်ထားသော ညောင်စောင်းတို့ ရှိပေရာ၊ ထိုအဆောင်ကို ကြာညောင် သို့မဟုတ် ကြာညောင်ရိပ်-ကြာခြည်ရုံ စသည်ဖြင့် တင်စား ခေါ် ဝေါ်လေသည်။ ခြင်ထောင်ကိုလည်း (ခြင်ရုံ) ကြာခြည် စသည် ဖြင့် ခေါ်ဆိုလေသည်။ ထိုစကားကိုစွဲ၍ သူတပါး၏ သားမယား အိပ်ရာခန်းသို့ ကျူးကျော် ဝင်ရောက်ခြင်းကို စကား ယဉ်ကျေးစွာဖြင့် ကြာခိုသည် ဆိုသည်။ ကြာခြည်အောင်းသည် စသည်ဖြင့် တင်စား သုံးစွဲရာမှ ကြာခိုသည်ဟု ပြောဆို သုံးနှုန်း လာခဲ့လေ သည်။ သူတပါး၏ သားမယားကို ပြစ်မှား ကျူးလွန်ခြင်းကို ခေါ်ဆိုသုံးစွဲသည်။ ယောက်ျားအတွက်သာမက မိမိလင်မှတပါး အခြားသူနှင့် ဖောက်ပြန်သော မိန်းမ အတွက်လည်း ထိုစကား ကိုပင် အချို့ သုံးစွဲကြသေးသည်။

(၁၆)

ကြောက်ကျွန်ခံသည်

မိမိကာကွယ်မှုအတွက် အပြင်းအထန် တုံ့ပြန်သည်

တဖက် ရန်သူကို ကြောက်ရွံ့သောကျွဲသည် သတ္တိရှိသောကျွဲ၏ ခတ်ပုခုံးဖြင့် တဖက်ရန်သူအား လိုက်လံမခတ်သော်ငြားလည်း၊ မိမိ အန္တရာယ်ကို ကာကွယ်သောအားဖြင့် ကြောက်ကြောက် နှင့်ပင် ဒလကြမ်းခတ်၍ ခုခံတော့သဖြင့် ပို၍ပြင်းထန် အန္တရာယ် ကြီးမားလေသည်။ ထိုသဘောကို စွဲ၍ အစွမ်းပေး ကြောက်ရွံ့ နေသူပင်ဖြစ်သော်လည်း နောက်ဆုံးတွင် မခံမရပ်နိုင်၍ တုံ့ပြန် ခုခံလိုက်လျှင် အကျိုးပြင်းထန် ဆိုးဝါးတတ်ပုံကို တင်စား၍ သုံးသည်။

(၁၇)

ကြောင်တောင်နှိုက်သည်

ပိုင်ရှင်ရှေ့တွင် ပိုင်ရှင်ရှိမှန်းသိလျက် ခိုးယူသည်

(သူတပါးလင် သို့မဟုတ် မယားကို ပြောင်ပြောင်တင်းတင်း ကျူးကျော်နေခြင်းတွင်သာ သုံးသည်။)

ခိုးဝှက်သောသူသည် ပိုင်ရှင်၏မျက်ကွယ် ညဉ့်အခါများ၌သာ ခိုးယူလေ့ရှိသည်။ ထိုသို့ မဟုတ်ဘဲ နေ့ကြောင်တောင် ပိုင်ရှင်၏ ရှေ့မှောက်တွင် ယူသောအခါ ကြောင်တောင်ယူသည်ဟုဆိုသည်။ မျက်မြင် အကြောင်း ထင်ရှားလျက် ငြင်းကွယ်ခြင်းကိုလည်း ကြောင်တောင် ကွယ်သည်ဟု ဆိုသည်။ ထိုသဘောကို တင်စား လျက် မပြတ်မစဲသော သူတပါး၏ သားမယား၊ လင်သား ဖြစ်ကြောင်းသိလျက် မလျော်မပတ် အထင်အလင်းပင် တွယ်ကပ် သင့်နေသည်ကို ကြောင်တောင်နှိုက်သည်ဟု ဆိုသည်။

(၁၈)

ကြိုးကိုင်သည်

ဩဇာပေး၍ စေခိုင်း ထိန်းကိုင်သည်

ရုပ်သေး ကပြသည့် အခါတွင် ရုပ်သေးရုပ်များကို လိုသလို လှုပ်ရှားစေရန် အုပ်ကြိုးကို ကိုင်၍ စေစား လှုပ်ရှားပေးရသည် ဖြစ်ရာ၊ ထိုကဲ့သို့ တစုံတဦး၏ အပြုအမူ အပြောအဆို စသည်ကို ထိန်းကိုင်စေစား၍ လိုရာခိုင်းစေနေသောအခါ ကြိုးကိုင်သည် ဟုပင် တင်စား၍ သုံးနှုန်းကြသည်။

(၁၉)

ကြိုးဆွဲသည်

သူတပါးကို ခြယ်လှယ်သည်

ဤစကားမှာ ရုပ်သေးပွဲတွင် ရုပ်သေးရုပ် က လေး များကို လှုပ်ရှားစေရန် အုပ်ကြိုးကို ကိုင်၍ လိုသလို ဆွဲပေးရသည်ဖြစ်ရာ၊ ၎င်းကိုပမာပြု၍ တစုံတဦးအား မိမိအလိုကျပြုမူစေရန် ခြယ်လှယ် စီမံခြင်းမျိုး၊ ဩဇာ အာဏာ လွှမ်းမိုးခြင်းတို့ကို ကြိုးဆွဲသည် ဟု ဆိုကြသည်။

(၂၀)

ကွက်ကျော်မြင်သည်

အမြော်အမြင်ရှိသည်။ ရှေ့ကို လှမ်းမျှော်၍မြင်သည်

ကျား၊ စစ်တုရင် စသည် ကစားရာတွင် မိမိက တကွက် ရှေ့ ဦးတိုင်း တဖက်က တကွက်ရှေ့ လှည့်ရသည်ဖြစ်ရာ၊ မိမိရှေ့ ရမည့် အကွက်အတွက်သာမက နောက်တဖန် တဖက်ကရွေ့ မည့်အလား အလာ အကွက်များနှင့် ထိုသို့ အနည်းနည်း ရွေ့ခဲ့သော် မိမိ၏ လက်ရှိရွေ့ မည့်အဆဲ အကွက်သည် ကာကွယ်နိုင်မည်၊ မကာကွယ် နိုင်မည်၊ မိမိ၏ နောက်တကြိမ်ရွေ့ ကွက်အတွက် အထောက်အပံ့ ဖြစ်မည်၊ မဖြစ်မည် စသည်ကို ကြိုတင် ချိန်ဆ တွက်ချက်ခြင်းကို ကွက်ကျော်ကြည့်သည်ဟု ဆို၏။ ထိုသို့ လှမ်းကာ မြင်တတ်ခြင်းကို ကွက်ကျော်မြင်သည်ဟု ဆိုသည်။ ထိုသဘောကိုတင်စား၍ ဝေး လံသော အနာဂတ်အဆင့်ဆင့်ကို ကျော်ဖြတ်ရှုမြင်ခြင်းကို ကွက် ကျော် မြင်သည်ဟု ဆိုကြသည်။

(၂၁)

ကျွဲမြီးတိုသည်

စိတ်ဆိုးသည်

စိတ်ဆိုးသည်ကို မကြိုက်သော ယောက္ခမသည် သားမက်ကို စိတ်မေးလို၍ သားမက် လယ်ထွန်ရာသို့ ထမင်း ပို့မြဲ မပို့လျှင်၊ သားမက်က စိတ်ဆိုးကာ ကျွဲမြီးကို ဖြတ်၍ မိကင်စားလေရာ ယောက္ခမက စိတ်ဆိုး-မဆိုးမေးသည်တွင် စိတ်မဆိုးပါ၊ ကျွဲမြီးသာ တိုပါသည်ဟု ပြန်၍ပြောသည့် ဒဏ္ဍာရီကို စွဲ၍ စိတ်ဆိုးခြင်းကို အခြား စကားဖြင့် ပြောဆို သုံးနှုန်းလိုရာ၌ ကျွဲမြီးတိုသည်ဟု ဆိုကြသည်။

(၂၂)

ကော်တရာ

အလွန်စေးနှဲစွာ စေးနဲသူ

ကော်သည် ကပ်စေးတတ်သောသဘောရှိရာ၊ စေးနဲ စေးနှဲ သော သူကို ကပ်စေးသော ကော်နှင့် ဂုဏ်သဘောတူ နှိုင်းကာ ပိုလွန် တင်စား၍ ကော်အမျိုးပေါင်း တရာမျှ ပေါင်းစပ်ထား သည့် အဓိပ္ပာယ်ဖြင့် ခေါ်ဆိုကြသောစကားဖြစ်သည်။ ကပ်စေး နှဲ ကော်တရာဟုလည်း ဆိုသည်။

(၂၃)

ကျပ်ချွတ်

အသစ်စက်စက်

မီးပူ၊ မီးခြေ မပေါ်ပေါက်သေးသော ရှေးအခါက ခေါင်း ပေါင်း၊ ပုဆိုး စသည်တို့ကို ချပ်ရပ်စေရန် လိပ်တုံးတွင်ပတ်၍ နှိပ်ထားရလေသည်။ ထိုသို့ပြုလုပ်ထားသည်ကို ကျပ်သွင်းသည်ဟု ဆို၏။ ထိုကျပ်မှ ချွတ်ခါစတွင် အဝတ်အထည်သည် မဝတ်မဆင်ရ သေး၍ စန့်ပြန့် ချပ်ရပ်လျက် ရှိသည်ကို အကြောင်းပြု၍ အလွန် သစ်လွင်သည်ကို တင်စားသော အားဖြင့် ကျပ်ချွတ်ဟု သုံးနှုန်း သည်။ (အချို့က ကျပ်ခိုးချွတ်ကစဟု ထင်မှားတတ်ကြသည်။)

(၂၄)

ကြက်ခေါင်းဆိတ်ခံသည်

အနွံအတာခံသည်

တစုံတရာ ထိပါးမှုဖြစ်လျှင် ကြက်က ဦးခေါင်းကို ဆိတ်ရုံမျှ လောက် နာကျင်ထိခိုက်မှုမျိုးပင် ဖြစ်စေကာမူ၊ မခံမရပ်လိုသော အကဲဆတ်သူအား ကြက်ခေါင်းဆိတ် မခံဟု ဆိုကြသည်။ ထိုသို့ မဟုတ်ဘဲ အအနွံအတာခံသူ၊ သည်းခံတတ်သူတို့အား ကြက်ခေါင်း ဆိတ် ခံသည်ဟု ဆိုကြသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ