- အဲ့လောက်ကြီးကျ မပျော်တော့ဘူး
ဘယ်ဟာ မှန်ပါသလဲ ဆရာ
အဲ့လောက်ကြီးကျ မပျော်တော့ဘူး" မှန်ကန်သင့်လျော်ပါတယ်။
"ကျ" (ဝိဘတ်) - ဤနေရာတွင် "ကျ" တယ် အခြေအနေတခု သို့မဟုတ် အကြောင်းအရာတခုကို သီးခြားခွဲထုတ်၍ အလေးအနက်ပြုပြောဆိုသော ဝိဘတ် (Emphatic particle) အဖြစ် ဆောင်ရွက်ပါတယ်။
ဥပမာ - "သူများတွေကျတော့ ပေးတယ်၊ ကျွန်တော့်ကျတော့ မပေးဘူး"၊ "ဒီတခါကျမှပဲ သိရတော့တယ်" စ တယ်ဖြင့် သုံးနှုန်းလေ့ရှိပါ တယ်။ "အဲ့လောက်အထိ ဖြစ်လာတဲ့ အခါမျိုးကျမှတော့ မပျော်နိုင်တော့ဘူး" ဟူသော အဓိပ္ပာယ်မျိုး ဖြစ်ပါတယ်။
"ကြ" (ပစ္စည်း) - "ကြ" ကိုမူ အများကိန်း (Plural) ကို ပြလိုသောအခါတွင်သာ သုံးစွဲပါ တယ်။ ဥပမာ - "သွားကြ တယ်"၊ "စားကြ တယ်"၊ "ပျော်ကြ တယ်" စ တယ်ဖြင့်။
"အဲ့လောက်ကြီးကျ မပျော်တော့ဘူး" (မှန်)
"အဲ့လောက်ကြီးကြ မပျော်တော့ဘူး" (မှား)
ဖြည့်စွက်ချက် - "အဲ့" ဆိုတယ်မှာ အပြောစကား (Colloquial) ဖြစ်သဖြင့် စာအရေးအသားတွင်မူ "ထိုမျှ" သို့မဟုတ် "ထိုသို့" ဟု သုံးနှုန်းခြင်းက ပို၍ စနစ်ကျပါလိမ့်မည်။ (ဥပမာ - ထိုမျှလောက်အထိကျ မပျော်တော့ပါ)။
သူ့ကျတော့ အကောင်းတွေယူတယ်။
ငါ့ကျတော့ အညံ့တွေပေးတယ်။
ဤနေရာတွင် "ကြ" (အများကိန်းပြပစ္စည်း) ကို သုံး၍ မရပါ။ အကယ်၍ "သူ့ကြတော့" သို့မဟုတ် "ငါ့ကြတော့" ဟု ရေးသားပါက သတ်ပုံအမှားသာမက အဓိပ္ပာယ်ပါ ကောက်ယူ၍ မရနိုင်တော့ပါ။
၁။ နှိုင်းယှဉ်ပြလိုသောအခါ "ကျ" ကို သုံးပါ။
"မောင်မောင်ကျတော့ စာတော်တယ်၊ ညီညီကျတော့ ကစားမက်တယ်။"
"မနေ့ကကျတော့ မလာဘူး၊ ဒီနေ့ကျမှ ရောက်လာတယ်။"
၂။ အများကိန်း (သို့မဟုတ်) အစုအဝေးကို ပြလိုသောအခါ "ကြ" ကို သုံးပါ။
"သူတို့ သွားကြတယ်။"
"အားလုံး စားကြပါ။"
ဒေါက်တာတင့်ဆွေ
Comments
Post a Comment