ကြာချည် ရန်
နာရီပြန် ပဟိုရ်ညိတ်ပါပေါ့
မှေးမှိတ်လို့ စက်ပါသော်။ ။
ရေးမျှ မပျော်။ ။
လာနိုးရယ် မျှော်
ကြာမော်မြင့် ဆောင်ထီး။
ရွေဘော်တော် တဉာဏ်ပွေလို့
မလာနေ တာရှေလှတာကြောင့်
တွေးရ ခက်ကြီး။ ။
- တနည်း -
ကြာခြင်ရံ
ပဟိုရ်ပြန် နာရီညိတ်ပါပေါ့
မှေးမှိတ်လို့ စက်ပါသော်
ရေးမှ မပျော်။ ။
လာနိုးရယ် မျှော်။ ။
ကြာမော် မြင့်ဆောင်ထီး။ ။
ရွေဘောတော် တဉာဏ်ပွေလို့
မလာနေ တာရှေလှတာကြောင့်
တွေးရ ခက်ကြီး။ ။
(လေးဆစ် သဖြန်။ မမြကလေး။ ကဗျာသင်္ဂဟမေဒနီ။)
ကြာခြည်ယံ
ကြာခြံရံ
ကြာချည်ရံ
ကြာချည်ရန် … အယူအဆ ကွဲကြ၏။
#ရှေးစာကဗျာများ
(၂)
၉။ ။ မောင်ဘွဲ့ သမြှန် တြိချိုး။
ကြာခြည်ရံ၊ နာရီပြန်ပဟိုရ်ညှိတ်ပါပေါ့။ မေးမှိတ်လို့ စက်ပါသော်။ ရေးမျှမပျော်။ ။ လာနိုးရယ် မျှော်။ ကြာမော်မြင့် ဆောင်ထီး။ ။ ရှေ့ ဘောတော်တညက် ပွေ့လို့။ မလာနေ-တာ ရှေ့သေးတာကြောင့်။ ညခါမေ မှာ ဗျာပွေဆွေးတယ်။ (ကိုယ်တော်ရေ ) တွေးရခက်ကြီး။ ။ ။ (နန်းမတော်မမြလေး)
ကြာခြည်ရံ https://www.youtube.com/watch?v=_GO7kHlhaf0&list=PLq_EAV0vGuJAjiaPJ4Ci15xSGuYo8a8_-&index=1
ဒေါက်တာတင့်ဆွေ

Comments
Post a Comment