Skip to main content

ဘယ်နှစ်ကောင်လို့ ရေးရသည်

တကောင်မှာ စသတ် မပါလို့ နှစ်ကောင်မှာလည်း မပါရလို့ ထင်ခြင်းသည် 

ထဘီမှာ အထက်ဆင်ပါလို့ ပုဆိုးမှာလည်းပါရမယ်လို့ ထင်တာနဲ့ တူပါသည်။

"ချိုးနှစ်ကောင်"

( မကြည်အောင် )

ရေး - နန်းတော်ရှေ့ဆရာတင်

အလွမ်းငယ်ထွေ ဆော်လေကမြူး သာပျံ့ပျူး

ရွှေမာလာငုံဖူး ထုံထုံနံ့ကျူး

ကြည်နူးဆန်း ပန်းရည်ပျော့တောင် ။

ချိုးနှစ်ကောင် ထနောင်းရယ် ပင်ညီနောင်က

( ချိုးနှစ်ကောင် )၄

ထနောင်းရယ်ပင်ညီနောင်က

ဖိုးတောင်သူ တဲနဲ့ကမူ

စွဲတယ်အတူတူ

တကူးကူး တကူးကူး ကူ

( မိုးတဖြောက်ဖြောက် )၂

ချိုးနှစ်ကောင် ရင်ပေါင်တန်းကာကူ ။

တိမ်ခိုးတွေ တလူလူ

မြေသင်းနံ့ကြိုင်ကြိုင်ကြူ

တောင်ခိုးတွေတလူလူ

ငွေနှင်းနံ့ လှိုင်ကမူ

တိမ်ခိုးတွေ တလူလူ

မြေသင်းနံ့ကြိုင်ကြိုင်ကြူ

တောင်ခိုးတွေတလူလူ

ငွေနှင်းနံ့ လှိုင်ကမူ

သူတော်သူမွန် တောင်စွန်း၀ေဘူ

တည်ထားခဲ့မူ စေတီတော်မြတ်တဆူ

ဆည်းလည်းသံစုံကျူ

( မိုးတဖြောက်ဖြောက် )၂

ချိုးနှစ်ကောင် ရင်ပေါင်တန်းကာကူ ။

( အတီး )

နွေဦးမို့ လေရူးဆော်လာမြူး

သာယာချိုအေးကျူ

နွေဦးမို့ လေရူးဆော်လာမြူး

သာယာချိုအေးကျူ

တောတန်းမှာတောပန်းတွေ တလူလူ

တောကလည်းတဆူဆူ

တကူးကူး တကူးကူး ကူ

နန်းတော်ရှေ့ မိုးတဖြောက်ဖြောက်

ချိုးနှစ်ကောင် ရင်ပေါင်တန်းကာကူ ။

( အတီး )

(ဖိုးတောင်သူတဲ ချိုးနှစ်ကောင်ကူချွဲ )၂

တောနက်ရာ ပြောင်းကြစို့ ကောင်းမလားလို့

ဆိုပြော ပြိုင်ယှဥ်

တိုင်တိုင်ပင်ပင်ကြွပါရှင်

ဘာသာဘာ၀ အစာရှာလာကြ

နန်းတော်ရှေ့ မိုးတဖြောက်ဖြောက်

ချိုးနှစ်ကောင် ရင်ပေါင်တန်းကာကူ။

တိမ်ခိုးတွေ တလူလူ

မြေသင်းနံ့ကြိုင်ကြိုင်ကြူ

တောင်ခိုးတွေတလူလူ

ငွေနှင်းနံ့ လှိုင်ကမူ

တိမ်ခိုးတွေ တလူလူ

မြေသင်းနံ့ကြိုင်ကြိုင်ကြူ

တောင်ခိုးတွေတလူလူ

ငွေနှင်းနံ့ လှိုင်ကမူ

သူတော်သူမွန် တောင်စွန်း၀ေဘူ

တည်ထားခဲ့မူ စေတီတော်မြတ်တဆူ

ဆည်းလည်းသံစုံကျူ

( မိုးတဖြောက်ဖြောက် )၂

ချိုးနှစ်ကောင် ရင်ပေါင်တန်းကာကူ ။

ချိုးနှစ်ကောင် မကြည်အောင် ( Music by Dr Hla Bu ) https://www.youtube.com/watch?v=76aeWeJSENM

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ