Skip to main content

သို့ပေမဲ့ သို့သော် သို့ပေမင့် ဒါပေမဲ့ သို့ပေမည့် သို့သော်လည်းလေ

သို့ပေမဲ့ = ဝါကျတခုနှင့်တခုကို ဆန့်ကျင်ဘက်အနက်နှင့် အနက်အရ ဆက်စပ်ပေးသော စကားလုံး။

သို့ပေမဲ့ မတော်တဆများ ကျွန်ုပ်သေခဲ့လို့ရှိလျှင်။ နခွ။ ၂၆၆။

သို့ပေမင့် = ဝါကျတခုနှင့်တခုကို ဆန့်ကျင်ဘက်အနက်နှင့် အနက်အရ ဆက်စပ်ပေးသော စကားလုံး။

သို့ပေမင့်ပေးကားပေး၏ မရဆိုသော စကားကို။ စာဆို။ ၁၃၂။

သို့ပေသည့် = ဝါကျတခုနှင့်တခုကို ဆန့်ကျင်ဘက်အနက်နှင့် အနက်အရ ဆက်စပ်ပေးသော စကားလုံး။

သို့ပေသည့် ဒေါ်ခါဥက အတင်းအတိုင် ခိုင်းပြန်တော့သည်နှင့်။ ယမုန်။ ၆၆။

သို့သော်လည်း = ဝါကျတခုနှင့်တခုကို ဆန့်ကျင်ဘက်အနက်နှင့် အနက်အရ ဆက်စပ်ပေးသောစကားလုံး။

သို့သော်လည်းပြီးဆုံးခြင်းမရှိသေးပေဝဂ်။ ၃၉။

သို့သော် = ဝါကျတခုနှင့်တခုကို ဆန့်ကျင်ဘက်အနက်နှင့် အနက်အရ ဆက်စပ်သောစကားလုံး။

သို့သော်ဆူပူခြင်းမူကားမပြုချေ။ ဝက်။ ၃၉။

ဒါပေမဲ့ = သို့သော်လည်း။

ဒါပေမဲ့ ပြည်သူ့လွတ်မြောက်ရေးစစ်ပွဲပြီးသွားတဲ့အခါ။ ပုလဲ။ ၁၆၂။

"သူနဲ့တွေ့ရင်(မျက်ရည်)"

တေးရေး - မောင်မောင်လတ်

တေးဆို - မာမာအေး + သဲနုဝါ

ကိုယ်တို့ငယ်ငယ် ဟိုခါတုန်းက

ပြောမရဆိုမရ မိုက်ကြတဲ့အခါတွေ

ချစ်သောဖေဖေ ချစ်သောမေမေ

ကရုဏာဒေါသောနဲ့ ရိုက်နှက်ဆုံးမတဲ့အခါ

ကျတဲ့မျက်ရည် မျက်ရည် မျက်ရည်

အသည်းဘဝင်မှာ မနာတတ်သော အရွယ်ပေ

ကိုယ်တို့ငယ်ငယ် ဟိုခါတုန်းက

ပြောမရဆိုမရ မိုက်ကြတဲ့အခါတွေ

ချစ်သောဖေဖေ ချစ်သောမေမေ

ကရုဏာဒေါသောနဲ့ ရိုက်နှက်ဆုံးမတဲ့အခါ

ကျတဲ့မျက်ရည် မျက်ရည် မျက်ရည်

အသည်းဘဝင်မှာ မနာတတ်သော အရွယ်ပေ

ခုတော့မှလေ သူနဲ့တွေ့ရင်

မငြိုငြင်ပါဘူး မငြူစူပါဘူး

သို့သော်လည်းလေ

အလိုလို ဝမ်းနည်းတတ်တယ်လေ

သူ့ကိုတွေးနေ သတိရလေတိုင်း

မြမျက်ရည် ပုလဲမျက်ရည်

စိမ့်စမ်းသွယ် မျက်ရည်

သို့သော်အစဉ် ပူနွေးနေ

ချစ်ရသူတိုင်း ကျရသောမျက်ရည်

သူလာချော့မြူ ယုယထွေးပွေ့ယူ

ကလူကျီစယ် သူပလီတယ်

ချစ်ရသူတိုင်း ကျရသောမျက်ရည်

သူလာချော့မြူ ယုယထွေးပွေ့ယူ

ကလူကျီစယ် သူပလီတယ်

သည်းအူရင်ထဲ လှိုက်လှဲဝမ်းသာ

ဖြစ်ရပြန်သောအခါ

ကျလာသည့် မျက်ရည်စင်

ဆွေးပူရင်လည်း ကျတဲ့မျက်ရည်

ပြုံးပျော်ရင်လည်း ကျတဲ့မျက်ရည်

ဝမ်းထဲပွေသမျှ သောကအထွေထွေ

မျက်ရည်သွယ်မှ ပေါ့ပါးရွှင်လာ

အစဉ်သာရင်မှာ ပြေပြေကာ လျော့တယ်လေ

မြမျက်ရည် ပုလဲမျက်ရည်

စိမ့်စမ်းသွယ် မျက်ရည်

သို့သော်အစဉ် ပူနွေးနေ

ကိုယ်တို့ငယ်ငယ် ဟိုခါတုန်းက

ပြောမရဆိုမရ မိုက်ကြတဲ့အခါတွေ

ချစ်သောဖေဖေ ချစ်သောမေမေ

ကရုဏာဒေါသောနဲ့ ရိုက်နှက်ဆုံးမတဲ့အခါ

ကျတဲ့မျက်ရည် မျက်ရည် မျက်ရည်

အသည်းဘဝင်မှာ မနာတတ်သော အရွယ်ပေ

ခုတော့မှလေ သူနဲ့တွေ့ရင်

မငြိုငြင်ပါဘူး မငြူစူပါဘူး

သို့သော်လည်းလေ

အလိုလို ဝမ်းနည်းတတ်တယ်လေ

သူ့ကိုတွေးနေ သတိရလေတိုင်း

မြမျက်ရည် ပုလဲမျက်ရည်

စိမ့်စမ်းသွယ် မျက်ရည်

သို့သော်အစဉ် ပူနွေးနေ

ချစ်ရသူတိုင်း ကျရသောမျက်ရည်

သူလာချော့မြူ ယုယထွေးပွေ့ယူ

ကလူကျီစယ် သူပလီတယ်

ချစ်ရသူတိုင်း ကျရသောမျက်ရည်

သူလာချော့မြူ ယုယထွေးပွေ့ယူ

ကလူကျီစယ် သူပလီတယ်

သည်းအူရင်ထဲ လှိုက်လှဲဝမ်းသာ

ဖြစ်ရပြန်သောအခါ

ကျလာသည့် မျက်ရည်စင်

ဆွေးပူရင်လည်း ကျတဲ့မျက်ရည်

ပြုံးပျော်ရင်လည်း ကျတဲ့မျက်ရည်

ဝမ်းထဲပွေသမျှ သောကအထွေထွေ

မျက်ရည်သွယ်မှ ပေါ့ပါးရွှင်လာ

အစဉ်သာရင်မှာ ပြေပြေကာ လျော့တယ်လေ

မြမျက်ရည် ပုလဲမျက်ရည်

စိမ့်စမ်းသွယ် မျက်ရည်

သို့သော်အစဉ် ပူနွေးနေ။   ။

https://www.youtube.com/watch?v=sBklcP6Yygg

https://www.youtube.com/watch?v=-E15CIb6wlY

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ