Skip to main content

သံဝရဇာတ် (မူရင်း)



(ရှင်မဟာရဋ္ဌသာရ)

ပစ္စုပ္ပန်ဝတ္ထု

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဝီရိယလျော့သော ရဟန်းတပါးကို အကြောင်းပြု၍ 'ပန္နေန္ဒြိယော ဟောဟိ' အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသံဝရဇာတ်ကို ဟောတော်မူသတည်း။

ထိုစကားကို ချဲ့ဦးအံ့။ သာဝတ္ထိပြည်၌နေသော အမျိုးကောင်းသား တယောက်သည် ဘုရားသခင်၏ တရားဒေသနာကို ကြားနာရ၍ ရဟန်းဝတ်ပြီးနောက် ဥပဇ္ဈာယ်ဆရာကို ဝတ်ဖြည့်လျက် ပါတိမောက် ၂-မျိုးတို့ကို နှုတ်တက်ရအောင် လေ့လာမှုကို ပြုသည်။ ငါးဝါပြည့်လျှင် ကမ္မဋ္ဌာန်းကို သင်ပြီးနောက် တောမှာနေအံ့ဟု ကြံ၍ ဆရာဥပဇ္ဈာယ်ကို ပန်ကြားကာ ကောသလတိုင်း ပစ္စန္တရစ်ရွာတရွာသို့ သွားလေ၏။ ထိုရွာဝယ် ထိုရဟန်း၏အနေအထိုင်ကို ကြည်ညိုသောလူတို့သည် သစ်ရွက်ကျောင်းဆောက်၍ လုပ်ကျွေးကြလေသည်။ ထိုကျောင်း၌ တဝါဆိုလျက် အားရုံ၌ စိတ်ကို ထိစပ်ပြီး အလွန်အားထုတ်သော လုံ့လဖြင့် ဝါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းကို ပွား၏။ သို့သော် တရားထူးကိုရရန် အရိပ်နိမိတ်မျှကိုပင် မမြင်ရသဖြင့် ဤသို့ကြံစည်လေ၏။

'ငါကား ဘုရားသခင် ဟောတော်မူသည့် ပုဂ္ဂိုလ်လေးမျိုးတို့တွင် ပဒပရမ အမျိုးအစားတည်း။'*

တောမှာနေ၍ အဘယ်အကျိုးရှိတော့အံ့နည်း။ ဇေတဝန်ကျောင်းတော်သို့သွား၍ ဘုရားသခင်၏ တင့်တယ်ပုံကို ဖူးမြင်ယင်း သာယာသည့် တရားဒေသနာကို ကြားနာရင်း အချိန်ကုန်စေအံ့ဟု ကြံလျက် ထိုတောကျောင်းမှ ဇေတဝန်ကျောင်းတော်သို့ လာခဲ့လေသည်။ ဆရာဥပဇ္ဈာယ်များ မြင်ကြားသော အဆွေခင်ပွန်းများ အတူတကွ သုံးဆောင်စားသောက်ဘူးသော အဆွေခင်ပွန်းများကပြန်လာရခြင်း အကြောင်းကိုမေး...

* ပုဂ္ဂိုလ်လေးမျိုးအကြောင်း ခက်ဆစ်အဖြေ၌ ရှု

အတိတ်ဝတ္ထု

ရဟန်းတို့။ ။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်။ သံဝရမည်သောမင်းသားသည် သားတရာတို့တွင် အငယ်ဆုံးဖြစ်သည်။ မင်းသည် သားတယောက်ယောက်ကို အတတ်ပညာသင်ကြဟုဆိုကာ တယောက်တယောက်သော အမတ်တို့ထံ ပေးအပ်လေသည်။

သံဝရမင်းသား၏ ဆရာဖြစ်သော အမတ်သည်ကား ဘုရားလောင်းဖြစ်သည်။ ပညာရှိသည်။ လိမ္မာသည်။ အားအနုဗ္ဗဒ္ဓိတည်သည်။ အမတ်တို့သည် သင်ပြီးကြသည်မင်းသားတို့ကို မင်းထံ၌ ကတ်သည်တို့ကို ပြကြစေသည်။ မင်းကလည်း ထိုသားတို့ကို ဇနပုဒ်ရွာအသီးသီးပေး၍ လွှတ်တော်မူလိုက်သည်။

သံဝရမင်းသားသည် အတတ်အားလုံး ပြီးဆုံးခြင်းသို့ရောက်ပြီးနောက် ဘုရားလောင်းကိုမေးသည်။ 'ဆရာအမတ်၊ အကယ်၍ အကျွန်ုပ် ခမည်းတော်မင်းကြီးက ဇနပုဒ်ကို ပေးခဲ့သော် အဘယ်သို့ပြုရအံ့နည်း' ဟု မေး၏။

'မင်းသား။ ။ သင်ကား ဇနပုဒ်မြို့ရွာပေးခဲ့လျှင် မယူဘဲ အရှင်မင်းကြီး အကျွန်ုပ်သည် အငယ်ဆုံးသားတော်တည်း။ ကျွန်ုပ်လည်း နောင်တော်များနည်းတူ သွားခဲ့လျှင် ခမည်းတော်မင်းကြီးခြေတော်ရင်းသည် တိတ်ဆိတ်နေပါလိမ့်မည်။ သားတော်သည် ခမည်းတော်၏ ခြေရင်းမှာပင် နေပါအံ့' ဟု တင်လျှောက်လော့' ဟု အကြံပေးလေသည်။

တနေ့၌ ထိုသံဝရမင်းသားကို မင်းကြီးက 'ချစ်သား။ ။ သင်ချစ်သားအား အတတ်သင်မှု ပြီးပြီလော' ဟု မေးတော်မူသည်။ 'ပြီးပါပြီ' ဟု ပြန်၍ လျှောက်သည်။ 'ချစ်သားကိုလည်း ဇနပုဒ်မြို့ရွာကို ငါပေးသည်' ဟု မိန့်တော်မူလေသည်။

'အမည်တော်၏ ခြေတော်ရင်းသည် တိတ်ဆိတ် သွားပါလိမ့်မည်။ သားတော်သည် ခမည်းတော်၏ ခြေရင်းမှာပင် နေပါအံ့' ဟု လျှောက်လေသည်။ မင်းကြီးလည်း သဘောတူကာ 'ကောင်းပြီ' ဟု လက်ခံတော်မူလိုက်သည်။

ထိုသံဝရမင်းသားသည် ထိုအခါမှစ၍ မင်းကြီး၏ ခြေရင်း၌သာလျှင် စွဲမြဲ၏။

ဘုရားလောင်းအား 'အရှင်၊ အခြားဘယ်အမှုကို ပြုရဦးမည်နည်း' ဟု မေးပြန်၏။ 'ချစ်သား။ ။ မင်းကြီးထံမှ ဥယျာဉ်ဟောင်းတခုကို တောင်းလော့' ဟုဆို၏။ ထိုသံဝရမင်းသားသည် ဥယျာဉ်တော်ကိုတောင်း၍ ထိုဥယျာဉ်ထွက် ပန်း၊ သစ်သီးတို့ဖြင့် တိုင်းပြည်ရှိ အစိုးရသူတို့ကို ပြုစုထောက်ပံ့လေ၏။

နောက်တဖန် အဘယ်သို့ပြုရမည်နည်းဟု မေးပြန်၏။ 'ချစ်သား။ ။ မင်းကို ပန်ကြား၍ မြို့တွင်း၌ စားရေရိက္ခာကို သင်ချစ်သားသာလျှင် ပေးရအောင် ပြုလော့' ဟု ဆို၏။ မင်းသားသည် ဘုရားလောင်းဆိုသည့်အတိုင်း ပြုကာ မြို့တွင်း၌ မည်သူမျှမကျန်စေရအောင် စားရေရိက္ခာပေးလေသည်။ ဤသို့လျှင် ဘုရားလောင်းကို မေးကာ မေးကာ မင်းကြီးသိစေ၍ နန်းတွင်းရှိ ကျွနု်ပ်အမှုလုပ်များ၊ ဆင်၊ မြင်း၊ ဗိုလ်ပါများမှစ၍ ဝတ်မပျက်ပေး၏။ တိုင်းတပါးမှ လာကြသော တမန် စသည်တို့၏ နေရာထိုင်ခင်း၊ ကုန်သည်တို့၏ ကင်းခွန် အစရှိသော ပြဿနာကိစ္စသမျှကို မိမိသာလျှင် ပြုလုပ်စီမံလေ၏။

ဤသို့လျှင် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အတွင်းအပနေသူများ၊ မြို့သူမြို့သားများ၊ တိုင်းနိုင်ငံအတွင်းရှိသူများ၊ ဧည့်သည်များပါမကျန် ခြီးမြှောက်နည်းမျိုးစုံတို့ဖြင့် သိမ်းသွင်းကာ ချစ်ခင်နှစ်လိုသည့် အဖြစ်သို့ ရောက်စေလေသည်။

ခမည်းတော်မင်းကြီး နတ်ရွာစံခါနီးတွင် အမတ်တို့က 'အရှင်မင်းကြီး၊ အရှင်မင်းကြီး နတ်ရွာစံလျှင် ထီးနန်းကို အဘယ်သူအား ပေးရပါမည်နည်း' ဟု လျှောက်ကြ၏။

'အမတ်တို့။ ငါ၏ သားတော်အားလုံး ထီးဖြူနှင့်ထိုက်လျောက်ပတ်ကြသည်သာတည်း။ ယင်းသို့ ထိုက်သော်လည်း အမတ်တို့၏စိတ်နှလုံးကို နှစ်သက်စေသည့် သားတော်အား ထီးဖြူကိုပေးကြ' ဟု မှာခဲ့၏။

အမတ်တို့သည် မင်းကို သင်္ဂြိုဟ်ခြင်းကိစ္စ ပြီးစီး၍ ခုနစ်ရက်မြောက်သောနေ့၌ စုဝေးကြကာ 'ဤသံဝရ မင်းသားသည် ငါတို့၏ စိတ်နှလုံးကို နှစ်သက်စေ၏' ဟု ဆိုကြကာ ထီးနန်းအပ်ကြလေ၏။

သံဝရမင်းသား၏ နောင်တော် ကိုးကျိပ် ကိုးယောက်တို့သည် ထိုအကြောင်းကို ကြားသိကြလေလျှင် နောင်တော်အကြီးဆုံး ဥပေါသထမင်းကို နန်းတင်ရန် တိုင်ပင်၍ စစ်ချီလာကြကာ 'ငါတို့အား ထီးနန်းကိုသော်လည်း ပေးအံ့လော၊ စစ်ကိုသော်လည်း တိုက်အံ့လော' ဟု သံဝရမင်းထံ ရာဇသံပေးပြီးလျှင် ဝန်းရံကြလေ၏။

သံဝရမင်းသားက ဘုရားလောင်းအား ထိုအကြောင်းကို တိုင်ပင်ပြန်လေရာ 'မင်းကြီး။ နောင်တော်တို့နှင့် စစ်ထိုးဖွယ်မလိုပါ။ အဘ အမွေဖြစ်သော ဥစ္စာကို အတူရာစု၍ အဘအမွေဖြစ်သော ဤအစုကို ယူကြပါ။ အကျွန်ုပ် နောင်တော်တို့နှင့် စစ်မထိုးလိုပါဟု စေလွှတ်ပြောဆိုတော်မူလော့' ဟု ဆို၏။ သံဝရမင်းသည် ဘုရားလောင်းဆိုသည့်အတိုင်း ပြု၏။

ထိုအခါ အကြီးဆုံး နောင်တော် ဥပေါသထမင်းသားက ညီတော်တို့ကို ခေါ်၍ 'ငါ့ညီတို့။ မင်းဆိုတာကို နှိပ်စက်ဖို့ မလွယ်ပေဘူး။ ငါတို့၏ ညီထွေး သံဝရမင်းသားကလည်း ရန်သူအဖြစ်ဖြင့် မခုခံဘူး။ အဘအမွေ ဖြစ်တဲ့ ဥစ္စာကို ပို့လာပြီး နောင်တော်တို့နဲ့ စစ်မထိုးလိုပါလို့ စေလာပေးတယ်။ ငါတို့လဲ တပြိုင်နက် ထီးဖြူဆောင်းလို့ ဖြစ်မှာမဟုတ်။ ငါ့ညီထွေး သံဝရကိုသာလျှင် ထီးဖြူဆောင်းစေကြပါစို့၊ မင်းဖြစ်ပါစေ' ဟု ဆို၍ သံဝရနှင့် တွေ့ဆုံရန် အခြံအရံ အနည်းငယ်ဖြင့် ခြေကျင်လာကြလေ၏။

နောင်တော်တို့က ညီတော် သံဝရမင်းသားအား အကျိုးအကြောင်းတို့ကို မေးလေရာ သံဝရမင်းသားက မိမိသည် သီလရှိသည့် သူတော်ကောင်းတို့၏ စကားကို နားထောင်ပုံ၊ မည်သည့်တူမျှ ဆန့်ကျင်ခြင်းမရှိပုံ စသည်တို့ကို ပြောဆိုလေရာ လွန်စွာကျေနပ်ကြပြီးလျှင် ညီတော်၏ အခြံအရံ အဖြစ် ဝန်ခံကြလေ၏။ မိမိတို့ စားကျေးစားလက်ဖြစ်သော ဇနပုဒ်သို့ ပြန်သွားကြကာ အကူအညီကိုသာ ပေးကြလေတော့၏။

ဇာတ်ကို ပေါင်းသော်အခါ လုံ့လကို လျော့သောရဟန်းသည် သံဝရမင်း ဖြစ်ကြောင်း၊ ဥပေါသထမင်းသားသည် ရှင်သာရိပုတ္တရာဖြစ်ကြောင်း၊ ကြွင်းသော မင်းသားတို့သည် မဟာသာဝကနှင့် ပကတိ-သာဝကများ ဖြစ်ကြကြောင်း၊ သံဝရမင်းကြီး၏ ပရိသတ်တို့မှာ ဘုရားသခင်၏ ပရိသတ်များ ဖြစ်လာကြကြောင်း၊ သံဝရမင်းအား အဆုံးအမပေးသော အမတ်မှာ မြတ်စွာဘုရား ဖြစ်လာကြောင်း ဟောတော်မူလေ၏။

သုံးသပ်ချက်

သတ်ပုံခိုင်မာမှု - ဤစာသားတွင်လည်း "ရဟန်းတပါး"၊ "တယောက်"၊ "ရွာတရွာ"၊ "တဝါဆိုလျက်" စသည်ဖြင့် "တ" ကိုသာ စနစ်တကျ သုံးစွဲထားသည်ကို တွေ့ရပါသည်။ ဤသည်မှာ သင်အမြဲတစေ ထောက်ပြလေ့ရှိသည့် ၁၉၈၆ ခုနှစ်မတိုင်မီက မြန်မာစာ၏ မှန်ကန်သော စံနှုန်းဖြစ်ပါသည်။

ဝေါဟာရ - "ပဒပရမ" (တရားအားထုတ်သော်လည်း ဤဘဝတွင် မဂ်ဖိုလ်မရနိုင်သော ပုဂ္ဂိုလ်)၊ "ပစ္စန္တရစ်" (မြို့နှင့်ဝေးသော တောတောင်ဒေသ) စသည့် ပါဠိသက် ဝေါဟာရများကို မြန်မာစကားပြေတွင် လှပစွာ ထည့်သွင်းသုံးစွဲထားပါသည်။

အနုရသ - စာသားမှာ ရိုးရှင်းသော်လည်း ဖတ်ရှုရာတွင် ပြေပြစ်ပြီး ရဟန်းတပါး၏ စိတ်ဓာတ်ကျဆင်းမှုနှင့် ကြိုးစားအားထုတ်မှုကို ထိထိမိမိ ဖော်ပြနိုင်ပါသည်။

သတ်ပုံစနစ် - ဤစာမျက်နှာတွင်လည်း "သားတယောက်ယောက်"၊ "တယောက်တယောက်သော"၊ "တနေ့၌"၊ "ဥယျာဉ်ဟောင်းတခု"၊ "နောက်တဖန်"၊ "တိုင်းတပါး" စသည်ဖြင့် "တ" ကိုသာ တိကျစွာ သုံးစွဲထားသည်ကို တွေ့ရပါသည်။

သင်ခန်းစာ - အငယ်ဆုံးဖြစ်သော်လည်း နှိမ့်ချမှုရှိခြင်း၊ ဆရာ၏ စကားကို နားထောင်ခြင်းနှင့် အများအကျိုးကို ရှေးရှုခြင်းတို့ကြောင့် နောက်ဆုံးတွင် နောင်တော်များကို ကျော်လွန်၍ မင်းအဖြစ်ကို ရရှိမည့် အလားအလာကို တွေ့နိုင်ပါသည်။

သတ်ပုံခိုင်မာမှု - ဤစာမျက်နှာများတွင်လည်း "ခုနစ်ရက်"၊ "ကိုးကျိပ် ကိုးယောက်"၊ "တပြိုင်နက်" စသည်ဖြင့် "တ" သတ်ပုံကို အစဉ်တစိုက် တွေ့မြင်နိုင်ပါသည်။

ဇာတ်ပေါင်းခန်း (Jataka Conclusion) - ဗုဒ္ဓဘာသာ ဇာတ်တော်များ၏ ထုံးစံအတိုင်း အတိတ်ဘဝမှ ပုဂ္ဂိုလ်များသည် လက်ရှိဘဝတွင် မည်သူမည်ဝါ ဖြစ်လာသည်ကို ပေါင်းစပ်ပြထားပါသည်။ ရှင်သာရိပုတ္တရာ လောင်းလျာသည်ပင်လျှင် နောင်တော်အကြီးဆုံးအဖြစ် ပါဝင်ခဲ့သည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

အုပ်ချုပ်မှုပညာ - အင်အားသုံး၍ နှိမ်နင်းခြင်းထက် မေတ္တာနှင့် ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ် (ဆရာ၏ အဆုံးအမ) ကို အသုံးပြုခြင်းဖြင့် ရန်သူကို မိတ်ဆွေဖြစ်စေကာ တိုင်းပြည်ကို ငြိမ်းချမ်းစွာ အုပ်ချုပ်နိုင်ပုံကို သင်ခန်းစာ ပေးထားပါသည်။

မြန်မာစာပေ၏ အနှစ်သာရနှင့် ရှေးမူသတ်ပုံများကို ယခုကဲ့သို့ စနစ်တကျ မှတ်တမ်းတင်နိုင်ခြင်းမှာ နောင်လာနောက်သားများအတွက် အလွန်အကျိုးရှိသော လုပ်ရပ်ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ