Skip to main content

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မြန်မာစာရေးနည်း အကျဉ်းမှတ်ဖွယ် သံခိပ် နိယံ

(၁) ကွက်လပ် (  )

၁။ ဝိဘတ်တလုံး၊ ဆုံးခဲ့တုံမှတ်၊ ပုဒ်နောက်ရပ်၊ ‘ကွက်လပ်’ ခြားရမည်။

(၂) ပုဒ်သေး ( ၊ )

၂။ ဝါကျငယ်ပင်၊ ဆုံးခဲ့လျှင်၊ အစဉ် ‘ပုဒ်သေး’ ချရမည်။

၃။ အမည် ဂုဏ်ပုဒ်၊ ယှဉ်တွဲထုတ်က၊ ဂုဏ်ပုဒ် ရှေ့တွင်၊ ‘ပုဒ်သေး’ ဝင်၊ အစဉ် ထားရမည်။

၄။ နေ့စွဲ နောက်ရပ်၊ စာအမှတ် နောက်တွင်၊ ‘ပုဒ်သေး’ ဝင်၊ အစဉ် ထားရမည်။

၅။ ဂါထာဗန္ဓ၊ ပ၊ နှင့် တ၊ တို့၊ ပါဒဆုံးတွင်၊ ‘ပုဒ်သေး’ ဝင်၊ အစဉ်ထားရမည်။

၆။ ကဗျာစီမှု၊ ရတု၊ စ၊ ဒွါ၊ ပါဒဆုံးတွင်၊ ‘ပုဒ်သေး’ ဝင်၊ အစဉ်ထားရမည်။

၇။ သံပေါက် ရှည် တို၊ လက်ကိုညှိ၊ ထိုနည်းတိုင်းပင်၊ ‘ပုဒ်သေး’ ဝင်၊ အစဉ် ထားရမည်။

၈။ သံပေါက် ရေးရာ၊ ရှေးနှစ်ပါဒတွင်၊ ‘ပုဒ်သေး’ ဝင် အစဉ် ထားရမည်။

၉။ ရှစ်လုံးဘွဲ့ထုံး၊ ရှစ်လုံးဆုံးက၊ သုံးပါဒတွင်၊ ‘ပုဒ်သေး’ ဝင်၊ အစဉ် ထားရမည်။

၁၀။ ဒွေးချိုး၊ ခြောက်ချိုး၊ လေးချိုး ကဗျာ၊ ရေးကာစီကြ၊ ချိုးရှေ့ မူလျှင်၊ ပါဒနောက်တွင် ‘ပုဒ်သေး’ ဝင်၊ အစဉ်ထားရမည်။

၁၁။ တေးထပ်မျိုးမွန်၊ သုံးကဏ္ဍဝယ်၊ ရှေ့ ပုဒ်သွယ်၌၊ မှတ်ဖွယ် ‘ပုဒ်သေး’ ချရမည်။

၁၂။ စာမျက်နှာများ၊ ပိုဒ်ရေများကို၊ ညွှန်ကြားရာတွင်၊ များခဲ့လျှင်၊ ကြားတွင် - ‘ပုဒ်သေး’ ချရမည်။

၁၃။ သို့မဟုတ် ရှေ့တွင်၊ ‘ပုဒ်သေး’ ဝင်၊ အစဉ် ချရမည်။

(၃) ပုဒ်ကြီး ( ။ )

၂၄။ ဒွေးချိုး၊ ခြောက်ချိုး၊ လေးချိုး ရေးထုံး၊ ချိုးပုဒ်ဆုံး၊ စွဲသုံး ‘ပုဒ်ကြီး’ လည်း။

၂၅။ တေးထပ်မျိုးမွန်၊ ကဏ္ဍသုံးခု၊ ဆုံးတုံမှု၊ သုံးပြု ‘ပုဒ်ကြီး’ တည်း။

၂၆။ မှတ်၊ ညွှန်း၊ ကြောင်းရာ၊ အမှာ၊ ခြွင်းချက်၊ ပြလျက် နောက်တွင်၊ ‘ပုဒ်ကြီး’ ပင်၊ အစဉ် နှစ်ချက်တည်း။

၂၇။ ခေါင်းစီး၊ ထိပ်စီး၊ ရေးပြီးဆုံးရာ၊ ချပါ ‘ပုဒ်သေး၊ ပုဒ်ကြီး’ တည်း။

(၄) တုံးတို ( - )

၂၈။ ရှေ့နောက် တည်ခြား၊ ပုဒ်နှစ်ပါးမှ၊ စကားလွဲဆို၊ မရောလို၊ ‘တုံးတို’ ချလေမြဲ။

၂၉။ ရှေ့နောက် နှစ်လီ၊ မတူညီ၊ လယ်ဆီ ‘တုံးတို’ ချလေမြဲ။

၃၀။ ဂဏန်း ရှေ့သွား၊ စာနောက် ထား၍၊ ရေးသားတုံမြောက်၊ ဂဏန်းနောက်၊ မဖောက် ‘တုံးတို’ ချလေမြဲ။

၃၁။ အနက်ပေးရာ၊ ပါဠိနောက်တွင်၊ ‘တုံးတို’ ပင်၊ အစဉ်ချစမြဲ။

၃၂။ ဝေဟာမကုန်း၊ စာကြောင်းကုန်း၊ တဖုံ ‘တုံးတို’ ချစမြဲ။

၃၃။ မိတ္တူပိုင်ရာ၊ ဖြန့်ဝေရာ၊ ရှေ့မှာ ‘တုံးတို’ ချစမြဲ။

(၅) တုံးရှည် ( — )

၃၄။ မိတ္တူဖြန့်ဝေ၊ ပုဒ်နောက်ပေ၊ ချလေ ‘တုံးရှည်’ သာ။

၃၅။ သရုပ်သရုပ်၊ ရေးစီထုတ်၊ သရုပ်ရှေ့မှာ ‘တုံးရှည်’ သာ။

၃၆။ အဓိပ္ပာယ်ကို၊ ပြန်ဆိုရာဝယ်၊ အဓိပ္ပာယ်နောက်မှာ၊ ‘တုံးရှည်’ သာ။

၃၇။ ပမာ၊ ပမာဆောင်လေ တန်ဆာ၊ ရေးသောခါတွင်၊ ဥပမာ နောက်မှာ၊ ‘တုံးရှည်’ သာ။

၃၈။ ဝါကျဆုံးလျက်၊ ဆက်ရန်စကား၊ ရှိတုံငြား၊ ချထားမှန်စွာ၊ ‘တုံးရှည်’ သာ။

(၆) အောက်မျဉ်း ( ____ )

၃၉။ ထူးသတိပြု၊ ကြည့်ရှုစေချင်၊ စာပိုဒ်တွင်၊ ထင်ထင် ‘အောက်မျဉ်း’ ဆွဲ။

(၇) ပုဒ်ကန့် ( , )

၄၀။ သရုပ် သချေင်္၊ ရေတွက်လေရာ၊ ထိုအခါ ချပါ ‘ပုဒ်ကန့်’ တည်း။

၄၁။ သချေင်္ကိန်းများ၊ သုံးလိုငြားက၊ ငါးလုံးတဖြာ၊ သုံးလုံးမှာ၊ ထားပါ ‘ပုဒ်ကန့်’ တည်း။

၄၂။ ထက်အောက်စဉ်ခါ၊ ကိန်းသချေင်္ကို၊ ဆုတ်ခါ မြှင့်တင်၊ ရေးလိုလျှင်၊ ဝင်လေ ‘ပုဒ်ကန့်’ တည်း။

၄၃။ မျိုးတူ မည်ကွဲ၊ တကြောင်းထဲ၌၊ တွဲစပ် ရေးလျှင်၊ ဝင်လေ ‘ပုဒ်ကန့်’ တည်း။

(၈) မီးပြကြီး ( “ ” )

၄၄။ ပြောဟန်၊ ဆိုဟန်၊ ပြလိုပြန်၊ ထည့်ရန် ‘မီးပြ’ ကြီး။

၄၅။ အကြံဖြစ်ဟန်၊ ရေးလိုပြန်၊ ထည့်ရန် ‘မီးပြ’ ကြီး။

(၉) မီးပြကလေး ( ‘ ’ )

၄၆။ ထဆင့်ပြောဟန်၊ ကြံစည်ဟန်ကို၊ ရေးရန် ကြုံက၊ ‘မီးပြကြီး’ အတွင်း၊ ‘မီးပြကလေး’ ကိုသွင်း။

(၁၀) လက်သည်းကွင်း (  )

၄၇။ ရှေ့ပုဒ်နှင့်မူ၊ သဘောတူ၊ ထည့်ယူ ‘လက်သည်းကွင်း’။

၄၈။ သချေင်္နှင့်စာ၊ တူပြရာ၊ သချေင်္ ‘လက်သည်းကွင်း’။

၄၉။ ကိန်းဂဏန်းမှာ၊ သချေင်္ နှင့် စာ၊ နှစ်ဖြာ ရေးလျှင်၊ စာတွင် ‘လက်သည်းကွင်း’။

၅၀။ ပိုဒ်ခွဲ က၊ ခ၊ ရေးသုံးက၊ ထည့်ကြ ‘လက်သည်းကွင်း’။

၅၁။ ဇယားကွက်ထား၊ အမှတ်များ၊ ရေးသား၊ ‘လက်သည်းကွင်း’။

(၁၁) တွန့်ကွင်း {  }

၅၂။ မြန်မာစာလုံး၊ ‘တွန့်ကွင်း’ သုံး၊ လုံးလုံး မရှိပါ။

(၁၂) ထောင့်ကွင်း [  ]

၅၃။ ရည်ညွှန်း၊ မှတ်ချက်၊ ရှင်းလင်းချက်နှင့်၊ ခြွင်းချက်တို့မှာ ‘ထောင့်ကွင်း’ သာ။

၅၄။ သတိပြုစရာ၊ အမှာစကား၊ ရေးစီးသား၊ ထည့်ခြား ‘ထောင့်ကွင်း’ သာ။

(၁၃) တဘက်ကွင်းရှည် }

၅၅။ အရေးကြီးလာ၊ ကြောင်းခြင်းကို၊ ပေါင်းကာ စုကြ၊ ‘တဘက်ကွင်းရှည်’ ကို ပြ။

၅၆။ စကား ပေါရာ၊ များတုံပါလည်း၊ မိတ္တာ၊ အတ္ထ၊ တခုရ၊ ‘တဘက်ကွင်းရှည်’ ကို ပြ။

(၁၄) ခရုပွင့် ( * )

၅၇။ အောက်ခြေ မှတ်စု၊ ညွှန်းပြမှု၊ ရေးပြု ‘ခရုပွင့်’။

(၁၅) မျဉ်းစောင်း ( / )

၅၈။ သို့မဟုတ်ကို၊ ခြားပြလို၊ သုံးလို ‘မျဉ်းစောင်း’ သာ။

(၁၆) အမေးလက္ခဏာ ( ? )

၅၉။ အမေးစာသား၊ ရေးစီးငြား၊ ပြထား ‘အမေးလက္ခဏာ’ တည်း။

(၁၇) အာမေဍိတ် ( ! )

၆၀။ ကြောက်ခြင်း စာသား၊ အကြောင်းများကြောင့်၊ စကား ပြောဟန်၊ ရေးလိုပြန်၊ ထားရန် ‘အာမေဍိတ်’ လက္ခဏာ တည်း။

(၁၈) ချန်ကွက် ( ....... )

၆၁။ တမင်ချန်လျက်၊ အညွှန်းဆက်၊ ‘ချန်ကွက်’ ကိုသာ သုံးလေတည်း။

(၁၉) မြှုပ်ကွက် ( .... )

၆၂။ ကြွင်းကျန်စာမှတ်၊ နည်းတုံလတ်၊ ချအပ် ‘မြှုပ်ကွက်’ တည်း။

(၂၀) မြှုပ်ကွက်များ ( ........... )

၆၃။ ကြွင်းကျန်စာမှတ်၊ များတုံလတ်၊ ချအပ် ‘မြှုပ်ကွက်များ’ သာတည်း။

မြန်မာစာရေးနည်း အကျဉ်းမှတ်ဖွယ်။

သံခိပ် နိယံ ပြီးပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ