ဆို-၀င်း၀င်းအောင်
ချစ်တာတခုတည်း ပျို့အသည်းစွဲလို့ မောင့်ကိုပင် သူမလာရင်အပြစ်ကိုပဲမြင် မေ့ရဲ့စိတ်မှာပင် ချစ်တဲ့အကြောင်းတွေကိုပင် တွေ့ရင်မေပြောချင် ချစ်ကမ္ဘာလမ်း တလျှောက်တွင် နှစ်ယောက်တည်းတူတူယှဥ် သံသရာသက်ဆုံး မမုန်းနိုင်ပင် သံသရာသက်ဆုံး မမုန်းနိုင်ပင် မောင့်ကိုသာအစဥ် တမ်းတလို့ဖြင့် မြင်ယောင်မိပါသရှင်
တုံ့လှယ်အပြုံးလေးများပင် မေတ္တာ နှောင်ကြိုးမျှင် ငယ်ရွယ်ပါသေး ထိုအရေး ပျိုတွေးမမြင် မပြုမပြင်နုယဥ်အလှဆင် မယ့်ဖြစ်အင် အလိုသဘော ပျို့မနော မပြော၀ံ့ပါသရှင် မိဘမောင်တွေကြား အစ်ကိုတွေကြားနွဲ့ဆိုးဆိုးတာတမင် ချစ်သမျှကို မြင်းမိုရ်တောင်ထင် ပတ်၀န်းကျင်လောကကြီးကို လောကကြီးကို အမှုမထားနိုင်အောင်ပင် ချစ်ကမ္ဘာလမ်းတလျှောက်တွင် နှစ်ယောက်တည်း တူတူယှဥ် သံသရာသက်ဆုံးမမုန်းနိုင်ပင် သံသရာသက်ဆုံးမမုန်းနိုင်ပင်
မောင့်ကိုသာအစဥ် တမ်းတလို့ဖြင့် မြင်ယောင် မိပါသရှင်
facebook.com/reel/1979969609286674?s=single_unit
ဒေါက်တာတင့်ဆွေ

Comments
Post a Comment