Skip to main content

ဦးကြင်ဥ ပဒေသာသီချင်း - အဖြေ (စာကိုယ်)







တက္ကသိုလ်ဝင်တန်း ကျောင်းသာများအတွက်

တက္ကသိုလ်ဝင်တန်းဆိုတာ ၁၀ တန်း။

တချိန်က (၁၉၈၆ ခုနှစ်မတိုင်ခင်က) မြန်မာစာကို သဒ္ဒါ၊ စာလုံးပေါင်းသတ်ပုံ မှန်အောင်သင်ပေးခဲ့ပါတယ်။

ဦးကြင်ဥ

ပဒေသာသီချင်းများ

စကားလုံး—ခက်ဆစ်အဓိပ္ပါယ်များ

ရေးသားသူ။ ။ ဒေါ်တင်တင်မြင့်, B.A. (Hons.) B.Ed.,

ဒေါ်စိန်လှယဉ်-ဒေါ်တင်တင်မြင့်ကျောင်း၊

ကျောင်းအုပ်မှူး၊ ၁၁၆- နယူးလင်းလမ်း၊ ရန်ကုန်။

တည်းဖြတ်သူ။ ။ ဦးလှမောင်, M.A., M.S., B.L.,

၁။ တန်ခူးလဘွဲ့ လူးတား/ရတု စာသားများ (ပုံ - fd813c)

၂။ ပဒေသီသီချင်းများနှင့် လေးချိုးသဖြန် (ပုံ - fd8162)

၃။ တန်ခူးလဘွဲ့ စကားပြေ (ပုံ - fd8424)

၄။ တန်ခူးလရာသီအဖွဲ့နှင့် လေးချိုးသဖြန် စကားပြေ (ပုံ - fd844a)

၅။ ချစ်ဘော်မစုံသူတို့ ပူဆွေးရပုံ စကားပြေ (ပုံ - fd8482)

၆။ ကျောင်းသုံး ခက်ဆစ်အဓိပ္ပာယ်များ ကျမ်းဦးစာမျက်နှာ (ပုံ - fd84c1) တို့ ဖြစ်ကြပါသည်။

၂၂။ တန်ခူးလဘွဲ့

အော်-ဘုံစုံတြာ၊ ယံကုန်ငှာလဲ၊ လိတ္တာလုံးညီ၊ တင့်ဆုံးမှီတဲ့၊ ရာသီတော်ခါ။ သင်္ကြန်တာဝယ်၊ စံရာပန်းသတ်၊ နန်းဝရတ်က၊ မြတ်သမ္ဘာကြွယ်၊ ယဉ်တမွတ်ကျုံး၊ လှလွတ်နှုံးသည်၊ တဘုန်းမယ်တို့။ ။ လွမ်းနွယ်ပြားပြန့်၊ တားမတန့်အောင်၊ သားခြွေယ်သိန့်သိ၊ တိမ်စဉ်စိကို၊ ပန်းချီငှေးက

မောတောတယ်၊၊ ။ ချစ်ငယ်လာဘီ၊ သည်ခါမှီကို၊ ဝသီငါးရပ်၊ မပူပါးတက်အောင်၊ ချစ်ရတနာနောင်၊ နိဝရဏ၊ တိလောကမှာ၊ လောဘမှောင်နှင်၊ ထောင်ပေါ်ရာငါး၊ ကိလေယဉ်ယဉ်၊ သံယောဇဉ်ကို၊ မကြာမှားမိ၊ ယဉ်အားတန်တန်၊ မပူတုံခွန်း၊ ထုတညွန်းမှာ၊ လှုံညွှန်းသံနှင့်၊ စံသမ္ဘာညီ၊ မာယာပြီ၊ ပလိချေက နောက်တောတယ်၊၊ ။

လေးချိုးသဖြန်၊၊ ။ အထောက်က တဲ့မတန်၊ ။ ရွှေကံကော် ဝေဗျူကျွန်းလို့၊ ကြုံဆုံးတသီနင့်ပဟိ၊ ပန်းမင်းလှတံစံ၊ ။ မိဿဘုံ ဂဠုန်ကျူးတွင်မှ၊ ကြုံဘူးလေဖြစ်ဟန်၊ ရစ်တံပိုင်ဆင်တော်နဲ၊ ။ ချိန်ခါနွေ၊ ဣန္ဒာဆွေဘုပတိသော်မှ၊ ပုမိရင်ဘယ် ဖြိုင်နိမ့်၊ ခြယ်ရွှေဝိုင်နေရလေနှင့်၊ ရုဇ္ဇဇာ သာမြူသေးချဉ်ငဲ့၊ ဆွေးတော်ညဲ့ဘဲ၊၊ ။

အံ့အံ့ထူးချွန်း၊ ဆယ်နှစ်ခွေပတ်၊ ရေရဟတ်လဲ၊ နှောတတ်ပြန်တုံ၊ အဝှန်ငယ်တီးတီး၊ စိမ့်စမ်းငယ်ရေကြည်၊ အတည်တည်လဲ၊ ရင်လည်စီးလို့၊ ခရီးကန္တာ၊ ဇာတရူပ၊ ရတနာကို၊ လေလာကာလျှင်၊ ဝိဇ္ဇာဇော်ဂျီ၊ သူတို့ဆေးနှင့်၊ အရေးငယ်မှီသည်။ ကိုယ်စီပိုမက်လို့၊ မြူးတောတယ်။ ။ သစ်ခုငယ်ပန်းတင်၊ လမ်းတခွင်မှာ၊ သမင်အံ့စာ၊ ခတ္တာပင်စောက်၊ ကြောင်ထောက်အံ့ပြား၊ နာငါးပါးနှင့်၊ မရှားမြင်ပြု၊ မိဂုဏ်ကယ် ပင် သွယ်၊ ဆေးလဗ္ဗာယ်လဲ၊ ပတ်လည်ခပွေ၊ သောကစိုက်တုံ၊ မီးနေပြာခါ၊ ဝေခွင့်သားနှင့် ရက်လျားငယ် ကုန်သည်၊ သည်ထုသည် ဆေးနှင့် ကုကြတယ်၊၊ ။

၂၂။ လေးချိုးသဖြန်

အထူးတဲ့ရပ်ဖန်၊ ။ ခတ်လေးထွေစက်ကမှ၊ သံယဇာရွှေငွေဖြစ်တယ်လို့၊ ပုဂံစာ ထုအနှစ်သက်ကယ်က၊ ညွှန်းပစ်ခဲ့ပြန်၊ ။ လောကီဉာဏ် စေးထွက်နှင့်၊ ရာသက်လုံးကြိတ်ဖန်၊ စိတ်သန်တဲ့မနော၊ ။ သည်အာရုံ၊ ကာမဂုဏ်နောင်ချက်နှင့်၊ မြောင်နက်ကယ် စုံရဂုံက၊ မှိုင်းပုံတော်တပသာငယ်တို့၊ အားလျော့တဲ့တော၊ ။

၂၃။ ပင်လယ်ငါးဘွဲ့

နာနတ္တကာယံ၊ ။ ကောက်ကယ်သညာနှင့်၊ အလီလီ ရုပ်ဖန်တီး၊ ငမီး ငံခွန်းက၊ ငလိပ်စပ် ဖန်ခွန်း၊ ငကြက်ကယ် တိမ်မည်သား၊ များတောတန်တန်၊ ။ ငဇီးဖြူ ငပုတင်း၊ ခပင်းရှိပဟိနဲ၊ ညိုဖန်လို့ ပုံရော၊ ။ ကုန်းမော်တင်၊ သွင်းလော်စင် ရောင်ဝုန်ကဲ့သို့၊ နွံထဲမှာညှိုင်နှည့်ကြတယ်၊ နတ်စစ်သည် သင်္ဂမိတ်ကယ်တို့၊ ဆန်းခေခါင်ပိတ်ကျော၊ ။

၂၄။ ပင်လယ်ခရုဘွဲ့

ကြုံစဖူး မြင်ဖူးမှယုံဖွယ်၊ ။ ဖြူနီဝါ ပြာတစုံနှင့်၊ ရှေထွေလာဆန်း၊ ကမ်းကွေပတ်လယ်၊ ။ ရွှေမင်တံသမ္ဗချုပ်နှင့်၊ ဟန်ရုပ်ပြသွယ်သွယ်၊ နတ်မယ်လျံဆဲ၊ ။ ဝေကဆုပ်

ပဒေသာသီချင်း စကားပြေများ

၁။ တန်ခူးလဘွဲ့

၁။ အော်-ကြင်ဘော် ချစ်သူချစ်ဘက် မစုံသူတို့ အတွက် စိတ်ဖြေဘို့ ခက်ခဲအောင် တန်ခူးလရာသီ၏ အခြေအနေမှာ သာယာကြည်နူးဖွယ်ဖြစ်သည်။ ဤရာသီ၌ ကောင်းကင်တွင် တိမ်တောင်တိမ်လိပ်များသည် မကန်းငါး၏ အကြေးကွက်များပမာ အထပ်လိုက်အထပ်လိုက်ရှိကာ သာယာလှသည်။ အချို့တိမ်များသည် ပိုက်ကွန်ရက်သဏ္ဌာန်ကဲ့သို့ အကွက်ထကာ ကြည်နူးဖွယ်ဖြစ်မည်။

မိုးနတ်မောင်သည် ပုဇွန်လက်မ စည်တော်ကြီးကို တီးခတ်ဘိသကဲ့သို့ အရပ်ထက် ဝန်းကျင် တခုလုံး မြည်ဟည်းအောင် မိုးချုန်းစေပါသည်။ မိုးမင်းသည်လည်း ရွာတော့မည့်ဟန် ဖြစ်နေပါသည်။ မိုးသံ၊ မိုးခြိမ်းသံတို့သည် ကောင်းကင်တခုလုံး လွှမ်းမိုးပြည့်နှိုးကာ မြည်ဟည်းနေပါသည်။

မြူခိုးအစရှိသော အမှိုက်မှောင်များကို ပယ်ရှင်းချေဖြတ်နိုင်သည့် ရောင်ခြည်တထောင် အလင်းဆောင်သော နေမင်းကြီးသည် ယခုအခါ တန်ခူးလရာသီတွင် တောင်ဘက်အစွန်း အပြင်လမ်းစခန်းကို စွန့်လွှတ်၍ အလယ်လမ်းသို့ (မေဇ္ဈဝိထိသို့) ကူးပြောင်းကွန့်မြူးခဲ့ပြီ။ ဤတန်ခူးလရာသီတွင် ကံ့ကော်ပန်း အကိုက်အညွန့် အဖူးကလေးများသည် အစီအရီညီညီညာညာ ထွက်ပေါ်လာကြသည်။ ဝတ်မှုံ ဝတ်ဖတ်များနှင့် ငွေရောင်

သဏ္ဌာန်ဖြူဖွေးသည့် ကံ့ကော်ပန်းခိုင်ကလေးတို့သည် လေပြေလေညင်း တိုက်ခတ်သဖြင့် ယိမ်းယိုင်ကိန်းညွှတ်နေကြပါသည်။ ဖတ်ဆွတ်မိုးသည်လည်း စတင်ကာ ရွာသွန်းခဲ့ပြီးဖြစ်သည်။ နှစ်သက်ဖွယ်ရာ ကြည်လင်သော ရေယဉ်တသွင်သွင် စီးဆင်းသည့် မြစ်နံဘေး သဲသောင်ကမ်းစပ်တွင် ဟင်္သာငှက်၊ သောင်တင်းငှက်၊ ရွှေပိန်ညှင်းငှက်တို့သည် ဖိုမမောင်နှံ ယှဉ်နွဲ့နေကြသည်မှာ ပူးပူးကပ်ကပ် နှစ်ကိုယ်တကိုယ်ပမာ ဖြစ်ပါသည်။ ငှက်မောင်မယ်စုံတို့သည် အတူနွှဲ၍ ချစ်တင်းနှီးနှောကာ ချစ်သည့်အကြောင်းကို သာယာစွာ မြည်တွန် ပြောဆိုနေကြသည်။ ငှက်မောင်နှံဖိုမတို့သည် အတောင်ကလေးများကို ဖြန့်၍ ပျံဝဲနေကြသည်။

အဆက်အလက် ဆယ်နှစ်ကွက်ရှိသည့် ရာသီစက်ဝန်းတွင် တန်ခူးလ ရာသီ၏ ကြည်နူးဖွယ် ဂုဏ်တို့မှာ တန်ဖိုးမဖြတ်နိုင်အောင်ပင် ဖြစ်ပါသည်။ တန်ခူးလရာသီ၏ ထူးကဲသော ဂုဏ်တို့မှာ အခြားရာသီများနှင့် နှိုင်းယှဉ်ချိန်စက်၍ပင် မဖြစ်နိုင်ပါ။ အခြားရာသီများသည် တန်ခူးလနှင့် မဖက်ပြိုင်နိုင်ပါ။ ဂုဏ်ချင်း မညီမျှကြပါ။ ဤလရာသီသည် စိတြနက္ခတ်နှင့် လပြည့်ဝန်းတို့ သန်းကောင်အခါတွင် ယှဉ်ပြိုင် ထွန်းလင်းတောက်ပသောအခါ ဖြစ်သည်။ တန်ခူးလရာသီသည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးသည့် သင်္ကြန်အခါ ဖြစ်သည်။ နှစ်ဟောင်းကုန်၍ အတာကူးသည့် တန်ခူးလမှာ သာယာကြည်နူးဖွယ်တို့သည် အခေါင်အဖျားတိုင် ရောက်၍ အသာယာဆုံး ဖြစ်ပါသည်။ တန်ခူးလ၏ သာယာကြည်နူးဖွယ်တို့သည် အခြားရာသီများထက် ပိုကဲ လွန်ကဲ လာတော့သည်။ တန်ခူးလ

သဘာဝ ရာသီဥတု အခြေအနေသည် ကြေကွဲ လွမ်းဆွတ်ဖွယ်ဖြစ်သည်။ ထို့ကြောင့် တသန်းသော ရံရွှေတော်တို့၏ မှန်ကူသဖွယ် အထွတ်အထိပ် ဖြစ်သည့် (တနည်း-မှန်ကဲသို့ အစဉ်ကြည့်ရှု လေးစားအပ်သည့်) နန်းတော်သူ မင်းသမီးကလေးများသည် ရွှေနန်းတော်ပေါ်တွင် ပျော်ပျော်ပါးပါး စံပျော်ရငြားသော်လည်း တန်ခူးလ၏ သာယာမှုဒဏ်ကို မခံနိုင်ပါ။ ထိုမင်းသမီးကလေးများမှာ မည်သို့ပင် ဉာဏ်ပညာဖြင့် စိတ်ကိုချုပ်ထိန်းသော်လည်း စိတ်တည်တံ့ ခိုင်ခံ့ နိုင်မည် မဟုတ်ပါ။ စိတ်ပျံ့လွင့်ကာ လွမ်းဆွတ်ရမည်သာ ဖြစ်သည်။

လေးချိုးသဖြန်။ ။ အလွမ်းစိတ် အဆွေးစိတ်တို့ကို မဖြေနိုင်ပါ။ ရေစီးရေကြောင်း တွေ့ဆုံရာ ရေဆိုင်တွင် ဖြစ်သော ဝဲကဲ့သို့ လွမ်းစိတ် ဆွေးစိတ်တွေနှင့် ချာချာလည်ဝူးဝတ္တ ဖြစ်ရပါသည်။ တန်ခူးလ၏ သာယာကြည်နူးဖွယ်တို့ကြောင့် လွမ်းစရာ၊ ဆွေးစရာ၊ မှိုင်စရာတွေ စုဝေးများပြားလှသည်။ ပူဆွေးမှုတို့ သည်လည်း အသစ်အသစ် ဖြစ်ပေါ်နေပါသည်။ အဆွေးဟောင်းတို့သည် အဆွေးသစ် ဖြစ်နေပါသည်။ မှန်ပြာသာဒ် အဝင်ဝရှိသည့် မြင့်မားသော နန်းတော်ဆောင်အတွင်းသို့ ခြင်္သေ့ရုပ်ခံသည့် မှန်ပြတင်းမှ လေပြေလေညင်းသည် ဆော်သွင်း တိုက်ခတ်နေပါသည်။ ကျွန်ုပ်တို့သည် လွမ်းစိတ်တို့ကို ကြိုးစားအားခဲ၍သာ အောင့်အင်း၍ မျိုသိပ်နေရပါသည်။ ဗျာပါရ ပူဆွေးမှု အသွယ်သွယ်တို့ကြောင့် အသံတစင်တွင် မကြည်လင် မရှင်ပြုံးနိုင်ဘဲ နောက်

ကျန်နေရပါသည်။ ပူဆွေးမှုတို့ဖြင့် အသည်းနှလုံးတို့ ကြေကွဲပြီးလျှင် ကြေပြတ်လုနီးပါး ဖြစ်ရပါသည်။ စိန်ကြောင်နီလာ စသော နဝရတ်ကိုးပါး စီခြယ်ထားသည့် သဉ္ဇာလီအိပ်ရာသလွန် အလယ်ဝယ် အမွှေးနှင်းရည် ဆွတ်ဖျန်း လိမ်းသတ်ထားသော ကောဒုမ္ဗရုဏ် ပြည်ဖြစ် အသပြာ တသိန်း ထိုက်သော စောင်ကို လွှမ်းခြုံ ရစ်ပတ် ထွေးယှက် ထားသော်လည်း ချစ်သူ ကြင်ဘော် ကြင်ဘက်၏ ရင်ငွေ့ကို မလှုံရသဖြင့် အချမ်း မလုံနိုင်ပါ။ စင်စစ်မှာ ဤမျှလောက် သာယာသော တန်ခူးလရာသီ၌ ချစ်သူ ကြင်ဘော် ကြင်ဘက် မစုံသူတို့ အတွက်မှာ ပူဆွေးရ စမြဲပင် ဖြစ်ပါသည်။ ချစ်ဘော် မစုံသူတို့ ပူဆွေးရသည်မှာ ဓမ္မတာထုံးတမ်းပင် ဖြစ်ပါသည်။

မှတ်ချက်။ ။ ပုံပါစာသားတွင် 

"တဘုန်းမယ်"၊ "တမွတ်"၊ "တမန့်"၊ “တခု”၊ “တထောင်”၊ “တခုလုံး”၊ “တကိုယ်”၊ “တသွင်သွင်”၊ “တသန်းသော” နှင့် “တစင်” စသည့် သတ်ပုံများမှာ မူရင်းအတိုင်း “တ” ဖြင့်သာ တိကျစွာ ရှိနေသည်ကို တွေ့ရပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ