ဆရာခမျ အသံဖိုင်နဲ့ မရှိဘူးလာ.. စာဖတ်ရပျင်းလို့ပါ
ကျွန်တော် အသံဖိုင် မတင်ပါ။
အသံဖိုင်၊ ဗီဒီယိုဖိုင်တွေကိုလည်း အတတ်နိုင်ဆုံး မဖွင့်ပါ။
အသံနဲ့ ရုပ်ပါတာတွေကို တခြားပုဂ္ဂိုလ်တွေက တင်ကြပါတယ်။
အသံကို တင်သူတွေက စာလိုဘဲ သတိထားရပါတယ်။
စာနဲ့ရေးတဲ့အခါ စာလုံးပေါင်းသတ်ပုံ မှန်ရမယ်။
အသံကိုသုံးရင် အသံထွက် မှန်ရမယ်။
အခုခေတ်မှာ အများစုက စာလုံးပေါင်းသတ်ပုံ မှားကြတယ်။ အသံထွက် မမှန်သူက များတယ်။
ရေးတော့ အမှန်၊ ဖတ်တော့ အသံ ထုံးရှိတယ်။
ဒါပေမဲ့ ရေးချင်ရာရေးပြီး ထုံးကို တလွဲသုံးနေသူတွေကလည်း အတော်များတယ်။
ခေတ်မကောင်းတော့ အစစ် အမှန်တွေ၊ မူရင်းတွေ တိမ်ကောနေတယ်။
အစစ်အမှန်တွေကို တင်ပြသူ၊ ထောက်ပြသူတွေကို ရန်ရှာတဲ့အထိ ဖြစ်လာပါတယ်။
ခေတ်ကောင်းလာပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment