Skip to main content

ဝင်း နှင့် ဝန်း

Hi ဆရာ မဂ်လာပါရှင့် အိမ်ဝင်း နဲ့ အိမ်ဝန်း ဘယ်သတ်ပုံကအမှန်လဲသိချင်လို့ပါ ဆရာ

Hi မလိုအပ်ပါ။

၁။ အိမ်ဝင်း (ငသတ်ဖြင့်)

“ဝင်း” ဟူသည်မှာ ခြံစည်းရိုး ကာရံထားသော နေရာ၊ အကွက်အကွင်းကို ဆိုလိုပါသည်။

အိမ်ဝင်း: အိမ်ကို ခြံစည်းရိုး ကာရံထားသော ဝင်းခြံအတွင်းရှိ မြေနေရာကို ဆိုလိုလျှင် “အိမ်ဝင်း” ဟု ရေးရပါမည်။

အခြားအသုံးများ: ဝင်းခြံ၊ ဝင်းတံခါး၊ ဝင်းအတွင်း၊ မင်းဝင်း၊ တပ်ဝင်း စသည်တို့တွင် သုံးနှုန်းပါသည်။

၂။ အိမ်ဝန်း (နသတ်ဖြင့်)

“ဝန်း” ဟူသည်မှာ ဝိုင်းဝန်းခြင်း၊ ပတ်လည်ဝန်းရံခြင်း သို့မဟုတ် အဝန်းအဝိုင်းကို ဆိုလိုပါသည်။

အိမ်ဝန်း: အိမ်၏ ပတ်ဝန်းကျင် သို့မဟုတ် အိမ်ပတ်လည် အဝန်းအဝိုင်းကို ဆိုလိုလျှင် “အိမ်ဝန်း” ဟု သုံးနှုန်းနိုင်သော်လည်း “အိမ်ဝင်း” လောက် အသုံးမတွင်လှပါ။

အခြားအသုံးများ: ပတ်ဝန်းကျင်၊ ဝိုင်းဝန်းသည်၊ အဝန်းအဝိုင်း၊ ဝန်းရံသည် စသည်တို့တွင် သုံးနှုန်းပါသည်။

ရှေးမူအရ အိမ်၏ ခြံမြေအကျယ်အဝန်းကို ရည်ညွှန်းလိုလျှင် “အိမ်ဝင်း” (ငသတ်) ကိုသာ အသုံးများပါသည်။

အိမ်ဝင်း = ခြံစည်းရိုးအတွင်းရှိ အိမ်မြေနေရာ။

အိမ်ဝန်း = အိမ်၏ ပတ်လည် အဝန်းအဝိုင်း။ (ယခုခေတ်တွင်မူ “အိမ်ရာဝန်း” ဟုလည်း ရေးသားလာကြသည်ကို တွေ့ရပါသည်။)

ဝင်း

ကျောင်းဝင်း

ခြံဝင်း၊ 

တက္ကသိုလ်ကျောင်းဝင်း

တက္ကသိုလ်ဝင်း

ဘုန်းကြီးကျောင်းဝင်း၊ 

ဘုရားဝင်း

ရှေ့ဝင်းနောင်ဝင်း

ဝင်း (ဆိုင်အမည်)

ဝင်း = ပိုင်းခြား သတ်မှတ် ကာရံထားသော နေရာ။

ဝင်းကြီးကိုလည်း အုတ်တံတိုင်းဖြင့် ခတ်ထား၏။

ဝင်းခြံ

ဝင်းတံခါး

ဝင်းတော်မှူး

ဝင်းထရံ

ဝင်းပတ်ကာရံထားသောနေရာ။ အိမ်ဝင်း၊ ကျောင်းဝင်း။

ဝင်းပျို့ပျို့ = ပြည့်ဖြိုးဖွံ့ထွားသည်

ဝင်းပိုင်

ဝင်းပေါက်

ဝင်းမှည့်

ဝင်းဝါ

အမှည့်တ၀င်းဝင်း အကင်းတဖြိုက်ဖြိုက်

အရောင်ထွန်းတောက်သော။ သွေးသို့ခြင်းခြင်း၊ နီရောင်ဝင်းသား။

အရောင်ဝင်း

ဦးဝင်း (လူအမည်)

ဝန်း

ကျယ်ဝန်း

စာသင်ကျောင်းဝင်းထဲမှာ ကစားကွင်းလည်းရှိသည်

ညောင်ပင်ဝန်းရွာ

ညောင်ဝန်းရွာ

တဝန်း (တခုလုံး၊ နိုင်ငံတဝန်းလုံး)

တိုင်းပြည်တဝန်း

နိုင်ငံတဝန်း

နေရာတဝန်း

နေဝန်း လဝန်း

ပတ်ဝန်းကျင်

ဘုန်းကြီးကျောင်းဝင်းထဲ ဖိနပ်မစီးရ

မျက်ဝန်းလဲ့ပြာပြာ

မြေပြင်တဝန်း

မိန်းမမျက်ဝန်း = အသက် ၂ဝ အရွယ်ရှိသောမိန်းမ

လဝန်းလေးနဲ့တူတယ် မေ့ကိုလားကွယ်

ဝန်းကျင်

ဝန်းကျင်တခို

ဝန်းကျင်ပတ်လည်

ဝန်းခြုံ

ဝန်းပတ် = ဝန်းလျား = ခြံရံသည်

ဝန်းယှက် ကျယ်ဝန်းသည်

ဝန်းရံ

ဝန်းရံခြုံ၍

ဝန်းလည်

ဝန်းဝိုင်း

ဝန်းသိုမြို့

အဝန်းအဝိုင်း

ဝိုင်း

ကျောင်းဝိုင်း

ကျောင်းဝိုင်း

ကျောင်းဝိုင်း ကျယ်ဝန်းသည်

ဝိုင်းကြီးချုပ်စနစ်

ဝိုင်းဝန်းသည်

ဝိုင်းဝိုင်းစက်စက်

ဝိုင်းဝိုင်းလည်

ဝိုင်းအုံ

မျက်ဝန်းလဲ့ပြာပြာ ( ဆို - ဝင်းဦး ) https://www.youtube.com/watch?v=BYdgKHb5faQ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ